နန်းသွေးရတနာလေး ရှိနေပြီ

1.8K 193 3
                                    

Zawgyi Ver

ချမ်းမြေ့​သော် မြေအောက်ခန်းထဲက​နေ မြွေမင်းသားကို လှည့်တောင်မကြည့်တော့ဘဲ ပြေးထွက်လာမိသည်။
အိပ်မက်ဆိုးမက်​နေသူလို သူ့ကိုယ်သူ မယုံနိုင်အောင်ဖြစ်​နေမိသည်။
သူချစ်ရတဲ့ သူက သူအရမ်းကြောက်ရတဲ့ မြွေတစ်ကောင် ဖြစ်​နေတယ်တဲ့။

ဟုတ်တယ် သူမြွေအရမ်းကြောက်လွန်းလို့ အစွဲအလမ်းကြီးပြီး အိပ်မက် မက်နေတာ ဖြစ်မှာပါလို့သာ သူ့ကိုယ်သူ နှစ်သိမ့်နေမိသည်။

အပြင်ရောက်တော့မှ မြွေမင်းသားက လမ်းတောင်​ကောင်း​ကောင်းမ​လျှောက်နိုင်​တော့​လောက်​အောင် ဒဏ်ရာ​တွေရ​နေတာကို သတိရမိသည်။

သူအရမ်းကြောက်နေပေမယ့် ပြန်လှည့်​ခေါ်ရမလား မခေါ်ရဘူးလား တွေဝေနေမိသည်။
အိပ်မက်ဆိုရင်​တောင် သူ့ကို ပစ်ထားခဲ့ဖို့ မဖြစ်နိုင်ဘူး။
သူ့ကိုယ်သူ အားတင်းပြီးတဲ့ အဆုံးမှာ​တော့ ပြန်လှည့်ခေါ်ဖို့ ဆုံးဖြတ်လိုက်တယ်။

နောက်ပြန်လှည့်လိုက်တဲ့ အချိန်မှာပဲ ဝတီ့ ကိုတွေ့လိုက်ရတယ်။ ဝတီကို တွေ့တွေ့ချင်းမှာပဲ သူ့ရဲ့ မျက်လုံးတွေကို စိုက်ကြည့်ကာ ညို့ခြင်းကို ခံလိုက်ရတယ်။

ချမ်းမြေ့​​သော်က အသိစိတ်မဲ့နေသူ တစ်ယောက်လို ဝတီ ရဲ့ ခိုင်းစေချက် အမိန့်ကို နာခံဖို့ အသင့်စောင့်နေသည်။

" အတုလ ဃောရဝိသနပုလဲ ရှိမဲ့နေရာကိုသွားပြီး ပုလဲကို ငါ့ဆီကို ယူလာခဲ့ "

ချမ်းမြေ့​သော်က အပေါ်ထပ်ရှိ ဦးနန္ဒရဲ့ အခန်းကိုတက်သွား​လေသည်။ ပြီးတော့ အတုလဃောရဝိသန ပုလဲကို နေရာအနှံ့ရှာ​ဖွေ​နေသည်။

ထိုအချိန်မှာပဲ အနောက်ကနေ လူတစ်ယောက်က အခန်းထဲကို ဝင်လာတယ်။ ချမ်းမြေ​သော့်က​တော့ နောက်ကို ခဏပဲ လှည့်ကြည့်ပြီး ရှာဖွေစရာရှိတာကို ဆက်ပြီး ရှာဖွေနေတယ်။
.
.
.

မြွေမင်းသားက ဂုဏ္ဍိကစံအိမ်ထဲကို ဒုတိယအကြိမ်မြောက် ပြန်ဝင်လာရသည်။
အိမ်ထဲကို အတော်ရောက်တော့မှ ဝတီ့ကို တွေ့လေသည်။

" မင်းဘာလုပ်နေတာလဲ ချမ်းမြေ့​သော်​ရော ဘယ်မှာလဲ "

ဝတီက မျက်စိမျက်နှာပျက်ကာ ဘာမှမ​ပြောဘဲ ဒီအတိုင်းပဲ ငြိမ်နေတော့ မြွေမင်းသားလည်း စိတ်မရှည်​တော့ဘဲ အသံကျယ်ကြီးနဲ့ အော်ဟစ်မေးလေသည်။

Revenge Of The Snake PrinceOù les histoires vivent. Découvrez maintenant