Part 24

12.2K 1.6K 197
                                    

သူကြီးအိမ်ကမသိမသာလေး လစ်ထွက်လာပြီးနောက် ထန်းတောဆီသွားကြသည်။
ကုတ်ရာ၊ဖဲ့ရာတွေကိုတော့ ကျော်မိုးဆီကဆေးတောင်းပြီး လိမ်းဖို့သာရည်ရွယ်ထားလျက်။ ဦးရေတွေ နာနေသော အရုဏ်ကတော့ ရှုံ့မဲ့နေပြီး ရောင်နီ့ခင်မျာ သနားလို့မဆုံး။ မျက်စိရှေ့မှာ အခက်အခဲဖြစ်နေရင် မနေတက်သည့် အကျင့်ကြောင့် နှစ်ယောက်လုံး ရန်ပွဲကြားထဲ ဒုတိယအကြိမ်ညပ်ရပြန်သည်။

"ဟ...ဘယ်လိုဖြစ်လာတုန်းဟ။"

"ကပ္ပိယကြီးက ထန်းလျက်တွေပေးလိုက်ပါတဲ့ ကိုကျော်မိုး။"

"အေး...အေး...ငါပေးမယ်။
မင်းတို့ထိုင်ကြဦး။"

မနက်စောစောစီးစီး ထန်းရည်နှင့်မျက်နှာသစ်ကြသူများဟာ ထန်းတောထဲဝယ် စားပွဲတစ်ဝိုင်းစီဖြင့် နေရာယူသည်။
မနက်အချိန်အခါဖြစ်တာကြောင့် ရာသီဥတုက အနည်းငယ်စိမ့်သည်။ ထန်းဦးကျရည်ဟာလည်း အေးစိမ့်၍ ချိုမြမြ။

"ဆေးထည့်ပေးမယ်။"

"ကျွန်တော်အရင်ထည့်ပေးမယ်။"

အရုဏ်နှင့်ယှဥ်လျှင် ရောင်နီက ပိုပြီးအထိများတာကြောင့် လေးထောင့်ဆန်သော ပါးရိုးတလျှောက်တွင် သွေးစအနည်းငယ်ရှိနေသည်။ အညိုဆန်သော နှုတ်ခမ်းထောင့်စွန်း၌ ကုတ်ရာသေးသေးလေ့က အရုဏ့်စိတ်ကိုညှိုးနွမ်းစေသလို။

"ရော့..ရော့ ဒီမှာဒါလေးထည့်လိုက်။"

"ဟုတ်..ကျေးဇူးပါ။"

မုန့်ညှင်းဆီနှင့် ဆေးရွက်များဖော်စပ်ထားသော တိုင်းရင်းဆေးဗူးအား ဖျာကြမ်းပေါ်တင်ပေးပြီး ဘုန်းကြီးကျောင်းအတွက် ထန်းလျက်များအား တောင်းနှင့်ထည့်ဖို့ရန် ထွက်သွားတော့သည်။ အရုဏ်နှင့်ရောင်နီကတော့ တခြားသော ထန်းရည်သမားများနဲ့အတူ ကျန်ခဲ့၏။

"ဟေ့ ငနီ။"

"ဘာတုန်းဗျ။"

"မင့်ဝါတွင်းကာလဥပုသ်စောင့်နေတာလား။"

"ဟမ်~"

ထန်းရည်သမားဆိုလိုသည်မှာ ရောင်နီ ထန်းတောကို မလာတာအတော်ကြာနေသောကြောင့်ဖြစ်နေသည်။ အရင်ကရောင်နီဟာ မနက်နိုးသည်နှင့် ထန်းတောထဲရောက်နေသည့်လူ။ ယခုတော့ တစ်စုံတစ်ယောက်ရဲ့အနားမှာပဲကပ်တွယ်နေတက်သည်။

ဖဲသမားလည်း အသဲနဲ့ပါ (Uni and Zawgyi)[Completed]Where stories live. Discover now