Zawgyi Ver
Rose တစ်ယောက် အိမ်အပေါ်ထပ်ကနေ ကြီးအေးညိုရှိတဲ့ မီးဖိုချောင်ထဲကိုဝင်လာခဲ့သည်။
" ကြီးအေးညို "
" ပြောပါရှင့် သခင်မလေး "
ကြီးအေးညိုက သူမကို သဘောမတွေ့လှသော်လည်း သခင်ကြီးနဲ့ ပက်သက်နေသူမို့ သူမ လာရင်ကို ပြာပြာသလဲ ဆက်ဆံပေးနေရသည်။
" ချမ်းမြေ့သော်ဆိုတဲ့ တစ်ယောက် ဒီနေ့ အိမ်ကိုလာရဲ့လား"
ကြီးအေးညိုက သူမကို ဖြေဖို့ရာ ကြောင်အမ်းနေတုန်း
" ဘာကြည့်နေတာလဲ မေးတာ မဖြေဘူး"
" လာတယ်လို့ ဖြေမလို့ပါ သခင်မလေးရဲ့ "
Rose က အခြေအနေကို စောင့်ကြည့်ပြီးနောက် အစီအစဉ်အတိုင်း ချမ်းမြေ့သော်ရဲ့ အိမ်ကို တပည့်နှစ်ယောက်လောက်နဲ့ ခိုးဝင်တယ်။
ချမ်းမြေ့သော်ရဲ့အိမ်မှာ ဘယ်သူမှမရှိတုန်း ရေချိုးခန်း
အိပ်ယာကစ အင်းအစီအရင်တွေကို မသိသာအောင်ချတယ်။
Rose က ချမ်းမြေ့သော်ရဲ့ ရေခဲသေတ္တာထဲက အအေးဘူးတစ်ချို့ကို ကိုင်ရင်းကြည့်နေမိသည်။
သူမက တစ်ခုခုကို တွေးမိပြီး ခပ်မဲ့မဲ့ပြုံးလိုက်သည်။
.
.
.ချမ်းမြေသော့်က ဦးနန္ဒဆီကနေ အိမ်ကိုပြန်ရောက်တော့ မြွေမင်းသားက မရှိပေ။
" ဟိုလူကတော့ ဘယ်သွားနေပြန်တာလဲ မသိဘူး "
ချမ်းမြေသော့်က မြွေမင်းသားရှုပ်ပွထားတာ တွေကို ရှင်းကာ ရေချိုးပြီး ညနေစာ စားဖို့ပြင်နေလေသည်။
မြွေမင်းသားအပြင်က ပြန်လာပြီး အိမ်ထဲကိုရောက်တော့ အိမ်ရှင်မကြီးလို ချက်ပြုတ်နေတဲ့ ချမ်းမြေ့သော်ကို အနောက်ကနေ အသာလေးဖက်လိုက်သည်။
ချမ်းမြေ့သော်က တစ်ချက်ပဲ မော့ကြည့်ပြီး နှုတ်ခမ်းကို ရှုံ့လိုက်သည်။" ထမင်းစားချိန်တော့ ပြန်လာသေးသားပဲ "
" ဒါပေါ့ ပြန်လာရမှာပေါ့ အခုတလော မင်းနဲ့အတူ ထမင်းစားရတာမှ မဟုတ်ဘူးဆိုရင် စားရတာ မကောင်းဘူး "
" ဘေးဖယ် လွှတ်ပေးစမ်းပါ ဟိုပန်းကန်ယူခဲ့ ဒီဟာထည့်ရအောင် "
YOU ARE READING
Revenge Of The Snake Prince
Mystery / Thrillerအဟိကုလမြွေမျိုးနွယ်ရဲ့မင်းသား ပဋိရာဇာဝိဇယဟာ ခမည်းတော် နောင်တော်နဲ့ မျိုးနွယ်အတွက် ရန်သူကိုလက်စားချေဖို့လူသားကမ္ဘာကိုသွားခဲ့တယ် နောင်တော်ရဲ့ အသက်ကိုယူပြီးအသက်ရှင်နေတဲ့သူက ချစ်ရတဲ့သူဖြစ်နေတဲ့အခါမှာတော့ မြွေအရမ်းကြောက်တဲ့ သူတစ်ယောက် ကိုယ်ချစ်ရတဲ့...