ကမ္မသိဒ္ဓီစွမ်းအားကျင့်စဉ်

1.6K 184 0
                                    

Zawgyi Ver

မြွေမင်းသားက ​ဦးနန္ဒရဲ့တပည့်​တွေမရှိတဲ့ ​တောလမ်းဘက်က​နေ ​ရှောင်လာကာ ချမ်းမြေ့သော်ကို ပွေ့ချီရင်း တောင်အောက်ကို ဆင်းလာခဲ့တယ်။
တောလမ်းတစ်လျှောက် ဝါးရုံပင်တွေနဲ့ သစ်ပင်တွေက ညလေပြေ တဖြူးဖြူးကြောင့် ယိမ်းနွဲ့နေတယ်။
ရုတ်တရက် မြွေမင်းသားရဲ့ ခြေချင်းဝတ်ကို နွယ်ရှင်တစ်ချို့က လာရစ်ပတ်လာတယ်။
မကြာခင်မှာပဲ ​ထောင့်​ပေါင်းစုံက​နေ နွယ်ရှင်​တွေက ထွက်ပေါ်လာပြီး မြွေမင်းသားက ချက်ချင်းပဲ သိတာကြောင့် အလိုက်အသင့်လေး ခုန်ထွက်ကာ ရှောင်ဖယ်လိုက်တယ်။

ခဏအကြာမှာ​တော့ ကင်းမြွေ အကြီးစားကြီးတွေက သူ့ရဲ့ ပတ်ပတ်လည်မှာ တဖြည်းဖြည်းနဲ့ ဝိုင်းအုံလာနေတယ်ဆိုတာကို လပြည့်ညရဲ့ အကူအညီနဲ့ ရှင်းရှင်းလင်းလင်း မြင်တွေ့နေရတယ်။
မြွေမင်းသားက ချမ်းမြေ့သော်ကို ကျောပေါ်မှာ မြဲမြံနေအောင် သေချာချီလိုက်တယ်။
သူ့ရဲ့အလစ်ကို ချောင်းကာ သူ့ဆီကို ကင်း​မြွေတစ်​ကောင်က ​လေအလျင်နဲ့အတူပြေးဝင်လာ​နေတုန်းမှာပဲ ထိုမြွေရဲ့ လည်ပင်းနေရာကနေ လက်နဲ့ဆုပ်ကိုင်ကာ အားနဲ့ညှစ်ပြီး အဝေးကို ပစ်ထုတ်လိုက်တယ်။
ကင်းမြွေ​တွေရဲ့ ဦးတည်ချက်က ပုလဲရှိရာကိုပင်ဖြစ်တယ်။
မြွေမင်းသားရဲ့ မဟူရာရောင် မျက်လုံးတွေက ပယင်းကျောက်မျက်တွေသဖွယ်အရောင်ပြောင်းသွားပြီး အလင်း​ရောင်တွေဖြာထွက်လာကာ သူ့ထံဝင်ရောက်လာတဲ့
ကင်းမြွေ​တွေ တစ်ကောင်ပြီး တစ်ကောင် အလုံးလိုက်အထွေးလိုက်ကို တစ်ပြိုင်တည်းမှာပဲ သူ့ရဲ့ ကိုယ်တွင်းအမြု​တေက​နေထွက်လာတဲ့ စွမ်းအား​ကို အသုံးပြုပြီး ​ငွေပဒုမ္မာကြာပွတ်နဲ့ တစ်ချက်အဝှေ့
ခဏတွင်းချင်းမှာပဲ သူ့ရှေ့မှာ ကင်း​မြွေ​တွေ အားလုံးပုံကျသွားပြီး အ​လောင်း​တွေဟာ ပြာအဖြစ်သို့ ပြောင်းလဲသွားတယ်။

ထိုစဉ် ဝါးရုံပင်တွေကြားက လူရိပ်တစ်ခု ဖြတ်သွားတာကို မြင်လိုက်ရပြီး သစ်ကိုင်း​တွေဟာ လှုပ်ခတ်သွားတယ်။ ငွေပဒုမ္မာကြာပွတ်ကို ပစ်လွှတ်လိုက်ပြီး ရန်သူကို သူ့ရဲ့ဘက်ကို ပြန်ဆွဲလိုက်တယ်။
ထိုလူနဲ့အပြန်အလှန် တိုက်ခိုက်ကြပြီးတဲ့​နောက် မြွေမင်းသားရှိရာဘက်သို့ ထိုလူက သူ့ရဲ့ကိုယ်ကို နှစ်ပတ်သုံးပတ်လှည့်ပြီး ရုတ်တရက်ကြီး မြွေမင်းသားရဲ့ မျက်စိရှေ့ကို အ​ငွေ့တစ်ချို့မှုတ်ထုတ်လိုက်တယ်။
အဆိပ်ငွေ့ကြောင့် မျက်စိမှိတ်ထားရာက ဖွင့်ကြည့်ချိန်မှာ​တော့ ထိုလူက မရှိတော့ချေ။

Revenge Of The Snake PrinceWhere stories live. Discover now