Part 28

11.3K 1.4K 132
                                    

ပျောက်သောသူရှာရင်တွေ့။
သေသောကြာရင်မေ့။
ဤစကားပုံဟာ အရုဏ့်အတွက် ရောယှက်လို့နေသည်။ ပျောက်နေရင်း သေပြီလို့သတင်းအလွှင့်ခံလိုက်ရသူအတွက် ဘယ်လိုများပြန်အစရှာရမည်နည်း။ ပျောက်တယ်ဟုဆိုလိုက်ရင်တောင် မိဘနှစ်ပါးက သေချာပေါက်လိုက်ရှာနေဦးမည်။ ဦးဇော်သာဝင်မနှောင့်ယှက်ခဲ့ပါက ကိုင်းရွာမှာ ၁၀ရက်ထပ်ပိုပြီးသောင်တင်မည်မဟုတ်။
သို့သော် ထိုသို့သောင်တင်ခြင်းကလည်း ဖူးစာနှင့်တွေ့ရသည့် ကောင်းချီးမင်္ဂလာတစ်ပါးကဲ့သို့။

"ဆရာ ဘာတွေစဥ်းစားနေတာလဲ။"

"ဘာမှမဟုတ်ပါဘူး။"

"ဆရာ...ပုစွန်လုံးကြိုက်လား။"

"ကြိုက်ပါတယ်...ဘာလဲအများကြီးရလာလို့လား။"

"ဟုတ်တယ်...သားတို့ကိုချက်ကျွေး။"

"ဟ...မင်းတို့ကလည်း ငါ့ပဲလာချက်ခိုင်းနေကြတယ်။ အိမ်ကမချက်ကျွေးဘူးလား။"

"ချက်တာပေါ့ဆရာရယ်...အိမ်မှာကနည်းနည်းပဲစားရတာဆရာရဲ့။ မောင်နှမတွေအတွက်လည်းချန်ရသေးတယ်။"

အစကတော့ငြင်းဖို့တွေးထားခဲ့သည်။
ကလေးတစ်ယောက်ရဲ့စကားကြောင့် အရုဏ် လက်စွမ်းပြဖို့ဦးတည်လာခဲ့။ ကိုင်းရွာတင်မက တခြားသောရွာများတွင်လည်း ကလေးတိုင်း ဒီလိုပဲလားမသိ။ မိဘကိုကူလုပ်ပေး၊လက်လုပ်လက်စားသမားမို့ နောက်နေ့စာချန်ထား၊ဒီကြားထဲ မောင်နှမတွေကို ငဲ့ညှာရသေးသည်။ သဘာဝတရာကြီးကလှပေမဲ့ ချို့တဲ့နေတဲ့သူတို့ရဲ့ ဘဝလေးကတော့ မလှပသေးပါလား။

"ဟုတ်ပြီ...ဟုတ်ပြီ။
ပုစွန်လုံးတွေအစ်ကို့ကိုပေး။"

"ဟုတ်..ဒီမှာသားတို့ရတာအကုန်ပဲ။"

အင်္ကျီမပါ၊ဘောင်းဘီတိုလေးတွေနှင့် ပုဆိုးကိုကွင်းသိုင်းကာ လယ်ကွင်းထဲပြန်ပြေးဆော့ကြပြန်သည်။ ထိုစဥ် မိုးတိမ်များက အုံ့တုံ့တုံ့။ မကြာခင်ရွာတော့မည့်မိုးကြောင့် အရုဏ် ကောင်းကင်သို့ မော့ကြည့်လိုက်၏။ ရောင်နီတော့ မိုးမိတော့မှာပဲ။

"ကလေးတို့ မိုးရွာနေပြီ။
လယ်တဲထဲပြေးကြ။"

"ဟေး...ဟေး...မိုးရွာပြီကွ။"

ဖဲသမားလည်း အသဲနဲ့ပါ (Uni and Zawgyi)[Completed]Where stories live. Discover now