ကိုယ်တို့ကလေးလေး

755 56 16
                                    

ကိုယ်တို့ကလေးလေး

Man Pregnancy မို့အဆင်ပြေမှဖတ်ပါ*

"ကလေးလေးလိုချင်လိုက်တာ"

နေ့နေ့ညညကလေးမှကလေးဖြစ်နေပြီး ကလေးရောဂါထနေတဲ့အိမ်ကဝါဂွမ်းလုံး။လိုလေသေးမရှိအောင်ထားထားမှုအပြီး ဂျိမင်ဟာအိမ်ထောင်ကျပြီးမှကလေးတစ်ယောက်လို တဂျီဂျီပူဆာတတ်တဲ့လူကြီးအဆိုးလေးဖြစ်လာသည်။

ဒါကိုအပြစ်တင်လို့လည်းမရ။ အလိုလိုက်တဲ့ယောကျာ်းကလည်းဝါဂွမ်းလုံးဖို့ဆိုတဲ့ခေါင်းစဉ်အောက်မှာ ငွေတွေရှာတာလိုအပ်တာအကုန်လုပ်ပေးနိုင်ဖို့၊ဝယ်ပေးနိုင်ဖို့အလုပ်ကြိုးစားသည်။လိုချင်တာအကုန်ဝယ်ပေးလို့ရပေမယ့် ကလေးလိုချင်တာကျဝယ်ပေးလို့မရ။

ကလေးကိုမိဘမဲ့ဂေဟာကမွေးစားကြမယ်ဆိုလည်းမဟုတ်။ ကိုယ်တိုင်မွေးချင်တာပါတဲ့။ကိုယ်တွေနှစ်ဦးရဲ့အသွေးအသားကိုမှလိုချင်တာပါတဲ့။ ကလေးဆိုးလိုဆိုးနေကာ ခုထိကိုယ်ကခွင့်မပြုသေးတာမို့တအီအီလုပ်ကာ ဘာမှမစားဘူးဆိုပြီးဆန္ဒပြရင်း ပူဆာနေတော့သည်။

ခုလည်းအလုပ်လုပ်နေတဲ့ထဲ ကိုယ့်ပေါ်ခွထိုင်လာကာ ရင်ခွင်ထဲခေါင်းတိုးရင်းချွဲနေတော့သည်။ချွဲတာနဲ့အရည်ပျော်ပြီးလုပ်ချင်တာလုပ်ခွင့်ပေးမယ်လို့ထင်နေပုံပါပဲ။ဒါပေမယ့်ခုကိစ္စကအလွယ်တကူအဆင်ပြေသွားမှာမှမဟုတ်ပဲ။

"ဝါဂွမ်းလုံး"

ပခုံးကိုကိုင်ရင်းကိုယ်ကိုဆွဲဖယ်လိုက်ကာ ခေါ်လိုက်တော့ မျက်နှာငယ်လေးနဲ့မော့ကြည့်လာသည်။ ပျော့ညံ့နေတာလည်းမဟုတ် ကလေးလိုပဲ လိုချင်တာမရရင်ထိုင်အီပြီးပူဆာတတ်တာမျိုး။ဒီလိုချစ်စရာအမူအရာတွေကမြင်ရဖို့ရှားပါးတဲ့အဖိုးတန်လေးတွေလေ။

"ကလေးလေးဆိုတာက လိုချင်လိုက်တာလို့ပြောတာနဲ့ဗိုက်ထဲရောက်လာပြီး မွေးချင်လိုက်တာဆိုတာနဲ့ဗိုက်ထဲကတန်းထွက်လာတာမဟုတ်ဘူးလေ မိန်းခလေးတွေတောင်ဘယ်လိုဒုက္ခခံရလဲ? ကိုယ်တို့ယူဖို့ဆိုတာအချိန်တွေပေးရမှာ ပြီးတော့မသေချာဘူး"

"ကိုကိုကမလိုချင်လို့လား ဝါဂွမ်းလုံးတို့ကလေးလေး‌ဖြစ်လာမှာလေ နည်းပညာတွေလည်းတိုးတတ်နေပါပြီ။ကလေးလေးရှိလာရင်မဆိုးတော့ဘူးလေ လိမ္မာပါ့မယ် ကိုကိုလည်းကလေးလိုချင်နေမှန်းဝါဂွမ်းလုံးသိပါတယ် ဒီအခန်းထဲကဗီဒိုဘေးကစင်လေးမှာကလေးဖိနပ်ပိစိလေးတွေကြီးပဲဝယ်စုထားတာလည်းသိပါတယ် ကိုကိုလည်းလိုချင်တယ်မလားဟင်?"

𝐀𝐋𝐋 𝐌𝐘 𝐋𝐎𝐕𝐄 𝐈𝐒 𝐅𝐎𝐑 𝐘𝐎𝐔 Where stories live. Discover now