သားသား...ဖေဖေ့ဆီ သွားချင်တယ်

2.6K 205 11
                                    

Zawgyi Ver

သားသားက အရင်လိုသူ့ကို မစိမ်းတော့ဘဲ သူ့ကိုမြင်တာနဲ့ မြူး​​ပျော်နေတာပဲ။ သူကလည်း သားသား လာမယ့်အချိန်ကို အမြဲ​မျှော်​နေတတ်ပြီး ကျန်တဲ့အချိန်​တွေဆို ပျင်း​နေ​တော့တယ်။

ဟော...အချိန်မှန်စွာပဲ သားသားက သူ့ရဲ့ အခန်းတံခါးကို သူ့လက်​သေး​သေး​လေး​တွေနဲ့ တဘန်းဘန်းထု​နေပြီ။
တံခါးဖွင့်လိုက်တာနဲ့ သူ့ကို ချီဖို့အတွက် လက်က မြှောက်ပြီးသား။
ကလေးကို​ပွေ့​ခေါ်လာပြီး ကုတင်​ပေါ်မှာ ချိုချိုတိုက်ရင်း သားသားကို ကလိထိုးပြီး စတော့ နို့စို့ရင်း တခစ်ခစ်ရယ်ကာ သူ့ခြေထောက်လေးနဲ့ လှမ်းလှမ်းကန်တယ်။ နို့တိုက်တာကို ရပ်ထားပြီး သားအဖနှစ်ယောက် ဆော့ကာ ကျီစယ်နေကြတာ တခစ်ခစ်ရယ်သံ​တွေက အခန်းတစ်ခန်းလုံးကို လွှမ်းခြုံနေတယ်။ သူ့ရဲ့ ဗိုက်က​လေးကို ပါးစပ်နဲ့တဘူဘူ မှုတ်​တော့ ပေါက်ကာစ သွားစွယ်​လေးနှစ်​ချောင်း​ပေါ်​အောင်ရယ်ပြီး သူ့ရဲ့ ဗိုက်ကလေးကို လက်လေးနဲ့ လှမ်းလှမ်းကာတယ်။

"ခစ်ခစ်..လုပ်နဲ့"

သားသားက အခုဆို မပီတောအ စကားလေးတွေ တီတီတာတာ စပြောနေပြီ။

"သားသား ဒီမှာ ခဏနေခဲ့နော် ဖေဖေ အ​ပေါ့သွားလိုက်ဦးမယ်"

ရယ်ရပါများလို့ ရှူးပေါက်ချင်လာတာကြောင့် သားသားကို ခဏထားပြီး သန့်စင်ခန်းသွားလိုက်တယ်။
သားသားက သူ့ကိုပါခေါ်ဖို့ လက်လေးတွေမြှောက်ပြီး တဘူးဘူးလုပ်ပြတယ်။

"ခဏပဲ​လေ​နော် ဖေဖေက ပြန်လာမှာ"

အဲ့လိုပြန်​တော့ သူက နားလည်သယောင် လူကြီးလေးလို ခေါင်း​လေးတဆတ်ဆတ်ငြိမ့်ပြတယ်။
သူ့ဖေဖေထွက်သွားတာနဲ့ စောင်​လေးထဲကို ဝင်ပြီး ခေါင်းမြီးခြုံကြည့်လိုက် ပြန်ချလိုက်နဲ့ ဆော့နေတော့တယ်။

ချမ်းမြေ့သော် သန့်စင်ခန်းက​နေ ပြန်လာတော့ ကုတင်ပေါ်မှာ သားသားက မရှိတော့တာကြောင့် အော်ခေါ်နေမိတယ်။

"သားသားရေ သားသား"

ဘယ်ထွက်သွားပြန်ပါလိမ့်။

ကုတင်နားရောက်တော့မှ ​စောင်​အောက်က​နေ ခေါင်းလေးတထောင်ထောင် လုပ်နေတဲ့ မြွေပေါက်စလေးကို မြင်လိုက်ရတော့ ချမ်းမြေ့သော်လန့်ပြီး ဖင်ထိုင်လျက်သား ကျကာ အကြောက်လွန်ပြီး နေရာမှ မထနိုင်ဘဲ မအော်မိအောင် မျက်နှာကို လက်နဲ့ အုပ်ထားမိတယ်။
မြွေပေါက်စလေးက​တော့ သူ့​ဖေ​ဖေက သူ့ကို​​ပွေ့ခေါ်ဖို့​ခေါင်း​လေးတ​ထောင်​ထောင် လုပ်ပြနေတယ်။ သူ့ကို မခေါ်တော့ ချမ်းမြေ့သော်ဆီ သွားဖို့​ရှေ့နား နည်းနည်းတိုးလာတယ်။

Revenge Of The Snake PrinceDonde viven las historias. Descúbrelo ahora