ရှန်ဟိုင်း ၂

1.5K 214 1
                                    

Zawgyi Ver

လူတွေအားလုံးရဲ့ စိတ်ဝင်စားမှုကို ရရှိထားတဲ့ စင်မြင့်ထက်က မြွေပြပွဲက ဇာတ်ရှိန်အမြင့်ဆုံးအပိုင်းဖြစ်တဲ့ အခုတလော​ခေတ်စား​နေတဲ့ မြွေလူသားပြကွက်ပဲဖြစ်တယ်။ ဦးနန္ဒက မြွေတွေကို ဆင့်ခေါ်ပြီးနောက် ခါတိုင်းလိုပဲ ပထမဆုံး ထွက်​ပေါ်လာတဲ့​မြွေကြီးက သူ့ကိုတဖြည်းဖြည်းချင်းရစ်ပတ်လိုက်တယ်။သူ့ကိုရစ်ပတ်နေကြ မြွေဟာ အခုချိန်မှာ​တော့
ချောမောလှပတဲ့ မိန်းမပျို​လေးအဖြစ် ပြောင်းလဲသွားတယ်။ ပရိတ်သတ်တွေဟာ တအံ့တသြနဲ့ လက်ခုပ်သြဘာသံတွေ ပေးကြတယ်။

ပြပွဲခန်းမရဲ့ အလယ်မှာ​တော့ လူချမ်းသာ သူဋ္ဌေးတွေက နောက်ထပ်လာမယ့် မြွေနပန်းသတ်ပွဲအတွက် လောင်းကြေးထပ်နေကြတယ်။ ထိုပြပွဲထဲသို့ တဖြည်းဖြည်းချင်း လမ်းလျှောက်ပြီးဝင်လာတဲ့ အရှိန်အဝါတလှပ်လှပ်နဲ့ခပ်ချောချောလူငယ်တစ်ယောက်ကိုတော့ မငမ်းဘဲနေဖို့ရာအတွက်တော့ မည်သူကမှ မစွမ်းသာ။
အတော်ကြာ​တော့မှ လူတွေက ကိုယ့်အာရုံနဲ့ကိုယ် ပြန်ဝင်စားကြသည်။

" အရှင်မင်းသား ဒါကတော့ မြွေနပန်းသတ်ပွဲအတွက် လောင်းကြေးထပ်ရမှာပါ "

မြွေမင်းသားက ထိုင်ခုံမှာ ​ခြေချိတ်ကာ ဟန်အပြည့်နဲ့ ဝင်ထိုင်ပြီး ပြပွဲတစ်ခုလုံးမှာ ကြေးအများဆုံးအနေနဲ့ လောင်းကြေးထပ်လိုက်​တော့ လူတွေရဲ့အာရုံအလုံးစုံက သူ့ဆီမှာပင်။ လူတချို့ကလည်း မဝံ့မရဲ သူလောင်းကြေးထပ်ထားတဲ့ နံပါတ်ကို လောင်းကြသည်။
မင်းအဂ္ဂနိုင်က မြွေမင်းသားရဲ့ ဘေးနားကပ်ကာ တိုးတိုးလေး​ပြော​လိုက်တယ်။

" ​မြွေအလမ္မာယ်ပြတာက ဟန်ပြ စီးပွားရေးသက်သက်ပဲ ဦးနန္ဒရဲ့ တကယ့်လုပ်ငန်းက အခုလိုတရားမဝင် လောင်းကစားလုပ်တာနဲ့ မြွေရေခွံတွေ မြွေသားတွေကို နိုင်ငံတကာကို မှောင်ခိုတင်သွင်းတာပဲ သူ့မှာ မြွေရေခွံကိုပဲ သီးသန့်အသုံးပြုတဲ့ Brand တစ်ခုတောင် သူက ပိုင်ဆိုင်ထားတာ "

မြွေမင်းသားစိတ်ထဲ ဦးနန္ဒအ​ပေါ် အလွန်ကို စက်ဆုပ်ရွံရှာမိလေသည်။ တကယ်ဆို ဦးနန္ဒတို့မျိုးရိုးက မြွေအလမ္မာယ်မျိုးရိုးဖြစ်ပြီး ခေတ်အဆက်ဆက် မြွေတွေနဲ့အတူ လုပ်ကိုင်စားသောက်လာတာဖြစ်ပြီး မြွေ​တွေကပဲ သူတို့ကိုရှာ​ကျွေးလာတာဖြစ်သည်။ ဒီလိုထမင်းရှင်ကို​တောင် ကျေးစွတ်တတ်တဲ့ လူမျိုးတွေရဲ့​လောဘက အင်မတန်မှကြောက်စရာကောင်းလှသည်။

Revenge Of The Snake PrinceOù les histoires vivent. Découvrez maintenant