Part 35 [Final]

23K 1.7K 307
                                    

ရွက်သစ်တို့ဖူးပွင့်ချိန် ဆောင်းဦးကာလသို့ ရောက်ခဲ့ပါရောတကား။ 'ဥတုရာသီတောကိုမှီ' ဆိုသည့်စကားအတိုင်း တောတောင်အရိပ်ရှိသည့် နေရာများတွင်တော့ ရန်ကုန်ထပ် အအေးပိုကဲနေနိုင်ရိုးအမှန်။ အဖုအထစ်များအားလုံးရှင်းပြီးသွားသည့်တိုင် ရန်ကုန်မှာအချိန်အားဖြင့် နှစ်လကြာမြင့်ခဲ့သည်။

"အဆင်သင့်ဖြစ်ပြီလား အရုဏ်။"

"ဟုတ်..ဖြစ်ပြီ အစ်ကို။"

"ငါတော့ ဖိုးဝလေးကိုလွမ်းနေတော့မှာပဲ။"

"ကျုပ်ရွာကိုလာခဲ့လေ။
ထန်းရည်အဝတိုက်ပါ့မယ်ဗျ။"

"တကယ်လာမှနှင်မထုတ်နဲ့နော်။
ကျွန်တော်ထန်းရည်ကြိုက်တယ်။"

"ဘီယာတစ်ခွက်နဲ့ မှောက်နေတဲ့ကောင်ကများ အပိုတွေလျှောက်ပြောနေတယ်။"

အင်္ကျီအဖြူ၊ယောပုဆိုးအပြာရောင် ဆင်တူဝတ်ထားကြသော အရုဏ်နှင့်ရောင်နီ။
ဖိုးဝလေးကတော့ အနီကွက်လေးတွေပါသည့် ဝမ်းစက်ကိုဝတ်ကာ မပြန်ခင်ဆော့နေသေးသည်။ အထုပ်တွေအားလုံးပြင်ဆင်ပြီးတာကြောင့် အာကာက ကားဖြင့် ဘူတာကြီးသို့ လိုက်ပို့ကာ နှုတ်ဆက်လိုက်ကြသည်။
ဘာအနှောင်အဖွဲ့မှမပါတော့ပဲ မွေးရပ်မြေပြန်ရသလို ခံစားချက်က ဘာကြောင့်ရနေတာပါလိမ့်။

"အိမ်ပြန်ရတော့မယ် ဟေး ဟေး။"

အပျော်လွန်နေသော ဖိုးဝက ရထားခုံတွဲပေါ်မတ်တပ်ရပ်၍ ခုန်ပေါက်လို့နေသည်။
ရထားကတော့မထွက်သေး။ ရောင်နီဟာ အရုဏ့်မျက်နှာကိုသာ ငေးကြည့်နေခဲ့။
ဘယ်တော့မဆို ရောင်နီဟာ အရုဏ့်အတွက်ပဲကြည့်ခဲ့တာပါ။

"ဘာလို့ကြည့်နေရတာလဲ။"

"ချစ်မဝလို့။"

"ကျွန်တော့်ကို အစ်ကိုပဲ ထာဝရပိုင်ဆိုင်မှာပါ။"

"ထာဝရပိုင်ဆိုင်ရရင်တောင် အရုဏ့်ရဲ့ဖြူစင်နူးညံ့ခြင်းတွေကို တရက်တောင်အလွတ်မခံချင်ဘူး။"

"ပြောလဲမရပါလားနော်။"

ဤဖဲသမား အလွန်ပင်ခေါင်းမာလွန်းသည်။
ထိုခေါင်းမာလွန်းသည်ကိုက မိုက်မိုက်ကန်းကန်းလူမိုက်ကြီးနှင့်တူလှသည်။
ဒီလူမိုက်ကိုပဲချစ်မိမှတော့ သူ့ရဲ့ဖဲချပ်တွေကိုပါ ချစ်ပေးမှရတော့မည်။
ကိုင်းရွာရောက်ရင်တော့ နားရွက်ဆွဲပြီးဆူဦးမှပါ။

ဖဲသမားလည်း အသဲနဲ့ပါ (Uni and Zawgyi)[Completed]Where stories live. Discover now