Zawgyi Ver
ခြံဝင်းထဲကို ဝင်လိုက်သည်နှင့် တပြိုင်နက် ဂုဏ္ဍိကစံအိမ်ကြီးရဲ့ ထည်ဝါမှုကတော့ အရင်လိုပင် ငယ်မူငယ်သွေးမပျက်တည်ရှိနေဆဲပင်။
ကြီးစိုးနေသည့် အမှောင်ထုကြီး ကင်းမဲ့သွားသည်ကတော့ အရွယ်ရောက်ပြီး ရင့်ကျက်သွားတဲ့မိန်းမပျိုတစ်ဦးကဲ့သို့ပင် စံအိမ်ရဲ့အေးချမ်းတည်ငြိမ်မှုကို ပိုမိုဆောင်ကျဉ်းပေးစေခဲ့သည်။
အရင်လို စည်ကားလှတဲ့ သယ်ယူပို့ဆောင်ရေးတွေ အစောင့်အရှောက်တွေမရှိသည်မှာလည်း စံအိမ်ကြီးရဲ့ အိမ်ကြီးရှင် လစ်လပ်သွားခဲ့ရခြင်းကြောင့်ပင် ဖြစ်သည်။ချမ်းမြေ့သော် စံအိမ်ထဲကို ဝင်လာတာနဲ့ အရင်လိုပင် ဟင်းရနံ့တို့က ဆီးကြိုလို့ မွှေးထုံသင်းပျံ့နေခဲ့သည်။
အရင်လိုပါပဲ ဒီအိမ်ကိုရောက်ရင် သူ့အကျင့်အတိုင်း အရင်ဆုံး မီးဖိုချောင်ကို ဝင်လိုက်ရမှ..."ဖိုးချမ်းလေး ရောက်လာပြီလား
နေယျာလေးရော မပါဘူးလား""မခေါ်ခဲ့တော့ပါဘူး ကြီးကြီးရယ်
နေယျာက အရင်ကနဲ့ မတူဘူး အရမ်းဆော့တယ်""ဆော့တော့လည်း ဘာဖြစ်လဲကွယ် ခေါ်ခဲ့ရောပေါ့ ကြီးမေက နေယျာလေးကို တွေ့ချင်နေတာ"
"နောက်တစ်ခေါက်လာရင် သေချာပေါက်ခေါ်ခဲ့ပါ့မယ်"
ထိုစဉ် မီးဖိုဆောင် အခန်းထဲကို လူတစ်ယောက် ဝင်လာပြီး
"သခင်လေး ကျွန်တော်နဲ့ လိုက်ခဲ့ပါ ခင်ဗျ"
ချမ်းမြေ့သော် ကြီးအေးညိုကို နှုတ်ဆက်လို့ မီးဖိုချောင်ကနေ ထွက်လာခဲ့ပြီး ထိုလူခေါ်ဆောင်ရာ မြေအောက်ခန်းသို့ လိုက်ပါလာခဲ့သည်။
ဤမြေအောက်ကြီးထဲကို သူရောက်ခဲ့တာ ဒါရောဆို တတိယအကြိမ်မြောက်ပင်။
တစ်ချိန်က ဒီမြေအောက်ခန်းကြီးထဲမှာ အိမ်ကြီးအရှင်သခင်ဟာ များစွာသော မြွေတွေကို အကျဉ်းထောင်တွေထဲမှာ ချုပ်နှောင်ထားခဲ့ဖူးသည်။
ယခု သူ့ရဲ့အရှေ့မှာမြင်နေရသည်က အခြေအနေတွေ ခြားနားစွာ သံတိုင်တွေရဲ့အနောက်ဖက်မှာ ချုပ်နှောင်ခံထားရသူဟာ ဒီအကျဉ်းထောင်တွေကို တည်ဆောက်ခဲ့သည့် သူကိုယ်တိုင်ပင် ဖြစ်နေခဲ့သည်။
YOU ARE READING
Revenge Of The Snake Prince
Mystery / Thrillerအဟိကုလမြွေမျိုးနွယ်ရဲ့မင်းသား ပဋိရာဇာဝိဇယဟာ ခမည်းတော် နောင်တော်နဲ့ မျိုးနွယ်အတွက် ရန်သူကိုလက်စားချေဖို့လူသားကမ္ဘာကိုသွားခဲ့တယ် နောင်တော်ရဲ့ အသက်ကိုယူပြီးအသက်ရှင်နေတဲ့သူက ချစ်ရတဲ့သူဖြစ်နေတဲ့အခါမှာတော့ မြွေအရမ်းကြောက်တဲ့ သူတစ်ယောက် ကိုယ်ချစ်ရတဲ့...