Part 16

13.3K 2.2K 128
                                    

"မနောက်ပါနဲ့ အစ်ကိုရောင်နီရယ်။"

"ကျုပ်မနောက်ပါဘူး။"

ဝါးတွေဖြတ်ရင်းဖြင့် ရယ်နေသော ရောင်နီဟာ ဘေးနားမှာထိုင်နေသော အရုဏ့်ကို ခဏ ခဏ လှည့်ကြည့်တက်သည်။
တက်ညီလက်ညီ တည်ဆောက်နေကြသော စာသင်ကျောင်းကလေးမှာ မြေနေရာချပြီး အကြမ်းဖျင်းပြီးနေပြီဖြစ်သည်။
နေ့လည်တဖြတ်နားရင်း ဆောက်လက်စ ကျောင်းလေးပေါ် ထမင်းစားရန်စောင့်နေကြသော ရောင်နီ၊မဲကြီးနှင့် အရုဏ်။

"မြို့သားလေး ဟင်းပေါင်းစားဖူးလား။"

"မစားဖူးဘူး။"

"ကျုပ်တို့ကတော့ ဟင်းပေါင်းအရမ်းကြိုက်တယ်။"

"အဲ့တာက ဘာဟင်းလဲ။"

ဘုန်းကြီးကျောင်းဝန်းထဲဝယ် အေးချမ်းလှသည်မို့ ထမင်းစားရသည်က ပိုမြိန်လှသည်။
ဘဦးဇင်းနှင့် တခြားသံဃာတော်များ ဆွမ်းဘုန်းပေးနေတာကြောင့် စောင့်နေရခြင်းဖြစ်သည်။

"ဟင်းပေါင်းဆိုတာက ဘုန်းကြီးကျောင်းကို ဆွမ်းချိုင့်လာပို့သမျှ ဟင်းတွေကို ပေါင်းပြီး ဆား၊အချိုမှုန့်တွေထည့်ပြီး ပြန်ချက်ထားတာ။"

"ဟုတ်လား။"

မျက်ဝန်းလေးများ ဝိုင်းစက်ကာ ရောင်နီပြောသမျှကို အံ့သြနေသော အရုဏ်။
ကိုင်းရွာနှင့်ပက်သက်လျှင် အရုဏ်မသိသည်ကများသည်။ တချို့သော ဓလေ့များကို ယခုထိနားမလည်သေး။ သူကြီးကတော်လုပ်ကျွေးသည့် မုန့်များကိုတော့ အလွန်သဘောကျရသည်။

"ဒကာကြီးတို့~
ထမင်းစားလို့ရပြီနော်။"

"တင်ပါ့ဘုရား။
တပည့်တော်လာယူပါပြီ။"

မဲကြီးက အပြေးလေးသွားကာ ကျောင်းပေါ်တက်သွားသည်။ ရောင်နီသည်ကနေ့တော့ ဟင်းပေါင်းနှင့် တမြိန်ရဦးမည်။
အိမ်မှာမည်မျှပင်ဟင်းကောင်းစေကာမူ ဘုန်းကြီးကျောင်းလက်ရာ ဟင်းပေါင်းကိုတော့ မမှီချေ။ အလွန်ပင်ဗိုက်ဆာနေသော အရုဏ့်မှာ မဲကြီးကို လည်တံဆန့်၍ မျှော်နေရသည်။

"လာပြီ...ရော့..အဲ့ဒီ့မှာ။"

ပန်းကန်သုံးပန်းကန်ကို ထပ်ပြီးယူလာကာ ရောင်နီနှင့် အရုဏ့်ဆီ ထိုးပေးသည်။
ဟင်းပေါင်းထဲတွင် ဝက်သားဆီပြန်၊ချဥ်ရည်ဟင်း၊ငါးခြောက်ကြော်၊သရက်သီးငပိချက်အပြင် ကြက်သားနှင့်ဘူးသီးပါသေးသည်။
အကုန်ရောနှောထားသည်မို့ စောရသည့်အရသာက မတူ။ ရောင်နီက လက်နှင့်နယ်ကာ အားရပါးရ ထမင်းလုပ် အကြီးကြီးတွေစားနေသော်လည်း အရုဏ်ကတော့ လက်ဖျားလေးနှင့်သာစားသည်။ မဲကြီးကတော့ ပြောစရာတောင် မလို။ ခေါင်းတောင်မဖော်နိုင်သေးချေ။

ဖဲသမားလည်း အသဲနဲ့ပါ (Uni and Zawgyi)[Completed]Where stories live. Discover now