[Unicode]
"ဘာ!!!! ကင်မ်နမ်ဂျွန်း! မင်းအသေပဲ"
စေ့စပ်ရတော့မည့်အကြောင်းနှင့် စေ့စပ်ရမဲ့သူမှာဂျီမင်ဖြစ်ကြောင်းကို အမေရိကက ကျန်ခဲ့ရှာတဲ့ ချစ်သူငယ်ချင်းကြီး ကင်မ်ဆော့ဂျင်အားဖုန်းဆက်လှမ်းအသိပေးသောအခါ ဆူဆဲခံရသည်။
"နေအုံး နေအုံး ငါမေးအုံးမယ် မင်းတို့ကဘယ်တုန်းကချစ်သူဖြစ်သွားတာလဲဟမ် တစ်ချိန်လုံးအဲ့ငမွှေထိုးလေးရဲ့ပြဿနာတွေပဲလိုက်ရှင်းရင်းအချိန်ကုန်နေတာလေ
ခုအမေရိကကပြန်တာတောင်မကြာသေးဘူးဘာတွေဖြစ်ကုန်တာလဲ ""မချစ်ရသေးပါဘူးကွာ ငါသူ့ကိုကူညီရင်းခုညားတော့မှာ မင်းလည်းသိတဲ့အတိုင်း ငါကသူ့ကိုအစထဲကသဘောကျနေတာလေ ခုလိုအကူအညီလက်ခံရင်း ကိစ္စတွေကရှင်းမပြဖြစ်ကုန်တာ"
"ဘာတွေလဲကွာ ငါလေ ရိုက်ကွင်းတွေရှိနေလို့ နို့မို့ဆိုကိုရီးယားပြန်ပြေးလာပြီးရိုက်ထုပြီးမေးလိုက်ချင်ပြီ ငါဖြင့်နားမလည်ဘူး ငမွှေထိုးမွှေချက်ကလည်းအဲ့လောက်ဆိုးလား"
"နေစမ်းပါကွာ မင်းသာအမှီပြန်လာခဲ့ ငါပြောပြမယ် ဝါဂွမ်းလုံးကိုပဲဆက်တိုက်လာပြောမနေနဲ့"
"သူ့လူကျနာတတ်လိုက်တာ "
"နာနာပဲဟျောင့်"
တီ!
ဆော့ဂျင်ဘက်မှဦးစွာဖုန်းချသွားသည်။ အဲ့လိုပါပဲ ချစ်ဆုံးသူငယ်ချင်းကြီးဟာ စိတ်ဆိုးစိတ်ကောက်နိုင်သလို ဝါဂွမ်းလုံးနဲ့ပက်သက်ရင်ပိုဆိုးပါတယ်။
မော်ဒယ်ဘဝနဲ့ဖြတ်သန်းရင်းဘဝကိုအေးဆေးစွာပင်နေထိုင်နေသောဆော့ဂျင်ဟာ ဝါဂွမ်းလုံးနဲ့သူ့ကိုမိတ်ဆက်ပေးအပြီးမှာ ဝါဂွမ်းလုံးနဲ့တကျက်ကျက်ဖြစ်လာတတ်သည်။
ငါ့သူငယ်ချင်းလည်းမင်းနဲ့မှပြဿနာပေါင်းစုံရှင်နေရသည်ဟုတပွမ်ပွမ်ပြောသောဆော့ဂျင်နှင့် ဆော့ဂျင်ရှေ့သာငြိမ်ကုတ်စွာ နောက်ကွယ်ကျလုပ်ချင်ရာလုပ်ပြီးဟျောင်းဂျွန်းဆိုပြီးလိုက်ရှင်းခိုင်းသောသူကြားပင်ပန်းခဲ့ပါသည်။
ခုများအေးချမ်းမလားဆိုတော့လည်း အိမ်ရဲ့ထောင်ပါ ပတ်ခ်ဂျီမင်နဲ့အတူတူကျတော့မယ်။ အိုက်ဂူး ငါ့ဘဝလေး။
ဒါပေမဲ့သူလည်းဝါဂွမ်းလုံးကိုချစ်နေတာမို့တော်သေးသည်။ အိမ်ထောင်ကလည်းမကျချင်သေး စုပ်လည်းစူး စားလည်းရူးပါပြီဗျာ....

YOU ARE READING
𝐀𝐋𝐋 𝐌𝐘 𝐋𝐎𝐕𝐄 𝐈𝐒 𝐅𝐎𝐑 𝐘𝐎𝐔
Fanfictionအချစ်တွေအကုန်ယူ။ အချစ်တွေအကုန်လုံးမင်းဖို့။ [Uni+Zaw] COMPLETED ✔Mostersue_Ei✔