Part 6

17.7K 2.1K 114
                                    

"ကျွန်..ကျွန်တော်ကိုလေ စားစရာလေး နည်းနည်းလောက်ပေးပါလား။"

"ဗိုက်ဆာလို့ပါ။"

အားနာနေသော မျက်ဝန်းများကို အောက်ချကာ အသံကိုနိမ့်၍ ပြောသည်။ ယောကျ်ားလေးအသံဖြစ်သောငြား သူများနှင့်မတူ ပိုမိုနူးညံ့သော အသံမျိုးဖြစ်သည်။ ရောင်နီဟာ ဘာလုပ်ပေးလို့လုပ်ပေးရမှန်းမသိ။ ဗိုက်ဆာတယ်ဆိုတော့ ရွာထဲက အိမ်တွေဆီကနေ ထမင်းနဲ့ဟင်းတွေ လိုက်တောင်းရုံသာရှိသည်။ မဟုတ်ရင်လည်း အဘဆီကသွားယူလာလို့ ရသည်။

"အာ..ဟုတ်သားပဲ။
ကျုပ်မေ့သွားတာ ဘာစားချင်လို့လဲ။"

"ကဲ..ဒါဆို ငနီရေ...မင်းပဲစီစဥ်လိုက်။
ငါဘဦးဇင်းအတွက် နေ့လည်ဆွမ်းဘုန်းပေးဖို့ ပြင်ဆင်လိုက်ဦးမယ်။"

"ဟုတ်ကဲ့ပါ..ကပ္ပိယကြီး။"

"ခဏလေးပါ။
ကျွန်တော် ဘုန်းဘုန်းကို ကန်တော့ချင်တယ်။"

"ဟာ...မထနိုင်ပဲနဲ့။
နေကောင်းမှ ကန်တော့ပါ။"

"ရပါတယ်။"

ရောင်နီ မည်သို့ပင်တားစေကာမူ အရုဏ်က ရအောင်ထပြီး အခန်းပြင်ထွက်လာတာကြောင့် ဦးဇော် ပါလိုက်လာရသည်။
ဦးဇော်က အရုဏ်လိုမဟုတ်။
အားနာသည့် ဟန်ပန်အမူအရာလည်းမပြသလို ကန်တော့ရာတွင် ဝဍ်ကြေ၊တန်းကြေ လောက်သာ ကန်တော့သည်။

"နေကောင်းမှလာကန်တော့လည်းရပါတယ်ကွယ်။"

"မဟုတ်တာ..ကျွန်တော့်အသက်ကို ကယ်ပေးလို့ ကျေးဇူးပြန်ဆပ်ဖြစ်အောင် ဆပ်မှာပါ ဘုန်းဘုန်း။"

"မလိုပါဘူး ဒကာလေးရယ်။
ဘုန်းဘုန်းကို ကျေးဇူးဆပ်ချင်ရင် နေကောင်းအောင်သာနေ ဟုတ်ပြီလား။"

"တင်ပါ့ဘုရား။"

ဘုန်းဘုန်းအား ထိခြင်းငါးပါးနှင့် ရိုသေစွာရှိခိုးပြီးနောက် အရုဏ်ပြန်နားနေရသည်။ အားပျက်သွားတာကြောင့် လက်တွေ၊ခြေထောက်တွေက ခဏလောက်လှုပ်ရှားပြီးရင် ညောင်းလာသည်။ သူကြီးက ရွာသားတွေလာမရှုပ်အောင် တားထားလို့ တော်ရာကျနေသည်။

"ငနီ မင်းသွားစီစဥ်တော့လေ။"

"ဟုတ်...ဟုတ်။"

ဖဲသမားလည်း အသဲနဲ့ပါ (Uni and Zawgyi)[Completed]Opowieści tętniące życiem. Odkryj je teraz