ပန်းပင်လယ်ရဲ့ နဂါးသခင်

1.6K 186 3
                                    

Zawgyi Ver

ရုတ်တရက်ကြီး နားထဲမှာကြား​နေရတဲ့ ထူဆန်းတဲ့ အသံကြောင့် ချမ်းမြေ့သော် အိပ်ရာက နိုးလာခဲ့တယ်။ အိပ်ယာက ထထိုင်လိုက်တော့ ခုနက ထူးဆန်းတဲ့ အသံက သူ့ဘေးနားကနေ လာနေတာဖြစ်ပြီး ဝဝကစ်ကစ်နဲ့ ချစ်စရာ ကလေးလေးဆီက ဖြစ်နေတယ်။ ထူးဆန်းစွာပဲ ခုနက အသံဟာ ကလေးငိုသံအဖြစ် ပြောင်းလဲသွားပြီး ကလေးလေးက သူ့ဆီကို လေးဘက်တွားပြီး လာနေတယ်။
ငေးနေရင်းမှာပဲ အနားရောက်လာတဲ့ ချစ်စရာကောင်းလွန်းတဲ့ ထိုကလေးက သူ့ကို ပွေ့ချီဖို့ သူ့ရဲ့လက်သေးသေးလေးတွေကို မြောက်ပြနေတယ်။
ချမ်းမြေ့သော်က ကလေးလေးကို ပွေ့ယူကာ ချော့ မြူဖို့ကြိုးစားလိုက်တယ်ဆိုရင်ဘဲ
ကလေးငယ်က သဘောတကျ တခိခိရယ်နေလေရဲ့။

"ခိ...ခိခိ..အက်..ခိခိ"

ရယ်နေတဲ့ ကလေးငယ်ရဲ့မျက်နှာဟာ တဖြည်းဖြည်းနဲ့ အကွက်တွေထလာပြီး ရုတ်တရက်ကြီး မြွေခေါင်းကြီးဖြစ်လာပြီး သူ့ကို လှမ်းကိုက်လိုက်တယ်။

အိပ်မက်ဆိုးကြောင့် ချမ်းမြေ့သော် အိပ်ရာကနေ ချွေးသံတရွဲရွဲနဲ့ နိုးလာတယ်။
ဘေးမှာတော့ မြွေမင်းသားက အပူပင်ကင်းစွာနဲ့ အိပ်ပျော်နေလေရဲ့။

ဒီမနက် အဖွားနဲ့ဈေးလိုက်မသွားဘဲ အိမ်မှာ ဘယ်သူမှမရှိတဲ့အချိန် သူ့ရဲ့အထုပ်အပိုးတွေယူပြီး ထွက်လာခဲ့တယ်။
သွားသာသွားနေပေမယ့် လမ်းလည်းသေချာမသိ ပိုက်ဆံလည်း မရှိ။
ဘာပဲဖြစ်ဖြစ် အဝေးဆုံးကို ထွက်သွားမည်။ ထိုလူနဲ့ ဝေးလေ ကောင်းလေ။ သူ့ဘဝမှာ ထိုလူနဲ့တွေ့ဆုံပြီးကတည်းက ဘာဆိုဘာမှ ကောင်းတာဖြစ်မလာဘူး။
အခုလည်း သူ့မှာ ကလေးရှိနေပြန်သတဲ့။ ဒါက သာမန်လူ မည်သူမဆို ဘယ်လိုမှ လက်မခံနိုင်သည့်အရာပင်။

မြွေမင်းသားရဲ့ အကြောင်းကို တွေးမိကာ ဝမ်းနည်းရပြန်သည်။
သူ့ရဲ့ဖြစ်အင်က ဆုပ်လည်းစူး စားလဲရူး ဖြစ်နေပြီး ပစ်ရမှာလဲ အဆီတဝင်းဝင်း စားရမှာလဲ သဲနဲ့တရှပ်ရှပ် ။
မြွေမင်းသားနဲ့ မတွေ့ခင်က သူ့ရဲ့ဘဝက အရမ်းကို ရိုးရှင်းလွန်းပြီး သာမန်မဟုတ်တဲ့ ပတ်ဝန်းကျင်မှာ သူကြီးပျင်းခဲ့ရတာတောင် သူ့ဘဝက သာမန်ပင်ဖြစ်သည်။
အခုတော့ အရာအားလုံးက အိပ်မက်လို့ပင် ထင်ရလောက်အောင် အဖြစ်အပျက်တွေက တစ်ခုပြီးတစ်ခုဆန်းကြယ်တာတွေကို ကြုံနေရတယ်။
ပြီးတော့ သူ့ဘဝမှာ အကြောက်ရဆုံးပါလို့ ကြွေးကြော်ခဲ့ဖူးတဲ့ မြွေဆိုတဲ့ သတ္တဝါက အခုတော့ သူအရမ်းကို ချစ်မိနေတဲ့သူ ဖြစ်နေရတာက သာမန်လူတွေ ကြုံဖူးမှာ မဟုတ်တဲ့ အူကြောင်ကြောင် ကိစ္စရပ်ပင်။

Revenge Of The Snake PrinceWo Geschichten leben. Entdecke jetzt