ဝက်ပေါက်လေးမို့မချစ်တော့တာမလား 🐷

623 66 8
                                        

ဝက်ပေါက်လေးမို့မချစ်တော့တာမလား

အလုပ်တွေကြိုးစားပမ်းစားလုပ်ကာ ကလေးကိုဂရုစိုက်ပေးရမယ့်အချိန်တွေကနည်းလာရသည်။ ကလေးက အားနည်းရင်နေမကောင်းတတ်တာမို့ အားရှိတာတွေတော့ဝယ်ဝယ်ကျွေးရသေးသည်။

ခုနောက်ပိုင်းဆို နာမည်အသစ်လေးတိုးလာတာက ဝက်ပေါက်လေးဆိုတဲ့နာမည်သာ....နဂိုထဲ ပါးဖောင်းလေးတွေရှိတာမို့ ခုတော့ ပိုပိုဖောင်းလာသည်။ လက်သန်းတိုတိုတုတ်တုတ်လေးက တစ်ခါတစ်လေကိုယ့်လက်နဲ့မဆီမဆိုင်လာလာယှဥ်နေသေးတာ။

အိပ်လိုက်တိုင်း ဖက်လုံးကို ကုတင်အောက်ကန်ချကာ ကိုယ့်အားအတင်းခွဖက်သည်။ ကိုယ်ကလည်းတစ်ပြန် ပြန်ခွပြီးအတင်းအကျပ်တွေဖက်ထားကြ။ တစ်ခါတစ်လေ သူ့ကိုခါးကနေအတင်းဆွဲကာကိုယ့်ဖက်ကိုအတင်းဆွဲခေါ်မိသည်။ အအိပ်ဆတ်တာမို့ ဆတ်ခနဲခေါင်းထောင်ကာ နှုတ်ခမ်းဆူထော်ပြီး ဘာဖြစ်တာလဲလို့ထကြည့်ကာ ပြန်အိပ်သွားတတ်သေးသည်။ အိပ်နေရင်းချစ်နေကြတာမဟုတ်ပဲ တစ်ခါတစ်လေနပန်းသတ်နေတာနဲ့လည်းတူနေသေး။

ကလေးပိစိလေးလို လှုပ်တုတ်လှုပ်တုတ်လေးမို့ အရမ်းအသည်းယားကာ ခုနောက်ပိုင်းအိမ်မှာအိပ်လိုက်စားလိုက်နဲ့ဒီဝါဂွမ်းလုံးလုံးလေးကို ပြောနေကြအတိုင်းဆို ဝါဂွမ်းလုံးလေးကိုလုံးကာ အလုပ်သွားလည်းအိတ်ကပ်ထဲခေါ်ထည့်သွားချင်မိပါသေးသည်။

ခုညက အရမ်းအလုပ်ရှုပ်နေတာ။ ခရီးလေးတစ်ခုလောက် ကလေးနဲ့ထွက်မလားလို့တွေးပြီး ရှိသမျှအလုပ်ကို ရှိသလောက်သိမ်းကြုံးလုပ်ရတော့သည်။ ကလေးမွေးနေ့အမှတ်တရလေးရောပေါ့။

ဒေါက် ဒေါက် ဒေါက်....

တံခါးခေါက်သံကြားတာမို့ ကလေးမှန်းသိလိုက်သည်။ နာရီကိုကြည့်တော့ ဆယ့်တစ်နာရီထိုးနေပြီ။ ဘာဖြစ်လို့ပါလဲ

တံခါးလေးပြေးဖွင့်လိုက်တော့ အိပ်ချင်မူးတူးလေးက သူ့အားတက်ခွလာတော့သည်။

"ဘာဖြစ်လာတာလဲ"

"အိမ်....မက်...ဆိုး...မက်...လာ...လို့"

တစ်လုံးခြင်းဆီကို အိပ်ချင်မူးတူးနဲ့ပြောကာ သူ့လည်ပင်းကိုလက်နှစ်ဖက်ကပိုတိုးကာဖက်လာပြီးခါးနှစ်ဖက်ကခြေထောက်တွေကလည်း ပိုတိုးကာခွလာတော့သည်။ ကိုယ်လည်းခါးကလက်တွေကိုပိုတင်းကျပ်လိုက်ရင်း အလုပ်စားပွဲမှာပြန်ထိုင်လိုက်ကာ

𝐀𝐋𝐋 𝐌𝐘 𝐋𝐎𝐕𝐄 𝐈𝐒 𝐅𝐎𝐑 𝐘𝐎𝐔 Onde histórias criam vida. Descubra agora