Zawgyi Ver
အဟိကုလမင်းသား မေ့မြောနေရာက နိုးလာတော့ လူသားတစ်ယောက်က သူ့ကို ကယ်တင်ပေးထားတယ်။ လူတွေကိုမယုံကြည်ရဲတဲ့ သူ့ရဲ့စိတ်ကြောင့် ထိုကောင်လေးအပေါ်ကိုအလိုလိုခက်ထန်မိသလို ဖြစ်သွားတယ်။
ထိုကောင်လေးကြည့်ရတာ သူ့ကို စိတ်ဆိုးသွားပုံပဲ။
ငယ်စဉ်ကတည်းက မယ်တော်ရဲ့ သွန်သင်ဆုံးမမှု တွေအရ လူသားဆိုတာနဲ့ကို အမြင်က မကြည်နိုင်တော့တာက အကျင့်ပါနေပြီ။ထိုကောင်လေး အပြင်ထွက်သွားပြီး ခဏကြာတော့ သူ့တစ်ကိုယ်လုံးညစ်ပတ်နေတာကြောင့် ရေချိုးချင်လို့ ရေချိုးခန်းထဲဝင်ပြီးရေချိုးလိုက်တယ်။
အဝတ် ဝတ်ဖို့အတွက် အခန်းထဲမှာရှိတဲ့ဗီရိုကို ဖွင့်ကြည့်တယ်။
ဒီအိမ်ပိုင်ရှင်က သပ်သပ်ရပ်ရပ်လေး နေတတ်တဲ့သူဆိုတာ အရမ်းသိသာတယ်။ အဝတ်ခေါက်လေးတွေကလည်း စီစီရီရီ ညီနေအောင်ထား ထားတယ်။
အိမ်ခန်းထဲမှာလဲ မလိုအပ်တဲ့ ဘာပစ္စည်းမှအပိုမရှိဘူး။ သင့်တော်တဲ့ အဝတ်ကို တစ်ထည်ပြီးတစ်ထည်ရှာနေလိုက်တာ နောက်ဆုံးအင်္ကျီကပဲ သူနဲ့တော်တယ်။ ရှာတွေ့တာနဲ့ အဝတ်ပုံကြီးကို ဗီရိုထဲ အတင်းထိုးသိပ်ထည့်ပြီး မဆန့်မပြဲနဲ့ ပြန်ပိတ်ထားလိုက်တယ်။" ဗိုက်ဆာလိုက်တာ ဟိုကောင်လေးက ဘယ်ချိန်ပြန်လာမှာလဲ "
ဟိုကောင်လေးပြန်အလာကို စောင့်နေရင်း ဧည့်ခန်းက TV ကိုဖွင့်ကြည့်နေလိုက်တယ်။ ပြီးတော့ သူ့လူတွေနဲ့ အဆက်အသွယ်လုပ်ဖို့ နည်းလမ်းကို စဉ်းစားနေလိုက်တယ်။ သူ့မှာဆက်သွယ်ဖို့ ဘာပစ္စည်းမှလည်းမပါသလို ဘာမှလည်းမရှိဘူးဖြစ်နေတယ်။ အခုချိန်မှာ သူ့ကိုစိတ်ပူနေမယ့် မယ်တော်နဲ့သူ့လူတွေကို သူအဆင်ပြေကြောင်းပြောချင်သည်။ ဒဏ်ရာရထားတာဆိုတော့ အပြင်ထွက်ပြီးလည်း လမ်းကြာကြာ မလျှောက်နိုင်သေးဘူး။ အိမ်ပတ်ဝန်းကျင်အနေအထားကို ခဏလောက်အကဲခတ်ကြည့်တော့ ဟိုအိမ်နဲ့ နီးမယ့်ပုံပဲလို့ သူတွေးမိတယ်။ သူအခန်းထဲ ပြန်ဝင်လာပြီး ဗိုက်ဆာလို့ထမင်းစားခန်းထဲ စားစရာတစ်ခုခုရှာကြည့်တော့ ဘာမှမရှိ။ ရေခဲသေတ္တာထဲလဲ ရေကလွဲပြီးဘာမှ မရှိ။
YOU ARE READING
Revenge Of The Snake Prince
Mystery / Thrillerအဟိကုလမြွေမျိုးနွယ်ရဲ့မင်းသား ပဋိရာဇာဝိဇယဟာ ခမည်းတော် နောင်တော်နဲ့ မျိုးနွယ်အတွက် ရန်သူကိုလက်စားချေဖို့လူသားကမ္ဘာကိုသွားခဲ့တယ် နောင်တော်ရဲ့ အသက်ကိုယူပြီးအသက်ရှင်နေတဲ့သူက ချစ်ရတဲ့သူဖြစ်နေတဲ့အခါမှာတော့ မြွေအရမ်းကြောက်တဲ့ သူတစ်ယောက် ကိုယ်ချစ်ရတဲ့...