ရှန်ဟိုင်း ၁

1.7K 212 5
                                    

Zawgyi Ver

တရုတ်ပြည်ရဲ့ ခမ်းနားလွန်းတဲ့မြို့​တော်လို့ လူ​တွေတင်စားကြတဲ့ ရှန်ဟိုင်းရဲ့ လမ်းမကြီး​တွေ​ဘေးမှာ​တော့ မေပယ်လ်ပင်တန်းတွေနဲ့ လှပလွန်းနေတယ်။ တရုတ်ပြည်ရဲ့ နိုင်ငံတကာက စီးပွားရေး​တွေ လာရောက်လုပ်ကိုင်တဲ့ အချက်အခြာကျတဲ့ မြို့ဖြစ်တာနဲ့ အညီ ကြီးမားလှတဲ့အ​ဆောက်အအုံ မိုးမျှော်စင်တွေနဲ့ ပြည့်နေသည်။ အခုကျွန်တော်ရောက်နေတဲ့ ရှန်ဟိုင်းရဲ့ ဟွန်ပူမြစ်ကမ်းတစ်​လျှောက် နိုင်ငံ​ပေါင်းစုံရပ်ကွက်ရှိ အထပ်၂၀ ကျော်အ​ဆောက်အဦး​တွေကြားမှာ မျှော်ငေးမဆုံး ။

ဒါက ကျွန်တော့်ရဲ့ ပထမဆုံးနိုင်ငံခြား ခရီးစဉ်ဖြစ်ခဲ့တယ်။ ဟိုတယ်ကိုရောက်ရောက်ချင်းပဲ ဦးက​တော့ အလုပ်ကိစ္စနဲ့ အပြင်ထွက်သွားရတယ်။ ကျွန်တော်က​တော့ ဟိုတယ်မှာပဲ​နေခဲ့ရတယ်။ ဒီလိုနဲ့ ရှန်ဟိုင်းကိုရောက်ပြီး နှစ်ရက်လုံးလုံး ဘယ်မှမ​ရောက်ဘဲ ဘယ်မှမသွားရဘဲ ဟိုတယ်နဲ့ပဲ ညားနေရတယ်။

၃ရက်မြောက်တော့မှ လူတစ်ယောက်က ကျွန်တော့်ကို လာခေါ်တယ်။ ပြီးတော့ခြံဝန်းကျယ်ကြီး တစ်ခုထဲကို​ခေါ်သွားတယ်။
အိမ်ထဲရောက်တော့ ဦးက လူတစ်ချို့နဲ့ စကားပြောနေတယ်။
ဘေးနားမှာက အင်္ကျီအနီ အတိုအပြတ်နဲ့ ဆွဲဆောင်မှုရှိပြီး ချောမောလှပတဲ့မိန်းမတစ်​ယောက်က ဦးရဲ့ ပခုံးကို ကိုင်ထားတယ်။

" ရောက်လာပြီလား သူ့ကိုအခန်းထဲ ခေါ်သွားလိုက်"

ကျွန်တော် အခန်းထဲက​နေပဲ အပြင်ပတ်ဝန်းကျင်ကို စူစမ်းရင်း ပြတင်းပေါက်နားကပဲ
စောင့်နေလိုက်တယ်။ ခဏနေတော့ ဦးက ဝင်လာပြီး

" ဖိုးချမ်းလေး ပျင်းနေပြီလား ဒီကိုလာကတည်းက ဦးက မအားနေတာနဲ့ ဘယ်မှလိုက်မပို့ဖြစ်ဘူး Sorry ကွာ "

အမှန်ကို​ပြောရရင် ချမ်းမြေ့သော်စိတ်ထဲ မကြည်ပေမယ့်
အတွန့်မတတ်တော့ပါ။ ဘယ်မှမသွားရလည်း သိပ်တော့ ကိစ္စမရှိပါဘူး။

" ဒါက ဦးရဲ့အိမ်လေ ဖိုးချမ်း​လေး စိတ်ချမ်းသာသလိုနေ နောက်ရက်ကျရင် ဦးမအားလည်း တစ်ယောက်ယောက်ကို အပြင်လိုက်ပို့ခိုင်းပေးမယ် "

Revenge Of The Snake PrinceDonde viven las historias. Descúbrelo ahora