ရောင်နီရဲ့ တစ်နေ့တာဟာ ဖဲရိုက်လိုက် ၊ ထန်းရည်သောက်လိုက်ဖြင့် ကုန်ဆုံးလေ့ရှိသည်။ သို့သော် ယခုတွင်တော့ အလုပ်တစ်ခုပိုလာတော့သည်။ညရောက်လျှင် တစ်ဦးတည်းသောသူအား လွမ်းဆွတ်ဖို့ရန်ဖြစ်သည်။ နဖူးပေါ်လက်တင်ကာ နှုတ်ကဘယ်လိုဖွင့်ဆိုရမှန်းမသိအောင် စဥ်းစားဖူးသည်။
အချိန်တန်ရင် သည်ရွာကို စွန့်ခွာသွားမည်မဟုတ်လား။"တောက်~တောက်~"
"ဒကာအရုဏ် ထတော့လေ။
မိုးလင်းပြီ။""တင်ပါ့ဘုရား။"
ဦးဇင်းတစ်ပါးက အရုဏ့်ကိုလာနှိုးတာကြောင့် ချက်ချင်း ငုတ်တုတ်ထထိုင်တော့သည်။
ရွာနှင့် မြို့ရဲ့ အမူအကျင့်များက ကွာခြားလွန်းတာကြောင့် အရုဏ်ကျင့်သားမရသေး။
ရန်ကုန်မှာဆိုလျှင် ည ၁၂နာရီလောက်မှသာ အိပ်လေ့ရှိကြသော်လည်း ရွာမှာက ကိုးနာရီဆိုလျှင် တစ်ရွာလုံးမှောင်မဲကုန်သည်။"တပည့်တော်ရေနွေးအိုးတည်ထားလိုက်မယ်နော်။"
"ဒကာလေးအဆင်ပြေသလိုလုပ်ပါ။"
မနက်ဆိုစောစောထရသည်ကတော့ အရုဏ်အလေ့အကျင့်ရပြီးသားဖြစ်သည်။
မျက်နှာသစ်၊ရေချိုးပြီးလျှင် ဘုရားရှိခိုးဝတ်ပြုရသည်။ ဘယ်တော့ပြန်တွေ့ရမလဲ မသေချာသည့် မိဘနှစ်ပါးကို အာရုံပြု၍ ကန်တော့ပြီးလျှင် ကိုင်းရွာက ဘဝသစ်ကို စတင်တော့သည်။"ဟာ လူလေး ရေနွေးအိုးတည်တက်လို့လား။"
အိပ်ယာသိမ်းပြီးထလာသော ကပ္ပိယကြီးမှာ ခေါင်းပေါင်း ပေါင်းရင်း စမ်းတဝါးဝါးဖြင့် အရုဏ့်ဆီလျှောက်လာတော့သည်။
ပတ်ဝန်းကျင်က မြူခိုးများကြောင့် အနည်းငယ်ဝါးနေခြင်းဖြစ်သည်။"တည်တက်ပါတယ် ကပ္ပိယကြီး။
ကျွန်တော်ပဲတည်လိုက်ပါ့မယ်။""လက်အပူလောင်မယ်နော်။"
"ဟုတ်ကဲ့။"
ဘုန်းကြီးကျောင်းအနောက်ဘက်ထဲတွင် အရုဏ်တစ်ယောက် ဒန်အိုးကြီးထဲရေထည့်ကာ ဝါးပြောင်းနဲ့ ထိုင်မှုတ်နေတော့သည်။
တရဲရဲတောက်နေသော မီးတောက်များအား ပိုမိုသန်မာလာစေရန် ဤကဲ့သို့မှုတ်ပေးရမည်။ တခါမျှမလုပ်ဖူးသော်ငြား ငယ်ငယ်က ဘုန်းကြီးကျောင်းမှာ ကိုရင်ဝတ်ဖူးလို့ အတွေ့အကြုံအနည်းငယ်တော့ရှိသည်။
YOU ARE READING
ဖဲသမားလည်း အသဲနဲ့ပါ (Uni and Zawgyi)[Completed]