Part 9

15K 1.9K 80
                                    

မိုးနှစ်ရက်ဆက်တိုက် ရွာသွန်းထားတာကြောင့် ကိုင်းရွာလေး၏ ရာသီဥတုမှာ အနည်းငယ်အေးစိမ့်နေသည်။ တိမ်စိုင်တိမ်ခဲ အလိပ်လိပ်ဟာ အိမ်ခေါင်မိုးများဖြင့် ထိကပ်နေသကဲ့သို့။ အရှေ့အရပ်မှ ထွက်ပေါ်လာသော နေလုံးနီနီကြောင့် ဘုန်းကြီးကျောင်း ရေစင်ပေါ်က ကြက်ဖကြီးမှာ သူ၏ အလုပ်အား သတိရသွားလေပြီ။

"အောက်အီးအီးအွတ်~"

ဤကား အရုဏ်တက်ချိန်ဖြစ်သည်။
ဘုန်းကြီးကျောင်းမှ တုံးမောင်းခေါက်သံ တတောက်တောက်ဟာ အရုဏ့်ကို နိုးထစေသည်။ သို့သော် နေသိပ်မကောင်းတာကြောင့် မထနိုင်သေးပေ။ ဦးဇော်ကတော့ ဇွဲလုံ့လကောင်းစွာဖြင့် အင်္ကျီအဝတ်အစားလဲနေသည်။ အရုဏ်ကတော့ ဖြူစင်စွာဖြင့် ဦးဇော်မည်သို့ကြံစည်နေသည်ကို သတိမထားခဲ့ပေ။

"နေနှင့်ဦးတော့ အရုဏ်ရေ။
ငါကတော့ ကောင်းစားလိုက်ဦးမယ် ဟားဟား။"

အရုဏ်ဟာ တစ်ဦးတည်းသောသားဖြစ်တာကြောင့် ဦးဇော်နှင့် ယုံကြည်စွာ အလုပ်ခိုင်းလိုက်ခြင်းဖြစ်သည်။ သို့သော် လူယုံသတ်လို့ သေသည့်စကားပုံမျိုးကို ၎င်းတို့သတိမထားမိခဲ့ကြ။ ဦးဇော်က အရုဏ်လှေနစ်သေပြီဟု သတင်းယူကာ မြို့ကိုတစ်ယောက်တည်းသွား၍ အရုဏ့်၏ အမွေများကို သူအပိုင်သိမ်းဖို့ ကြံထားသည်။

"ရိုးသားမှုကို တက်နင်းရင် စည်းစိမ်ကိုရမယ်ဆိုတာ မင်းသိမှာပါ အရုဏ်။"

"အဟွတ်~အဟွတ်~"

ဖျင်ကြမ်းစောင်လေးအား ချုံကာ ဘေးတစ်စောင်းအိပ်ပျော်နေသော အရုဏ်မှာ ကိုင်းရွာ၌ တစ်ယောက်တည်းကျန်ရစ်ခဲ့မည်ကို မသိခဲ့ချေ။ ဖြူလျော့နေသော မျက်နှာနုနုမှာ အပြစ်ကင်းစင်လှသည်။ ဤကဲ့သို့သော ကောင်လေးမှာ မိဘတွေကို ထပ်တွေ့ဖို့ အခွင့်အရေးမရှိတော့လေသလား။ ကိုင်းရွာမှာမှီခိုဖို့ အကြောင်းတရားဖန်လာလေသလား မသိတော့ပေ။

လောဘဇောတောက်လောင်နေသော ဦးဇော်မှာ ဘုန်းကြီးကျောင်းက ဦးဇင်းတွေ အာရုံဆွမ်းဘုန်းပေးနေစဥ် လွယ်အိတ်တစ်လုံးကိုလွယ်၍ တိတ်တိတ်လေးခိုးထွက်သွားလေသည်။ လှေဆိပ်မှာ လှေတွေရပ်ထားတာကြောင့် လှေတစ်စီးကို ကြိုက်စျေးပေးပြီး မြစ်ကိုဆန်တက်ကာ မန္တလေးမြို့ရောက်အောင်သွားလို့ရသည်။ထိုမှတစ်ဆင့် ရထားသို့မဟုတ် ကားစီး၍ ရန်ကုန်ပြန်သွားဖို့ ကြံစည်ထားပုံရသည်။

ဖဲသမားလည်း အသဲနဲ့ပါ (Uni and Zawgyi)[Completed]Dove le storie prendono vita. Scoprilo ora