[Unicode]
"ရောက်နေပြီ လာခေါ်တော့"
ဒီရက်ကတော့ အကြိုအပို့လုပ်ရသောနေ့တွေပင် မေမေတို့သည် နောက်အပတ်တွင်စေ့စပ်ပေးတော့မည်ပြောသောအခါ ရှိသမျှအလုပ်ကိုဖြတ်ကာအမေရိကမှပင်ရောက်ချလာသောကင်မ်ဆော့ဂျင် ဆိုးလ်လေဆိပ်ကနေချက်ချင်းပင်ရထားထပ်စီးလာကာ ဘူဆန်သို့ရောက်ချလာသည်။ သူ့ဒုက္ခလည်းမသေး သူများကိုဆူဆဲဖို့တော်တော်ဒုက္ခခံရောက်ချလာသည်။ ပြီးရင်ပွားတော့မှာသိတယ်။
"အေး ငါတို့လည်းရောက်တော့မယ်"
ထုံးစံအတိုင်း ဂျီမင်ကပဲကားမောင်းရတာပေါ့။
"တွေ့ပြီ ဟျောင်းဂျွန်း ဟိုမှာ ဟျောင်းဘာသာသွားခေါ် ကျွန်တော်ဒီကပဲစောင့်နေမယ်"
"ဒါမျိုးကျကြောက်နေလိုက်သိလား"
သူသည်လည်း လျှာသာထုတ်ပြလျက်ကားပေါ်နေခဲ့သည်။ ငါလည်းကြောက်တတ်တာပဲလေ ဟွန့် ကားပေါ်ကကြည့်နေသလောက်တော့ ဆော့ဂျင်ဟျောင်းသည် ဘေးကအထုတ်ဆွဲလာသောဟျောင်းဂျွန်းအား ပွစိပွစိပြောနေသည်။
ဆော့ဂျင်ဟျောင်းသည် ချစ်ကြောက်ရိုသေရန်ဖြစ် ရသောအကိုတစ်ယောက်ဖြစ်သည်။
ချစ်လည်းချစ်သည်။ ပွစိပွစိပြောတတ်တာမှန်ပေမဲ့ ကောင်းစေချင်လို့ပြောတာတွေဖြစ်တာမို့ ငြိမ်ခံကာနားထောင်ရသေးသည်။ ဒါပေမဲ့လည်းနားပူနားစာမခံနိုင်လို့ထွက်ပြေးရတာတော့များတာပေါ့။ အဲ့ကျတော့ပိုဆူခံထိတော့တာပဲ
လူကြီးတစ်ယောက်အနေနဲ့ အကိုတစ်ယောက်အနေနဲ့ ဆုံးမတဲ့သူတစ်ယောက်အနေနဲ့ဆော့ဂျင်ဟျောင်းအား ရန်ဖြစ်တတ်တဲ့ တကျက်ကျက်အချိန်ကလွဲကျန်တဲ့အချိန် ရိုသေပါသည်။ နောက်ဆုံးကတော့ရန်ဖြစ်တာပေါ့.... မတည့်ဖူးလေ ဘာလို့မတည့်မှန်းမသိ တစ်နေ့တစ်နေ့အတူတူနေခြင်းတွင်ရန်ဖြစ်ရတာပိုများသည်။
သို့သော် ဆော့ဂျင်ဟျောင်းသည် ဘုရားကသူ့ဖို့ဖန်ဆင်းပေးလိုက်သော ချစ်ရပါသောအကိုအရင်းလိုလူ။
ကိုယ့်ဘာသာတွေးနေတုန်း ဝုန်းခနဲတံခါးပိတ်ကာ နောက်ခန်းသို့ဆော့ဂျင်ဟျောင်းကဝင်လာသည်။ ဟျောင်းဂျွန်း ကလည်း နောက်မှပစ္စည်းတွေသွားထည့်ပြီးရှေ့သို့လာထိုင်သည်။
YOU ARE READING
𝐀𝐋𝐋 𝐌𝐘 𝐋𝐎𝐕𝐄 𝐈𝐒 𝐅𝐎𝐑 𝐘𝐎𝐔
Fanfictionအချစ်တွေအကုန်ယူ။ အချစ်တွေအကုန်လုံးမင်းဖို့။ [Uni+Zaw] COMPLETED ✔Mostersue_Ei✔