Part 33

11.1K 1.3K 79
                                    

"နေပါဦးဗျ ခင်ဗျားကလဲ။"

"ဟုတ်တယ်လေ ဒီကောင့်အိမ်သိနေတာပဲဟာကို။"

စိတ်မြန်လက်မြန်သမား ရောင်နီက သိပ်စိတ်မရှည်ချင်။ အရုဏ်နှင့် အာကာကတော့ ဦးနှောက်သုံးပြီး အနိုင်ယူဖို့ကိုသာတွေးနေကြသည်။ ဦးဇော်က အကုန်လုံးကိုတောင်လိမ်ထားပြီးမှ အခုဘာမှမပါပဲသွားဖမ်းရင် စကားကိုကလိမ်ကျပြီး ထပ်လိမ်ဦးမှာသေချာပေါက်။

"အဲ့လိုမရဘူး။
သူက ကျွန်တော်သေပြီလို့ပြောပြီး မြို့ကလူတွေ လိုက်မရှာအောင် လိမ်ရဲသေးတာ။
အခုဘာမှမပါပဲ သွားဖမ်းလို့ကတော့ သူ့ရဲ့လိမ်ဆင်လိမ်ကွက်တွေနဲ့ ထောင်ထဲပြန်ထည့်သွားလိမ့်မယ်။"

"ဟင်း~"

"ဒီလိုလုပ် အာကာ...
မင်းရဲတွေခေါ်ပြီး အိမ်ရှေ့မှာအသင့်စောင့်နေ။ ငါက သူ့အပြစ်ကို ပါးစပ်ကကိုယ်တိုင်ထုတ်ပြောအောင် စကားနှိုက်မယ်။"

"အေး...အဲ့လိုလုပ်ကြတာပေါ့။
ဒါပေမဲ့ မင်းအန္တရာယ်များတယ်နော်။"

အာကာပြောတာလည်း ဟုတ်သလိုလိုပင်။
ဦးဇော်ရှေ့ကို ကိုယ်တိုင်သွားဖို့ဆိုတာက အတော်လေးအတင့်ရဲမှဖြစ်မည်။
သေပြီလို့ တခေါက်လိမ်ထားပြီးပြီပဲ။
ဒီတခါတကယ်သတ်လိုက်မလား မပြောနိုင်ဘူး။

"ဘာမှမဖြစ်ပါဘူး။"

"ကျုပ်ပါပါတယ်။
အရုဏ်သေမဲ့အစား ကျုပ်ပဲအသေခံလိုက်မယ်။"

"ဟင်...အစ်ကိုသေဖို့မလိုပါဘူး။"

"တော်ပြီ။
မင်းတို့အတွဲတွေ ဘယ်သူမှမသေရဘူး ဟုတ်ပြီလား။"

"စိတ်အေးအေးထားပြီး ဒီညတော့ နားကြ။
မနက်ဖြန်မှ လုပ်စရာရှိတာဆက်လုပ်ကြမယ်။"

အာကာ့စကားကြောင့် ဒီညတော့ အေးဆေးနားဖို့ဆုံးဖြတ်လိုက်သည်။ အာကာကတော့ ထုံးစံအတိုင်း ကွန်ပြူတာအရှေ့သွားထိုင်နေမြဲ။ ဘာကြောင့်မှန်းမသိ အရုဏ့်ရင်ထဲလေးပင်နေပြန်သည်။ တစ်စုံတစ်ခုကို ဆုံးရှုံးဖို့ရည်ညွှန်းနေတာလား။ လေးပင်နေတဲ့နှလုံးသားက ဆက်မလုပ်ဖို့တိုက်တွန်းနေတာလား။

"မနက်ဖြန်အစ်ကိုမလိုက်ခဲ့ပါနဲ့လား။"

"ဟင်...ဘာလို့လဲ။"

ဖဲသမားလည်း အသဲနဲ့ပါ (Uni and Zawgyi)[Completed]Où les histoires vivent. Découvrez maintenant