Part 5

18.4K 2.2K 53
                                    

"အဟမ်း...အဟမ်း။"

အရုဏ့်ကိုသာ ငေးမောနေသော မျက်ဝန်းတစ်စုံမှာ ချောင်းဟန့်သံကြောင့် အတွေးပျက်သွားအံ့။ ထိုနည်းတူ နေမကောင်းဖြစ်နေသည့် ကောင်လေးမှာလည်း အရှက်ပြေလိုပြေငြား ဘေးဘီဝဲယာ ကို လိုက်ကြည့်နေသည်။

"ဟိုလူရော သတိရပြီလား။"

"ဟင်း~"

ရောင်နီလှမ်းမေးနေတုန်းသာရှိသေးသည်။
အရုဏ်၏ ဘေးတွင် လှဲနေသော ဦးဇော်က ညည်းညူသံတစ်ချက်ပြုကာ မျက်ဝန်းများ ဖြည်းဖြည်းချင်းပွင့်လာတော့သည်။

"သတိရပြီလား ဦးဇော်။"

"အင်း...ဒါဘယ်နေရာလဲ။"

ရောင်နီက အရုဏ့်ကို ထအောင်နိုင်အောင် ထူပေးပြီး ကပ္ပိယကြီးကတော့ ဦးဇော်ကို ထူပေးသည်။ နှစ်ယောက်လုံးက ပတ်ဝန်းကျင်ကို စိမ်းနေတာကြောင့် အထူးအဆန်းဖြင့် လိုက်ကြည့်နေလေရဲ့။ ဘုန်းကြီးကျောင်းအတွင်းမှ ပန်းကနုတ် လက်ရာများမှာ မြို့သားများအတွက်တော့ ထူးဆန်းကောင်းထူးဆန်းနေလိမ့်မည်။ ရှေးဟောင်းဆန်သော ပတ်ဝန်းကျင်ကြောင့် အရုဏ်မမေးပဲမနေနိုင်တော့ချေ။

"ဒါဘယ်ဒေသလဲဗျ။"

"ကိုင်းရွာပါ။"

ကပ္ပိယကြီးပါးစပ်ဟတုန်းရှိသေး ရောင်နီကဖြတ်​ပြီး ဖြေလိုက်သည်။ ရောင်နီအရင်နဲ့မတူအောင်ကို တက်ကြွလွန်းနေတာ အမှန်ပင်။
ကပ္ပိယကြီးစိတ်ထဲတွင်တော့ ညက ထန်းရည်အဝမသောက်လိုက်ရလို့ ကြောင်နေတာဟုသာ စိတ်ထဲမှတ်ထားလိုက်သည်။

"ကိုင်းရွာ...ဟုတ်လား။"

"ဒါဆို မန္တလေးအောက်ဘက်ပေါ့။"

"ဟုတ်တယ်ကွယ့်။"

ဦးဇော်က စဥ်းစားနေဟန်ပြုပြီးနောက် ခေါင်းခါကိုသာ တွင်တွင်ခါနေသည်။
အရုဏ်ကဘာပြောနေမှန်းတောင် နားမလည်တာမို့ မျက်စိသူငယ်၊နားသူငယ်ဖြင့် ငေးကြည့်နေရုံသာ။

"ကျုပ်တို့ရွာက တအားခေါင်လို့ လှေနဲ့တောင် အကြာကြီးလာရတယ်။
ခင်ဗျားတို့က လှေမှောက်ပြီး မျောလာကြတာ။"

"ဟုတ်လား။"

ခေါင်းထဲထူပူပြီးဘာမှမသိတော့တာကြောင့် မူးသွားသည့် ခေါင်းကိုလက်ဖြင့်ထိန်းကာ မျက်စိမှိတ်ထားလိုက်ရသည်။
အရုဏ့်ကို ဝတ်ပေးထားသည်က ချည်အင်္ကျီလက်ပြတ်လေးနှင့် ဖျင်ကြမ်းပုဆိုးတစ်ထည်သာဖြစ်သည်။ ချည်အင်္ကျီက ပါးလွှာတာကြောင့် ဖြူဖွေးနေသည့် ခန္ဓာကိုယ်ကို ထွင်းဖောက်မြင်နေရသည်။

ဖဲသမားလည်း အသဲနဲ့ပါ (Uni and Zawgyi)[Completed]Where stories live. Discover now