[Unicode]
"ဖေဖေ...!"
"ဟေ"
ဖေဖေလို့လှမ်းခေါ်လို့မျက်မှန်တပ်ထားရာကနေကျော်ကြည့်လိုက်တော့ သားဘေးနားက သားထက်အရပ်ခပ်မြင့်မြင့်ကောင်လေး။
"ဒီမှာ သားကိုကိုလေ"
အထုတ်တွေကိုဟိုလူလေးကဆွဲရင်း သူကတော့အဲ့လူလေးလက်ကိုဆွဲလာကာပြောသည်။ သူတော်တော်ဖြစ်နေတယ် ဟင်းးးဟင်းးးး
"ငါကငါ့သား ငါ့ကိုစနေတာထင်နေတာ "
"ဒါမျိုးက စစရာဖြစ်မလား နော့ကိုကို"
"ဪ အင်းအင်း အာညော်ဆယ်ရော် ကျွန့်တော်နာမည်ကင်မ်နမ်ဂျွန်းပါ "
"ကင်မ်နမ်ဂျွန်း ကင်မ် ကင်မ် မင်းဆိုလ်းကကင်မ်အိမ်တော်ကမလား တစ်အိမ်လုံးထဲမှာမှ နိုင်ငံခြားမှာစာသွားသင်ပေးတဲ့ကောင်လေးမလား"
"ဟုတ်...ဟုတ်..ဘယ်လိုသိ.."
"အိုက်ဂူး ငါတို့တော့ရေစက်ကနည်းတဲ့ရေစက်မဟုတ်ပဲ ဒီကလူလေးကိုမင်းတို့အိမ်ကမပြောရသေးဘူးနေမယ်"
"ဘာကိုများ...."
"အိမ်ထောင်ချပေးမဲ့ကိစ္စလေ"
"ဟိုပြောထားတယ်ဗျ....ယောကျာ်းလေးတစ်ယောက်နဲ့လက်ထပ်ပေးမယ်ဆိုလို့ငြင်းထားတာ"
"အဲ့တာကငါ့သားလေ ငါ့သားနဲ့မင်းကို လက်ထပ်ပေးဖို့စီစဥ်ထားကြတာ ခုတော့နီးစပ်အောင်ထားနေစရာမလိုဘူး အိုက်ဂူး အထုတ်တွေထား စကားတွေပြောကြ ဦးလေးလည်းစာကြည့်ခန်းထဲဝင်တော့မယ် ဒါနဲ့ခုထဲကအဖေလို့ခေါ်လည်းရနေပြီနော်"
ပတ်ဂျီမင်တို့မျက်နှာကတော့ လ ငမုတ် ဖမ်းနေပြီ။ ယောကျာ်းမယူချင်ဒီလိုလုပ်ပါတယ်ဆို ဒီလိုကပိုဆိုးနေတယ် အားးးး လောကကြီးရေ
စိတ်ထဲတွင်သာအော်ဟစ်နေရပြီး အပြင်တွင်တော့ ဆရာဆူတာကောင်းကောင်းခံနေရပြီ
"မင်းကြောင့် မင်းကြောင့် အိမ်ကပြောထားတာကိုမသိချင်ယောင်ဆောင်ပြီး မင်းဆီပြေးလာမှပိုဆိုးနေပြီ ခုတော့ငါတို့ကယူရတော့မယ်"
"ကျွန်တော်တို့ထွက်ပြေးကြမလားဆရာ"
"ဪ ဒီကောင်လေးကတော့ ငါတို့နှစ်ယောက်အတူတူထွက်ပြေးရင် မင်းအဖေရော ငါ့အဖေရောထခုန်နေလိမ့်ကွ သိလား"
YOU ARE READING
𝐀𝐋𝐋 𝐌𝐘 𝐋𝐎𝐕𝐄 𝐈𝐒 𝐅𝐎𝐑 𝐘𝐎𝐔
Fanfictionအချစ်တွေအကုန်ယူ။ အချစ်တွေအကုန်လုံးမင်းဖို့။ [Uni+Zaw] COMPLETED ✔Mostersue_Ei✔