ကိုင်းရွာမှာ ရောင်နီ့ကို ထိန်းနိုင်တဲ့လူဟာ ဘဦးဇင်းနှင့် ဘတိုးနှစ်ယောက်သာရှိခဲ့ဖူးသည်။ ယခုတော့ အရုဏ် ဟု အမည်တွင်သော လူသားတစ်ယောက်ထပ်တိုးလာခဲ့ချေပြီ။
အရုဏ်ဟာ ပြုံးပြုံးလေးနှင့် အနိုင်ယူတက်သည်လည်းမဟုတ်။ အရုဏ်နဲ့ပက်သက်လျှင် ရောင်နီကိုယ်တိုင်ကိုက အကုန်အလျော့ပေးနေခြင်းသာ။"မြို့သားလေးရေ~
ကျုပ်ကို ကျော်မိုးဆီက ထန်းလျက်သွားယူပေးပါဦး။""ဟုတ်ကဲ့ပါ ကပ္ပိယကြီး။"
အရုဏ်ရွာရောက်တာကြာသွားတော့ ရွာထဲ အနည်းငယ်တော့သိလာသည်။
မသိလို့လည်းမရ။ တွေ့သမျှလူက အကုန်လက်ဆောင်ထိုးပေးနေတာကြောင့် နာမည်ဘယ်သူလဲမေးရာကနေ ရွာသားတွေနာမည်တချို့သိလာသည်။ မနက်ရောက်လျှင် အစ်ကိုရောင်နီနှင့်အတူတူ အကြော်ဆိုင်သွားပြီး အတူတူစားနေကျ။ (A/N- အကြော်ဆိုင်ဒိတ်🤣)ပုဆိုးသေချာပြင်ဝတ်၊ အပြာရောင်အင်္ကျီလေးလက်ခေါက်တင်ကာ ထန်းတောဆီသို့သွားရပေဦးမည်။ ရောင်နီကတော့ အရုဏ်အတင်းပြန်လွှတ်လို့ ဘုန်းကြီးကျောင်းမှာမရှိတော့ပေ။ ဒါတောင် အတော်ကြီးဆူငေါက်လိုက်ရသေးသည်။
"ဗျို့~ ဘယ်သွားမှာတုန်း။"
"အစ်ကိုရောင်နီ~"
မနက်စောစောစီးစီး ရွာလမ်းထဲ အရုဏ့်ကိုတွေးလိုက်ရတာက မင်္ဂလာတစ်ပါးပင်။
ကောင်းကင်ပြာပြာ၊အင်္ကျီအပြာ၊တိမ်လိပ်ဖြူဖြူ များနှင့်လိုက်ဖတ်အောင် လန်းဆန်းလွန်းသော ထိုအပြုံး။"ကျွန်တော့်ကို ကိုကျော်မိုးဆီက ထန်းလျက်တွေယူခိုင်းလိုက်လို့။"
"အစောကြီးရှိသေးတယ်လေ။"
"ကျွန်တော်က မနက်ပိုင်းပဲအားတာလေ။
ကလေးတွေစာသင်ရသေးတယ်။""အာ...ဟုတ်သားပဲ။
ကျုပ်မေ့သွားတယ်။"ရောင်နီက ပြုံးလိုက်လျှင် လင်းလက်နေသော ရေကြည်ပေါက်နှင့်တူသည်။
သဘောကောင်း၊မနောကောင်းမို့ ခင်တဲ့လူမရှားတက်ပေ။ တဖက်ကလည်းဖဲရိုက်တော်လွန်းသောကြောင့် မုန်းတက်ကြသေးသည်။
ဘယ်သူတွေဘာပဲပြောပြော အရုဏ်ကတော့ ရောင်နီ့ဘေးနားရှိနေစမြဲ။ လူတစ်ယောက်ကိုမုန်းမဲ့အစား သူရဲ့မကောင်းတဲ့အကျင့်လေးကိုကူပြီးပြင်ပေးလိုက်တော့ နှစ်ဦးနှစ်ဖက်ပိုအကျိုးရှိသည်။
VOUS LISEZ
ဖဲသမားလည်း အသဲနဲ့ပါ (Uni and Zawgyi)[Completed]