Zawgyi Ver
ချမ်းမြေ့သော်ရဲ့ အော်သံကြောင့် အပြင်မှာရှိနေတဲ့ အစောင့်တွေက တံခါးခေါက်ပြီး အထဲဝင်ဖို့ ခွင့်တောင်းကြတယ်။
"မင်းတို့ တစ်ယောက်မှ ဝင်မလာကြနဲ့နော် တစ်ယောက်မှ ဝင်မလာကြနဲ့"
ချမ်းမြေ့သော်က ကြောက်လန့်တကြား အသည်းအသန်အော်နေရင်း အပြင်ဘက်က မိန်းကလေးတွေ ဝင်လာမည်ကိုလည်း စိုးရိမ်နေသေးသည်။
ကုတင်ဘေးက ကြမ်းပြင်ပေါ်မှာ မအောင့်နိုင်တော့လို့ သူ့ကိုယ်တွင်းကနေထွက်ကျလာတဲ့ သူ့ရှေ့မှာရှိနေတဲ့ ခပ်ပျော့ပျော့နဲ့ အရည်အိတ်လိုအရာတစ်ခုကို သူမကြည့်ရဲ ကြည့်ရဲနဲ့ လှမ်းကြည့်လိုက်တယ်။ခဏနေတော့ အခန်းတံခါးကို အပြင်ကနေဖွင့်သံ ကြားတာကြောင့် အနီးနားက စောင်ပါးပါးကိုလှမ်းယူပြီး သူ့ခန္ဓာကိုယ် အောက်ပိုင်းကို ဖုံးအုပ်လိုက်တယ်။
တံခါးက ပွင့်လာပြီးတော့ မြွေမင်းသားက ကသောကမျောနဲ့ ပြေးဝင်လာတယ်။
ကြမ်းပြင်ပေါ်မှာ ပုံလဲနေပြီး ချွေးသံတရွှဲရွှဲနဲ့ ပင်ပန်းနေပုံရတဲ့ချမ်းမြေ့သော်ကို ကြည့်ပြီး စိတ်မကောင်းလည်းဖြစ် စိုးလည်း စိုးရိမ်သွားတယ်။
ချမ်းမြေ့သော်က တစ်နေရာရာကို မကြည့်ဘဲနဲ့ လက်ညိုးထိုးပြကာ"အဲ့မှာ ဘာကြီးထွက်ကျလာတာလဲ မသိဘူး ကြောက်စရာကြီး"
မြွေမင်းသားက သူညွန်ပြရာ နေရာကို ကြည့်လိုက်တော့ အပြင်ထွက်ကျလာခါစတုန်းကတော့ ခပ်ပျော့ပျော့ဖြစ်နေပြီး လေနဲ့ထိတွေ့တော့ တဖြည်းဖြည်းနဲ့အနည်းငယ်မာလာပြီး လက်တစ်ဝါးစာ အရွယ်အစားလောက်ရှိတဲ့ ဥ သဏ္ဌာန်ပြောင်းလဲလာလေသည်။
မြွေမင်းသားက ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ထွက်ပေါ်လာတဲ့ မိဘမေတ္တာအပြည့်နဲ့ ဝမ်းသာလုံးစို့နေတဲ့ အပြုံးမျိုးက အလိုလိုဖြစ်ပေါ်လာပြီး ဥ လေးကို အသာအယာ မ ယူကာ ပျော်ရွှင်စွာနဲ့ ချမ်းမြေ့သော်ဆီကို ယူသွားဖို့လုပ်လိုက်တယ်။"ဒီမှာ ကြည့်ပါဦး သော်သော်ရဲ့ ကိုယ်တို့ရဲ့ကလေးလေး... "
"ယူမလာနဲ့"
ခုနကအပြုံးတွေက ချက်ချင်းပဲ ပျောက်ကွယ်သွားပြီး မြွေမင်းသားမျက်နှာက အေးစက်စက်ဖြစ်သွားတယ်။
YOU ARE READING
Revenge Of The Snake Prince
Mystery / Thrillerအဟိကုလမြွေမျိုးနွယ်ရဲ့မင်းသား ပဋိရာဇာဝိဇယဟာ ခမည်းတော် နောင်တော်နဲ့ မျိုးနွယ်အတွက် ရန်သူကိုလက်စားချေဖို့လူသားကမ္ဘာကိုသွားခဲ့တယ် နောင်တော်ရဲ့ အသက်ကိုယူပြီးအသက်ရှင်နေတဲ့သူက ချစ်ရတဲ့သူဖြစ်နေတဲ့အခါမှာတော့ မြွေအရမ်းကြောက်တဲ့ သူတစ်ယောက် ကိုယ်ချစ်ရတဲ့...