PART{7}

739 91 3
                                        

[Unicode]

မခံစားဖူးသောအချစ် မကြုံဖူးသောအချစ် မထိတွေ့ဖူးသောအချစ် နှလုံးသားလေးငြိမ်သက်နေချိန်လှုပ်ခတ်စေသောအချစ်....

ဒါတွေ ဒါတွေအားလုံးဟာ လွန်ခဲ့တဲ့နှစ်အချို့က အမေရိကမှာတွေ့ခဲ့ရပါသော ပတ်ဂျီမင်ဆိုတဲ့ခပ်ဆိုးဆိုးကောင်လေးနှင့်သက်ဆိုင်ကောင်းသက်ဆိုင်ပါသည်။

ငယ်ငယ်လေးထဲက အချစ်ဆိုမိသားစုဆီက သူငယ်ချင်းဆီကပဲအလျှံအပယ်ရခဲ့ဖူးတာမို့ ချစ်သူလိုချစ်ဖို့အကြောင်းတွေလည်းသူမစဥ်းစားခဲ့ဖူးပါ။ ပန်းတိုင်ရောက်အောင် စာကိုပဲအာရုံစိုက်ကာကြိုးစားခဲ့သည်။ အလုပ်ခွင်ကိုရောက်နိုင်အောင် လုပ်သက်အတွေ့အကြုံကိုပဲအာရုံစိုက်ခဲ့သည်။

ကြာခဲ့ပြီမလား အဲ့စိတ်အဲ့အတွေးကကြာခဲ့ပြီမလား ချစ်ဖို့အချိန်တန်ပြီမလား မချစ်ချစ်အောင်သင်ပေးနိုင်ခဲ့ပါသော ဝါဂွမ်းလုံးလေးအား သူချစ်သင့်ပြီမလား။ ငေးကြည့်ရုံနဲ့ပြည့်စုံမယ်ထင်ထားခဲ့ဖူးတာ။ ဒီကောင်လေး ငါ့နားမှာအစထဲကမရှိခဲ့တဲ့ကောင်လေး။ ဒီကောင်လေး ငါ့ဆီရုတ်တရက်ရောက်လာတဲ့ကောင်လေး။ ဒီကောင်လေး ငါ့အနားကထွက်သွားမဲ့ကောင်လေး။ လို့သာတွေးပြီး မချစ်ဖို့ထိန်းထားခဲ့ပေမဲ့လည်း မရခဲ့ပါဘူး။

အချစ်နဲ့ထိတွေ့တော့လည်းမူးမေ့မလိုပဲ ဆယ်ကျော်သက်လူပျိုလေးလိုရင်ခုန်နေရတယ် သူ့အပြုအမူတစ်ခုဆီတွေ့လိုက်တိုင်းရင်ထဲဖိုးသိုးဖတ်သတ်နဲ့ သူပြုံးရယ်နေတာလေးခိုးကြည့်နေမိတာတောင် ကိုယ့်ကိုကိုတွေးတွေးပြီးရှက်ခဲ့ရတဲ့အချိန်တွေရော...

ညသည်အတွေးနယ်ကိုလွန်စေသည်။ အခန်းထဲ နာရီတစ်ချက်ချက် အသံရယ် သူ့ရဲ့ ဝါဂွမ်းလုံးအကြောင်းစဥ်းစားတိုင်းပိုမြည်ဟီးလာသောနှလုံးခုန်သံရယ် အသက်ရှူသံပြင်းပြင်းရယ်တို့သာရှိသည်။

ပြတင်းပေါက်ဆီသွားကာ ပြတင်းပေါက်ကိုဖွင့်လိုက်သည်။ ကောင်းကင်ကကြယ်တွေကိုကြည့်ပြီး ကြယ်မကြွေသော်ငြား သူသည်ကလေးဆန်စွာ ဆုတစ်ခုအားမျက်စိမှိတ်ကာတောင်းခဲ့ပါသည်။

မြေပြင်က လူသားတစ်ယောက်ဟာ ကြယ်တစ်ပွင့်ကိုလိုချင်တဲ့အခါ စွတ်မခူးနိုင်သော်ငြားငေးကြည့်နိုင်သည်။
ကိုယ်သည် ဘေးနားက အသက်ခပ်ကွာကွာကောင်လေးတစ်ယောက်အားချစ်မိနေသော်ငြား ချစ်ကြောင်းဖွင့်ပြောဖို့အားပင်မရှိခဲ့ ငေးကြည့်မြဲ ငေးကြည့်ဆဲ။

𝐀𝐋𝐋 𝐌𝐘 𝐋𝐎𝐕𝐄 𝐈𝐒 𝐅𝐎𝐑 𝐘𝐎𝐔 Onde histórias criam vida. Descubra agora