Zawgyi Ver
ချမ်းမြေ့သော် မေ့မြောနေရာကနေ နိုးလာတော့ ဟိုဟိုဒီဒီ
ကြည့်နေမိသည်။
ဘေးဘီ ဝဲယာမှာလည်း ဘယ်သူမှမရှိပေ။
အခန်းကလည်း သူ မရင်းနှီးသည့်နေရာဖြစ်နေသည်။
အိပ်ရာက ထကာ ဘယ်နေရာမှာ ရောက်နေမှန်းမသိတာနဲ့ အပြင်ထွက်ကာ ဟိုဟိုဒီဒီလိုက်ကြည့်နေမိသည်။ သူ ထွက်လာခဲ့တဲ့ အိမ်လေးနဲ့ မနီးမဝေးပတ်လည်မှာ အိမ်ငယ်လေးတွေ ရှိနေတယ်။
ခြံဝင်းကြီးက ကျယ်ပြန့်လွန်းလှပြီး ကာရံထားတဲ့ တံတိုင်းကြီးတွေကလည်း လူနှစ်ရပ်စာမကလောက်အောင် မြင့်လွန်းသည်။
အလယ်ဗဟိုလောက်မှာ တည်ရှိနေတဲ့ အိမ်ကြီးမှာ ကြီးမားလွန်းလှပြီး ကနုတ်ပန်းနွယ်အခက်အလက်တွေနဲ့အလှဖော်ထားကာ နန်းတော်ကြီးတမျှ ခမ်းနားလွန်းလှသည်။စိတ်ထဲ မှာတော့ သူ သေသွားလို့များ နတ်ပြည်တွေ ဘာတွေ ရောက်နေတာလား စိတ်အထင်နဲ့ သူရဲ့ပါးကို
ပြန်ဆိတ်ကာ စမ်းသပ်နေမိသည်။
အိမ်အကြီးကြီးရဲ့ အခန်းတစ်နေရာတွင် အမွေးနံ့သာ တစ်ချို့ကို တဖြည်းဖြည်းချင်း အနံ့ခံလာမိလေသည်။
အခန်းဝကနေ တိတ်တိတ်လေးချောင်းကာ ကြည့်မိတော့ အဖြူရောင်ဝတ်စုံနဲ့ လူတွေက ဈာပနလိုမျိုး ကျင်းပနေကြသည်မှာ ကြည့်ရတာ ကြက်သီးထစရာပင် ဖြစ်သည်။
ခန်းမရဲ့ အလယ်တည့်တည့်မှာတော့ အဖြူရောင်ရင်တစ်ဖက်ဖုံးခါးရှည်ကုတ်ကို အမွှေးအစင်းကြောင်းရှည်တွေပါတဲ့ ဝတ်စုံကို ဝတ်ဆင်ထားပြီး ခန့်ညားသပ်ရပ်စွာထိုင်နေတဲ့ မြွေမင်းသားကို လူအများကြားထဲကနေ ထင်ရှားစွာ မြင်နေရသည်။မြွေမင်းသားကို မြင်လိုက်ရတဲ့အခါ အဖြစ်အပျက်တွေကို အခုထိ
မယုံကြည်နိုင်အောင်ဖြစ်နေသည်။
သူက မြွေတစ်ကောင်ဖြစ်နေတယ်တဲ့လား။
ဘယ်လို ရယ်စရာကောင်းတဲ့ အိပ်မက်မျိုးလဲ။
ဘယ်လိုလုပ် မြွေတစ်ကောင်က လူဖြစ်နိုင်မှာလဲ။
ပြီးတော့ ဒီလောက်ချောမောခန့်ညားတဲ့လူက သူ့ရဲ့စိတ်ထဲ အရမ်းရွံစရာကောင်းပြီး အရမ်းကြောက်စရာကောင်းတဲ့ မြွေနဲ့ လားလားမှ မအပ်စပ်။ချမ်းမြေ့သော် မြွေမင်းသားကို ငေးနေရင်းမှ တံခါးကိုအမှီလွန်ပြီး ရှေ့သို့ငိုက်ကျလာလေသည်။
အခန်းတံခါးပေါက်ကို ကျော်ပြီး အခန်းထဲ ခြေချော်ရောက်လာတဲ့ သူ့အပေါ်ကို မျက်လုံးအားလုံးရဲ့ အကြည့်တို့ စုပုံနေကြသည်။
YOU ARE READING
Revenge Of The Snake Prince
Mystery / Thrillerအဟိကုလမြွေမျိုးနွယ်ရဲ့မင်းသား ပဋိရာဇာဝိဇယဟာ ခမည်းတော် နောင်တော်နဲ့ မျိုးနွယ်အတွက် ရန်သူကိုလက်စားချေဖို့လူသားကမ္ဘာကိုသွားခဲ့တယ် နောင်တော်ရဲ့ အသက်ကိုယူပြီးအသက်ရှင်နေတဲ့သူက ချစ်ရတဲ့သူဖြစ်နေတဲ့အခါမှာတော့ မြွေအရမ်းကြောက်တဲ့ သူတစ်ယောက် ကိုယ်ချစ်ရတဲ့...