Zawgyi Ver
မြွေမင်းသား ပွဲတော်ထဲ ပြန်ဝင်လာတော့ လူတွေအားလုံးက ဟိုဟိုဒီဒီပြောဆိုနေကြတယ်။
"အရှင်မင်းသား မင်းသားလေးနဲ့ နမ်ရှာရီ ရုတ်တရက်ကြီးပျောက်သွားတယ်"
ခဏအကြာမှာတော့ အဂ္ဂက အပြင်ကနေ ပြန် ရောက်လာတယ်။
"မကောင်းတာ တစ်ခုခုဖြစ်တော့မယ် ထင်တယ်"
"ဘာ သတင်းရလာလို့လဲ"
"ဦးနန္ဒနဲ့ သူ့ရဲ့တပည့်တွေ ဒီမနက် မှော်ဝင်တောင်ဘက်ကို သွားတယ်လို့ သတင်းရထားတယ် ပြီးတော့ မြွေနဂါးရုပ်ထု ကလည်း တဖြည်းဖြည်းကွာကျနေတာ အတော်လေး ရုပ်လုံးပေါ်နေပြီဆိုလို့ ကျွန်တော်သွားကြည့်ခဲ့တယ်
ဒါပေမယ့် ပုလဲသာ မရှိရင်တော့ အသက်မဝင်နိုင်လို့
သူတို့က ဘာဆက်လုပ်မလဲ မသိနိုင်ဘူး""ပုလဲ"
မြွေမင်းသားက အခုမှ သတိရလာကာ ချမ်းမြေ့သော်ရှိတဲ့ အခန်းထဲကို ပြန်ဝင်လာတယ်။
သူ ဝင်လာတာနဲ့ ကုတင်ပေါ်ကနေ မတ်တပ်ထရပ်လိုက်တဲ့ ချမ်းမြေ့သော်ရဲ့ ပုခုံးကို ကိုင်လှုပ်ရင်း"ပုလဲရော"
ချမ်းမြေ့သော်က မျက်လုံးတွေနီကာ အလျင်စလိုဖြစ်နေတဲ့ မြွေမင်းသားကို ကြည့်ပြီး ကြောင်စီစီနဲ့ရပ်ကာ ရေငုံနှုတ်ပိတ်နေတယ်။
"ပုလဲ ဘယ်မှာလဲလို့ ငါမေးနေတယ်လေ"
မြွေမင်းသားက မေးရင်းဒေါသနဲ့ ချမ်းမြေ့သော်ကို ကုတင်ပေါ်ကို ဆောင့်တွန်းချလိုက်တယ်။ အင်္ကျီကော်လာကို တင်းတင်းဆွဲစေ့ကာ မျက်လုံးကို စေ့စေ့ကြည့်လိုက်တော့ ချမ်းမြေ့သော်က မျက်ရည်
ဝဲတတ်လာတဲ့ မျက်လုံးရေးရေးလေးနဲ့ သူ့ကို ကြည့်နေတယ်။"အစကတည်းက ငါ မင်းကို မယုံသင့်ခဲ့ဘူး
ဘယ်လိုပဲဖြစ်ဖြစ် မင်းက ဦးနန္ဒရဲ့ လူပဲလေ
မင်းကို ဒီလိုလုပ်လိမ့်မယ်လို့တော့ မတွေးထားမိဘူး
အနည်းဆုံး သားသားမျက်နှာလေးတော့ ထောက်မယ်ထင်ထားခဲ့တာ
အခု မင်းလုပ်ရက်ကြောင့် အကျိုးဆက်က ဘာဖြစ်လာမလဲဆိုတာ မတွေးရဲစရာဘဲ
ငါ့သားသာ တစ်ခုခုဖြစ်ခဲ့ရင် မင်းကို ခွင့်လွတ်ဖို့တော့ မျှော်လင့်မနေနဲ့ ငါ မင်းကို လုံးဝ အလွှတ်ပေးမှာ မဟုတ်ဘူး"
STAI LEGGENDO
Revenge Of The Snake Prince
Mistero / Thrillerအဟိကုလမြွေမျိုးနွယ်ရဲ့မင်းသား ပဋိရာဇာဝိဇယဟာ ခမည်းတော် နောင်တော်နဲ့ မျိုးနွယ်အတွက် ရန်သူကိုလက်စားချေဖို့လူသားကမ္ဘာကိုသွားခဲ့တယ် နောင်တော်ရဲ့ အသက်ကိုယူပြီးအသက်ရှင်နေတဲ့သူက ချစ်ရတဲ့သူဖြစ်နေတဲ့အခါမှာတော့ မြွေအရမ်းကြောက်တဲ့ သူတစ်ယောက် ကိုယ်ချစ်ရတဲ့...