Part 7

17.2K 2.1K 233
                                    

"စားလို့ကောင်းရဲ့လား။"

"ကောင်းပါတယ်။"

အရုဏ်က လက်နဲ့စားတက်သူမို့ ငပိရည်တွေစမ်း၊ဟင်းအနှစ်တွေနှင့် အားရပါးရ နယ်စားနေသည်။ နီတာရဲနေသော နှာခေါင်းထိပ်ဖျား၌ ချွေးလုံးလေးများစို့နေပြီး ဘယ်ဘက်လက်ဖြင့် ခဏခဏ သပ်တင်နေသည်မှာ ရောင်နီ့အတွက် အသည်းယားစရာ။

"ဂျွပ်~ဂျွပ်~"

သန့်ရှင်းလတ်ဆတ်သော သခွားသီးများကို ကိုက်ပြီး တို့စားနေပုံမှာ ဘေးလူများပါ သွားရည်ကျရသည်။ ဦးဇော်ကတော့ မြို့သားပီပီ အခြေကြီး၏။ ထမင်းတောင်ဇွန်းနဲ့မှစားတက်သည်မို့ အရုဏ့်ကို ပေစုပ်စုပ်ဖြင့် ကြည့်နေတော့သည်။ သို့သော် ရောင်နီ့ကိုတော့ သူမကြည့်ရဲချေ။ စကားကို ခပ်တန်းတန်း​နှင့် ခပ်ပျက်ပျက်ပြောတက်သည့် အမူအကျင့်ကြောင့် ရောင်နီ့အား လန့်နေသည်။

"စားသာစား မြို့သားလေး။
ကျုပ်တို့က ကျွေးရင် စားမှကြိုက်တာ။"

"ဟုတ်..ဟုတ်။"

ဖောင်းတင်းနေသောပါးနှစ်ဖက်ကြောင့် စကားပြောတာတောင် သိပ်မပီသတော့ချေ။
အရုဏ့်ကိုလာကြည့်ကြသော ကိုင်းရွာသူလေးများမှာ ပြုံးရွှင်နေကြသည်။ တောရွာပုံစံအရ ထဘီတိုတိုဝတ်၍ သနပ်ခါးပါးကွက်ကျားလူးတက်ကြသည်။ နေ့လည်ခင်းအချိန်အခါဖြစ်နေတာကြောင့် မျက်နှာမှာသနပ်ခါးသိပ်မရှိတော့ပေ။ ဘာဓာတုပစ္စည်းမှသုံးလေ့မရှိသော ကိုင်းရွာသူတို့၏ အလှမှာ အညိုဆင်နှင့် ယဥ်တက်သည့်ပုံစံ။ ဆီလိမ်းထားခြင်းမရှိသော ဆံနွယ်တို့မှာ ဖွာကျနေတာကြောင့် အသက်နှစ်ဆလောက်ကြီးဟန်ပေါ်နေသည်။ အရုဏ်ထမင်းစားရင်း လှမ်းကြည့်မိလိုက်ရာမှ အညာသူလေးများ၏ ရိုးသားသော စေတနာကြောင့် ချွေးစက်များကြားမှ ပြုံးမိပြန်သည်။

"ခင်ဗျားစားလို့ဝရင် ဆေးသောက်ပြီးအိပ်တော့နော်။"

"ဗျာ...ဟုတ်ကဲ့။"

စားသောက်ပြီးလက်ဆေးနေချိန် နဖူးပေါ်လက်တင်၍ အုပ်မိုးလိုက်သော ခန္ဓာကိုယ်ကြောင့် အရုဏ်လန့်သွားသည်။ ထိုနည်းတူ ဦးဇော်လည်း ကြောင်ပြီး ငေးကြည့်နေသည်။
ရောင်နီ ဘာလုပ်မိလို့ လုပ်မိမှန်း ကိုယ်တောက်မသိခဲ့ချေ။ ထန်းရည်မသောက်ရလို့ သွေးလေ ခြောက်ခြားသွားတာများလား။

ဖဲသမားလည်း အသဲနဲ့ပါ (Uni and Zawgyi)[Completed]Where stories live. Discover now