"မြို့သားလေး လာစားလေ ဘာလုပ်နေတာလဲ။"
သူကြီးကတော်၏ အော်ခေါ်သံကြောင့် အရုဏ်အတွေးပျက်သွားသည်။ လူအုပ်ကနေ မုန့်လာစားဖို့ ခေါ်နေခြင်းဖြစ်ပြီး တခြားလူကပါ လာဖို့ လက်ပြနေကြသည်။
ထို့ကြောင့် အရုဏ်လည်း သဘက်ကလေး လက်ကိုင်ကာ မုန့်ဗန်းနားဆီသို့ သွား၍ ပဲဆုပ်သုံးခုခန့်ကို လက်ဖြင့်ယူကာ ပါးစပ်ထိုးထည့်လိုက်သည်။"ကောင်းလား။"
"မြို့သားလေးက မြို့မှာပဲကြီးပြင်းလာတာဆိုတော့ ကျုပ်တို့ရွာက အစားအစာတွေ ဘယ်ရင်းနှီးမလဲနော်။"
"အေးပေါ့ဟ။
အခုတောင် စားနေတာ ပလုပ်ပလောင်းနဲ့ ကြည့်ပါဦး။"ပိုးဥတို့ သူငယ်ချင်းအုပ်စု ပြောသမျှကို အရုဏ်ပြန်မဖြေနိုင်ချေ။ ပါးစပ်ထဲပြည့်နှက်နေတာကြောင့် ပြုံး၍သာ ခေါင်းငြိမ့်နေရသည်။ ပြုံးလိုက်တိုင်း ဖောင်းတက်သွားသော မျက်ခမ်းနှစ်ဖက်ဟာ ဆွဲညှစ်ချင်စရာ။ မိန်းကလေးတွေဝိုင်းစနေတာကြောင့် ပါးပြင်ဟာ အနည်းငယ်နီရဲနေသည်။ ထိုအချင်းအရာကိုသာ တစ်ယောက်သောသူမြင်ပါက သဝန်တိုလိုက်မည့်ဖြစ်ခြင်း။
"ဂလု~"
"စားလို့ကောင်းပါတယ်ဗျ။"
"မြို့သားလေးစားလို့ကောင်းရင် ကျုပ်တို့ပျော်ပါတယ်တော်။"
"ဟဲ့ ငါတို့ကရော။"
"နင်တို့ကငတ်သေ အေးတာပဲ။"
ကာလသားများနှင့် ပိုးတောင်ကိုင်၊ပန်းတောင်ကိုင်းများ မျက်စောင်းထိုးကာ ကျီစားကြပြန်သည်။ သူကြီးကတော်ကတော့ ကလေးတွေကိုကြည့်ကာ အမြဲတမ်းပြုံးနေတက်သည်။ အရုဏ် သူကြီးကတော်အနားကပ်ထိုင်ကာ စနောက်နေကြသော ရွာသားများကိုကြည့်ရင်း ရယ်နေ၏။
"မြို့သားလေးက အနေအေးတယ်နော်။"
"ဟုတ်...ငယ်ငယ်ကတည်းကဒီလိုပဲနေတက်လို့ပါဗျ။"
"အရီးရဲ့သားလေးလည်းအဲ့လိုပဲ။"
"သူကြီးကတော်မှာ သားရှိတယ်လား။"
"ရှိတာပေါ့ကွယ်။"
သူကြီးနဲ့သူကြီးကတော်မှာ သားရှိတယ်လို့ အရုဏ် ရွာရောက်ကတည်းက ဘာကြောင့်မတွေ့ရသနည်း။ သူဒီရွာမှာမရှိတော့တာလည်းဖြစ်နိုင်သည်။
YOU ARE READING
ဖဲသမားလည်း အသဲနဲ့ပါ (Uni and Zawgyi)[Completed]