ချစ်တာကိုးးးး

641 76 6
                                        

ချစ်တာကိုးးးးး

ဒီနေ့ နမ်ဂျွန်းဟာအလုပ်သွားရမယ့်ရက်ဖြစ်ပေမယ့် အိမ်က ကလေးဝါဂွမ်းလုံးကနေမကောင်းဖြစ်နေသည်မို့ အိမ်မှာပြုစုပေးရင်းနဲ့သာ မပြီးပြတ်နိုင်သောအလုပ်တွေရှိတာမို့ အတွင်းရေးမှုးအမျိုးသမီးအား စာရင်းချုပ်တွေယူ၍အိမ်လာခိုင်းလိုက်သည်။

ခုလောလောဆယ်တော့ ရေညစ်ပြီးသားအဝတ်လေးကို ကလေးနဖူးပေါ်တင်ထားရင်း အောက်ထပ်ကထမင်းစားခန်းဆီက ဆန်ပြုတ်မပွက်သည်ပွက်သည်ကိုလည်းကြည့်ရသေးသည်။ ကြောင်လိမ်လှေကားကြီးကိုအတက်အဆင်းလုပ်ရသည်မှာ ခြေထောက်တောင် တောင့်ချင်လာသည်။

တကယ်တော့ ကလေးကမနက်ကသက်သာပြီဆိုကာ အလုပ်သွားဖို့ပြောလာတာမို့ သူရုံးသွားဖို့ပြင်ဆင်ပြီးကာမှ ကိုယ်ကိုစမ်းကြည့်တော့ ပြန်၍ပူကျစ်နေသောကိုယ်ကြောင့် ရုံးမသွားဖြစ်တော့ပါ။ ဆရာဝန်အားဖုန်းထပ်ဆက်၍ခေါ်ကာ သူသည်လည်း ရုံးသွားမယ့်အဝတ်အစားကို ပြန်၍မလဲနိုင်ပဲ ဆန်ပြုတ်ချက်လိုက် ရေပတ်ဝတ်လေးနဖူးပေါ်တင်လိုက်နဲ့အလုပ်ဖြစ်နေသည်။

ဆန်ပြုတ်ကိုတော့ အိမ်ကအလုပ်သမားတွေအားမပြုတ်ခိုင်းတော့ပါ။ ဝါဂွမ်းလုံးလေးသည် ဂျီကျကာ ဂဂျီဂကြောင်မို့ တော်ကြာ ကိုကိုလုပ်တဲ့ဟာပဲသောက်မယ်ဆိုအချိန်ပိုလင့်နေမှာ။

ခဏနေတော့ ဆရာဝန်ရောက်လာသည်ထင်သည်။ ဘဲလ်တီးသံကြားလိုက်သည်။

တံခါးဖွင့်လိုက်တော့အမှန်တကယ် ဆရာဝန်ပင်။ ဆေးအိတ်လေးကူဆွဲပေးကာ အပေါ်ထပ်ကိုခေါ်လာလိုက်သည်။ ဆန်ပြုတ်အိုးဖို့မီးကတော့ ခုနထဲကပိတ်ပြီးပြီ။

ဆရာဝန်ကစမ်းသပ်ပေးပြီးနောက်

"ရိုးရိုးအအေးမိတာပါ စိတ်တော့သိပ်မပူပါနဲ့ ဆေးလေးပုံမှန်တိုက်ပြီး အားရှိတာလေးတွေ ကျွေးပေးပါ ရေမချိုးခိုင်းပါနဲ့အုံးနော်"

"ဟုတ်ကဲ့ပါဆရာ"

ဆရာဝန်အား အိမ်ရှေ့ထိလိုက်ပို့ပေးကာ အမြန်ပင်အပေါ်ထပ်သို့ပြန်တက်လာရပြန်သည်။ တစ်မနက်ထဲတင် အခေါက်ပေါင်းမရေတွက်နိုင်အောင် တက်ရသောလှေကားတွင် သူ့ခြေရာတွေရေမတွက်အောင်ထင်ကျန်နေပါပြီ။

𝐀𝐋𝐋 𝐌𝐘 𝐋𝐎𝐕𝐄 𝐈𝐒 𝐅𝐎𝐑 𝐘𝐎𝐔 Where stories live. Discover now