"မင်းတို့သုံးကောင်မွှေလာပြန်ပြီလား။"
"ဒီတိုင်းလေး...ဖဲပဲသွား...ရိုက်တာပါ...ကပ္ပိယကြီးရယ်။"
ဘုန်းကြီးကျောင်းပေါ်ခြေပြစ်လက်ပြစ် နားနေသည့် ကျော်မိုးက အမောဆို့နေသည့်လေသံဖြင့် ကပ္ပိယကြီးကိုပြောသည်။
ရိုက်လို့ရတဲ့ ပိုက်ဆံနဲ့ ပြေးရတာနဲ့ တန်တောင်မတန်။ ဥဒယကကောင်တွေလည်း ပုဆိုးစုံတောင်ဆွဲပြေးရတာချည်း။"ဖဲသွားရိုက်တာ...ညကြီးမိုးချုပ်ပြေးရသလားဟ။"
"ဟိုကောင် မဲကြီးပေါ့။
သင်္ချိုင်းကုန်းမှာ အမဲသားတွေယူလာပြီးစားနေလို့ အနောက်ကဘာကြီးမှန်းမသိလိုက်လာတာ။"အမောဆို့နေသည့်ကျော်မိုးအစား ရောင်နီကဝင်ဖြေပေးသည်။ ဘဦးဇင်းကတော့ မျက်စုံကိုစုံမှိတ်၍ ကျောင်းရှေ့မှာ မေတ္တာပို့ပေးနေလေရဲ့။ အရုဏ်လည်း သူတို့နှစ်ယောက်ကိုရေတိုက်လိုက်၊ယပ်တောင်ခတ်လိုက်လုပ်ပေးနေရသည်။ စိတ်ဆိုးတာကနောက်၊လောလောဆယ် လူတွေဘာမှမဖြစ်တာပဲကံကောင်းတယ်ဟုဆိုရမည်။
"ဖဲရိုက်တာတော်ရုံဆိုတော်ရောပေါ့။
ဘာဖြစ်လို့ ဥာဥ့်နက်တဲ့အထိသွားရိုက်ရတာလဲ။""ဘာမှပြောမနေနဲ့ မြို့သားလေး။
မင်းတို့ကောင်တွေ သူကြီးအိမ်ပို့မယ်။""ကောင်းရောဟေး...."
ဥာဥ့်သန်းခေါင်မှာ သူကြီးအိမ်ထိပ်တုံးထဲရောက်သွားသော ကျော်မိုးနှင့်ရောင်နီ။
ပြဿနာအရင်စတဲ့ မဲကြီးဆိုတဲ့ကောင်ကတော့ သတိလစ်နေလို့ ကပ်သီးလေးလွတ်သွားခဲ့သည်။ ချွေးတဒီးဒီးကျနေသော ရောင်နီ၏ နဖူးပြင်အား အရုဏ်ကလက်ဖြင့် ညှင်သာစွာသုတ်ပေးနေ၏။ စိတ်ဆိုးပုံလည်းမပေါ်၊ မဆိုးတာလည်းမဟုတ်။ ရောင်နီ အရုဏ့်စိတ်ကိုခန့်မှန်းလို့မရခဲ့ချေ။"ကျုပ်ကိုစိတ်ဆိုးနေတယ်မလား။"
"အင်း...ဒါပေမဲ့အခုတော့မဟုတ်သေးဘူး။"
ပုရစ်ရင်ကွဲလေးများ၏ တကျီကျီအော်သံဟာ သန်းခေါင်ယံမှာပြန့်လွင့်နေ၏။
ကျော်မိုးကတော့ တိုင်လုံးကိုမှီကာ အိပ်ပျော်နေလျက်။ အရုဏ်ကအခုထိမပြန်နိုင်သေး။
ရောင်နီ့ မျက်နှာကဒဏ်ရာတချို့အားဆေးထည့်ပေးကာ ညစ်ပတ်နေသည်များကို သန့်ရှင်းရေးလုပ်ပေးနေသည်။
ESTÁS LEYENDO
ဖဲသမားလည်း အသဲနဲ့ပါ (Uni and Zawgyi)[Completed]