ဗလကြီးက ကြီးလာလိုက်တာကိုကို!
အားလပ်ရက်ခရီးထွက်အပြီးမှာတော့ အလုပ်တွေလည်းပြန်လုပ်ရင်းကျန်းမာရေးအတွက် Gym တွေလည်းဆော့ဖြစ်တယ်။ကလေးပေါက်စလေးကိုလည်း လက်တစ်ဖက်ထဲနဲ့ချီချင်တာ....
"ကိုကို "
အပေါ်ထပ်တစ်နေရာမှာ Gym အခန်းတစ်ခုလုပ်ခဲ့ရတယ်။ ကလေးလေးကလေ ဆိုင်မှာသွားဆော့ရင် ကိုကို့ကိုကောင်မလေးတွေငေးနေမှာဆိုးလို့ပါတဲ့ ဘယ်လောက်တောင်ချစ်ဖို့ကောင်းလိုက်လဲ
"လာပါဗျ"
စွပ်ကျယ် ဘောင်းဘီတိုနဲ့ gym ဆော့နေတာမို့ ကလေးက ကိုယ့်ကိုကြည့်ကာပါးတွေလည်းရဲနေသေး
"ဘာလို့ပါးတွေရဲနေတာလဲ ရှက်နေတာလား မရှက်ပါနဲ့ ကိုကို့ဆီကအကုန်မြင်ဖူးနေကြမဟုတ်ဘူးလား"
အားးးးးး
ကိုယ့်လက်မောင်းထဲ သူ့ခေါင်းလေးကိုညှပ်ရင်း စလိုက်တာကို လက်မောင်းကိုကိုက်လိုက်တာမို့ အာပြဲကြီးနဲ့အော်မိသွားသည်။ ဟိုတစ်ခေါက်ရင်ဘတ်ကိုကိုက်တာထပ်နာတယ်!
"ဘာလို့ကိုက်တာလဲ"
"ညစ်တီးညစ်ပတ်တွေလာမပြောနဲ့"
"ဟောဗျာ...ကိုကိုပြောတာက"
"တော်ပြီတိတ်! လူကြီးနော်!"
ရှက်ပြီးစိတ်ဆိုးလာတော့ လူကြီးလို့ပြောင်းခေါ်ပြန်သေးတယ်။
"ဟေး လူကြီးလို့မခေါ်နဲ့လို့ပြောထားတယ်နော် ကိုင်ပေါက်လိုက်မယ်"
ပြောသာပြောနေပေမယ့် ကိုယ်ကလည်းလူကြီးလို့ခေါ်ရင်သဘောတော့ကျသားရယ်။
"သူဗလကြီးလာတိုင်း လူကို!"
နှုတ်ခမ်းတထော်ထော်နဲ့ ဝိတ်တုံးအသေးသေးအားကိုင်နေသူကို နောက်ကနေသိုင်းဖက်လိုက်သည်။
"ဗလကြီးတော့ ကလေးလေးကိုနွေးနေ အောင်ပိုဖက်ထားလို့ရတာပေါ့ကွ"
"တကယ်ပါပဲ ဗလကြီးက ကြီးလာလိုက်တာကိုကို မနာလိုစရာကောင်းအောင်"
"မနာလိုစရာမရှိပါဘူး ကိုကိုကဗလကြီးနဲ့ကလေးကိုကာကွယ်ပေးမှာပေါ့ သဝန်ပဲတိုရမှာ မဟုတ်ဘူးလား ကောင်မလေးတွေက ကိုကို့ကိုဝိုင်းကြည့်နေတော့မှာ"
YOU ARE READING
𝐀𝐋𝐋 𝐌𝐘 𝐋𝐎𝐕𝐄 𝐈𝐒 𝐅𝐎𝐑 𝐘𝐎𝐔
Fanfictionအချစ်တွေအကုန်ယူ။ အချစ်တွေအကုန်လုံးမင်းဖို့။ [Uni+Zaw] COMPLETED ✔Mostersue_Ei✔
