PART{9}

653 85 7
                                    

[Unicode]

"ပါးကိုနမ်းပြီးရင်တာဝန်ယူရမယ်"

သူ့ကိုအခန်းထဲထိလည်းလိုက်ပို့တယ်။ ကိုယ်လက်တွေလည်းသန့်စင်ပေးတယ်။ ပါးကိုလည်းနမ်းတယ်။ သူအကုန်သိတာပေါ့။ မူးပဲမူးတာလေ။ အသိစိတ်ကအပြည့်ရှိနေသေးတာမို့ အကုန်ကုန်သိသည်။

"ဟင် ဝါဂွမ်းလုံးအိပ်တော့လေ"

အမူးသမားလေးအား စကားလမ်းကြောင်းလွှဲရတော့မည်သာ။ နို့မို့ဆိုအရမ်းရစ်နေတော့မှာ။

အင့်!

ရုတ်တရက်ဆိုသလိုအမူးသမားလေးဟာသူ့လက်အား အားနဲ့ဆွဲချလိုက်တာမို့ ကုတင်ပေါ်ဖင်ထိုင်ရက်ပြုတ်ကျသွားရသည်။ ထို့နောက်ဝါဂွမ်းလုံးက ထလာပြီး ဟျောင်းဂျွန်းအားဖက်ကာ

"ချစ်နေတာမလား ကျွန်တော့ကိုလေ? ကျွန်တော်လည်းဟျောင်းဂျွန်းကိုချစ်နေမိတာ စစတွေ့ထဲကပဲ"

အိပ်ချင်နေတဲ့အသံကြောင့် အက်ကွဲကွဲဖြစ်နေကာ လည်ပင်းနားခေါင်းကပ်၍လာပြောနေတာကြောင့် နှုတ်ခမ်းဖူးဖူးကထွက်လာသောလေနွေးနွေးသည် လည်ပင်းအားရိုက်ခတ်နေသည်။ သူလည်းဘာမှပြန်မပြောနိုင်အောင်ထိ ခန္ဓာကိုယ်ကတောင့်တင်းနေရသည်။ တကယ်ပါပဲ လူကိုသေအောင်သတ်ချင်နေတာလား?

"ဟင် ပြောအုံးလေ ဟျောင်းဂျွန်းရဲ့"

ချွဲသလိုအသံလေးနဲ့ပြောလာပြန်တော့လည်း နှလုံးသားလေးကအရည်ပျော်ချင်သွားပြန်ပြီ။ တကယ်ပါပဲကွာ!

"အိပ်တော့လေ မူးနေပြီကို"

သူ့ဘက်လေးလှည့်ကာ ပခုံးနှစ်ဖက်ကိုကိုင်လိုက်ရင်းပြောလိုက်တော့ သူ့အားဖက်တွယ်လာရင်း

"မူးပေမယ့်အကုန်သိတယ်ဟျောင်းဂျွန်းရဲ့ ချစ်ရင်ချစ်တယ်ပြောလေဗျာ"

"အင်းချစ်တယ် အရင်ကရော အခုရော"

မပြောရင်မရမဲ့အဆိုးအပေလေးကြောင့် ဝန်ခံလိုက်ရတော့သည်။ မနက်ကျရင်ရော မေ့သွားမှာလားတော့သူလည်းမသိပါ။ အင်း ဖွင့်ပြောလိုက်ရတော့လည်း ရင်ထဲပေါ့သွားတော့တာပဲ။

"အင်း "

သူ့ပခုံးလေးကိုလွှတ်ပေးလိုက်ပြီး အိပ်စေလိုက်တော့

𝐀𝐋𝐋 𝐌𝐘 𝐋𝐎𝐕𝐄 𝐈𝐒 𝐅𝐎𝐑 𝐘𝐎𝐔 Where stories live. Discover now