Part 15

14.1K 1.8K 209
                                    

"တကယ်လား။"

"တကယ်...တကယ်။"

အရုဏ်ရယ်၍သာ ရောင်နီ့ကိုဆက်ကြည့်နေသည်။ ထိုင်မရ၊ထမရနှင့် ခေါင်းကုတ်ကာ စဥ်းစားနေသော ရောင်နီ၏ ပုံစံမှာ ရယ်ချင်သဖွယ်။ နောက်ဆုံးတော့ မတ်တပ်ထရပ်လိုက်ကာ အရုဏ့်ဘက်မျက်နှာမူသည်။

"ကျောင်းကိုဘယ်လောက်အကျယ်ဆောက်ချင်တာလဲ။"

"အစ်ကိုတက်နိုင်သလောက်ပဲလုပ်ပါ။"

"ကျုပ်ပိုက်ဆံသွားရှာလာပြီးရင် ပစ္စည်းတွေဟိုဘက်ရွာမှာ သွားဝယ်မယ်။
အရုဏ် ဘုန်းကြီးကျောင်းကပဲစောင့်နေပါ။"

"ဟုတ်ကဲ့။"

အရုဏ့်ကိုဘုန်းကြီးကျောင်းမှာပဲထားခဲ့ကာ အိမ်ကိုအပြေးပြန်လာသော ရောင်နီ။
အနည်းဆုံးတော့ အဘကို အကူအညီအရင်တောင်းရမည်။ အဘဆီကမရမှ တခြားနည်းလမ်းတစ်ခုဖြင့် ရအောင်လုပ်ရန် တွေးထားသည်။

"အဘ~အဘ"

"ဟေ"

ကွမ်းအစ်ထဲမှ ကွမ်းရွက်များအား ထုံးသုတ်ကာ ဆေးရွက်ကြီးဖြင့် လိပ်၍ ပါးစပ်ထဲထည့်ရန်ပြင်နေသော ဘတိုးမှာ ရောင်နီကြောင့် လက်များရပ်တန့်သွားရသည်။ အသည်းအသန်ပြေးလာပုံအရ ပြဿနာတစ်ခုခုတော့ရှာလာမည်ထင်သည်။

"ကျုပ်ကိုတစ်ခုကူညီပါလား။"

"ဘာတုန်း။"

အိမ်ပေါ်ရောက်ရောက်ချင်း အမောပြေတောင်မထိုင်။ ချက်ချင်းအကူအညီတောင်းနေသော်ငြား ဘတိုးမှာ ကွမ်းစားမပျက်။ ရောင်နီ့ရဲ့ ဥာဏ်နီဥာဏ်နက်တွေဟာ ဘတိုးအတွက်ရိုးနေပြီ။

"ကျုပ်စာသင်ကျောင်းဆောက်ပေးချင်လို့။"

"အဟွတ်~အဟွတ်"

ဝါးနေသော ကွမ်းယာတောင် ပြန်ထွက်နိုင်လောက်အောင် ဖြစ်သွားသော ဘတိုး။
ချောင်းဆိုးလိုက်တာကြောင့် ရင်ဘက်မှာ နိမ့်ချည်မြင့်ချည်ဖြစ်နေသည်။ မျက်နှာအမူအရာမှာတော့ ရောင်နီ့ကိုကြည့်ကာ လန့်နေလျက်။ ဘာတွေများ မှားစားလို့ ဒီစကားများထွက်လာရသည်နည်း။

"လျှောက်မပြောစမ်းပါနဲ့ ငနီရယ်။"

"ဟာဗျာ...အဘကလည်း ကျုပ်ဆို ဘယ်တော့မှမယုံဘူး။"

ဖဲသမားလည်း အသဲနဲ့ပါ (Uni and Zawgyi)[Completed]Donde viven las historias. Descúbrelo ahora