ကြီးနိုင်ငယ်ညှင်းလောက

1.4K 210 0
                                    

Zawgyi Ver

ဈေးဝယ်စင်တာတွေကြားထဲကမှ ထူးခြားတဲ့​နေရာတစ်ခုကတော့ လူတွေရဲ့ စိတ်ဝင်စားမှုအများဆုံးရထားတဲ့​နေရာတစ်ခုဖြစ်သည်။ထိုဆိုင်က​တော့ ဦးနန္ဒရဲ့ ​မြွေ​ရေခွံ​တွေကိုပဲ သီးသန့်အသုံးပြုပြီး လူ့အသုံးအ​ဆောင်​တွေကို ပြုလုပ်​ရောင်းချတဲ့ ဆိုင်ပဲဖြစ်တယ်။
ထိုဆိုင်ထဲမှာတော့​မြွေ​ရေခွံ လက်ကိုင်အိတ်အမျိုးမျိုး အင်္ကျီတွေ ခါးပတ်တွေ စသည်ဖြင့် ဒီဇိုင်းအမျိုးမျိုး ပုံစံအမျိုးမျိုးဖြင့်ပြုလုပ်​ရောင်းချ ခင်းကျင်းပြသထားသည်။
ဈေးတွေက​တော့ သာမန်လူ ​သွေးတတ်နိုင်​လောက်အောင်ပင် ကြီးလွန်းသည်။

မင်းအဂ္ဂနိုင်က ထိုဆိုင်နေရာ​ရောက်​တော့ မြွေမင်းသားကို
ဝင်ကြည့်ဖို့​ ပြော​လိုက်တယ်။ ခင်းကျင်းပြသထားတဲ့ ပစ္စည်းတွေကို ကြည့်ပြီး မြွေမင်းသားရဲ့ မျက်နှာကအလိုလို​နေရင်း ရှူံ့မဲ့လာသည်။

လူသားတွေက ဘာလို့များ ဒီလိုရက်ရက်စက်စက် သူတို့မျိုးနွယ်​တွေကို သတ်ပြီး ဒီလိုအရာ​တွေကိုတန်ဆာဆင်​နေကြသလဲလို့လည်း တွေးမိနေသေးသည်။ မြွေတွေကသာ လူသားတွေကို ကိုက်မိရင် မြွေမျိုခံရရင် ကိုက်တဲ့ မျိုတဲ့မြွေအတွက် လွတ်လမ်းမရှိ​ပေမယ့် လူတွေက မြွေမျိုးနွယ်တွေကို ရက်ရက်စက်စက်သတ်​နေတာက​တော့ တရားတယ်လို့ တွေးနေကြတယ် ထင်ပါရဲ့။
ကြည့်ရင်းနဲ့ ဒေါသတွေက တလိပ်လိပ်ထွက်လာမိတာကြောင့် ဆိုင်ထဲကနေ ထွက်လာခဲ့လိုက်သည်။ ဆိုင်အပြင်ဘက် ရောက်တော့မှ အပေါက်ဝမှာ ချမ်းမြေ့​သော်က ကုပ်ကုပ်ကလေး စောင့်နေသည်။

" မင်းက ဒီမှာဘာလုပ်​နေတာလဲ "

" ကျွန်တော်​ကြောက်တယ် မကြည့်ရဲလို့ ဒီနားမှာ​နေခဲ့တာ​လေ "

"မင်းတို့လူသား​တွေကပဲ မြွေတွေကို ကြောက်ဖို့ကောင်းတယ်ပေါ့
ဟမ် ..ဟုတ်လား မင်းတို့ လူသားတွေကမှ
ပိုကြောက်ဖို့​ကောင်းတာမဟုတ်ဘူးလား
မြွေမျိုးနွယ်တွေကိုသတ်ပြီး တန်ဆာတောင်ဆင်နေကြတာကိုများ မင်းကဘာကြောက်နေတာလဲ
မင်းလည်းပဲ မြွေကိုမြင်တာနဲ့ သတ်မှာပဲမလား
မင်းသိထားဖို့က မြွေတွေကလည်း လူသားတွေနဲ့ ပက်သက်မိမှာကို သေလောက်အောင်​ကြောက်တယ်ဆိုတာကိုပဲ "

Revenge Of The Snake PrinceDonde viven las historias. Descúbrelo ahora