တန်ပြန်တိုက်ကွက်!

459 59 2
                                        

တန်ပြန်တိုက်ကွက်!

"ကလေးလိုချင်တယ်...ကလေးမွေးပေး! "

"ကိုကိုကဘယ်လိုမွေးလို့ရမှာလဲ!!!"

"ဒါဆိုမွေးစားပေး!"

ဟော ပူဆာစရာမရှိနောက်ဆုံးတော့ကလေးပူဆာပြန်ပြီ။ ကိုယ်လည်းကလေးလိုချင်တာပေါ့။ စူပါမားကတ်မှာ ကလေးဖိနပ်သေးသေးလေးတွေတွေ့တိုင်း လက်အိတ်ပိစိလေးတွေတွေ့တိုင်း အသည်းတယားယားနဲ့ဝယ်စုထားခဲ့မိတာတွေရော....

မွေးစားလို့ရပေမယ့် ကိုယ့်အသွေးအသားကိုပိုလို့ပင်လိုချင်မိသေးတယ်။ ဒါပေမယ့်မဖြစ်နိုင်တဲ့အခြေအနေမှာ ကိုယ်ကလည်းကလေးလိုချင် ဝါဂွမ်းလုံးကလည်းကလေးလိုချင်တယ်ဆိုတော့ကွက်တိပဲပေါ့!

လှူတန်းနေကြ မိဘမဲ့ဂေဟာလေးဆီ သွားဖို့နမ်ဂျွန်းပြင်ဆင်ရတော့သည်။

"ဟုတ်ပြီ ဂျစ်တိုက်မနေနဲ့ ထအဝတ်အစားလဲ အပြင်သွားမယ်! မင်းလေးကချက်ချင်းဆိုချက်ချင်း"

"နေပါအုံး အဝတ်လဲအုံးမယ်"

"လဲလေ ထိုင်စောင့်နေပေးမယ်"

"စောင့်စရာလား အပြင်ထွက်လေ!"

"မထွက်ဘူး"

နှုတ်ခမ်းတထော်ထော်နဲ့ ပြန်အော်နေမည့်ကလေးလေးရဲ့ မျက်နှာကိုမြင်ချင်သေးတာမို့ထပ်စမိပြန်သည်။

"ပြောနေတာကို!!!"

"ဟုတ်ပြီဟုတ်ပြီ ထွက်ပြီ"

နမ်ဂျွန်းကအလုပ်လုပ်ရတဲ့အချိန်သာလူကြီးလူကောင်းဆန်ဆန်ဝတ်တတ်ပေမယ့် ကျန်ခဲ့အချိန်တော့ တီရှပ်အပွ နဲ့ ဘောင်းဘီအတိုကိုဝတ်ထားတတ်ပြန်သေးသည်။ ကလေးအတွက်လူကြီးဆိုပေမယ့် တစ်ခါတစ်လေကျ ကလေးနဲ့အပြိုင်ငယ်ရွယ်နုရွချင်ပြန်သေးသည်။ တကယ်က က​ဟလေးကများ ရင်ခုန်ပြီးသဝန်တိုမလားလို့ပါ။

"ကိုကိုရေ...ပြီးပြီမို့လို့ အခန်းထဲလာပြီးအဝတ်အစားလာလဲအုံး ထုတ်ထားတယ်"

ခုနက ပူဆာလို့ကောက်ချိတ်နေတာနဲ့ခြားနားစွာ လိုချင်တာရတော့မည်ဆိုတဲ့စိတ်နဲ့အူမြူးနေတာအသိသာကြီး။ စိတ်ကောက်ရင်လည်းခက်သား... ဝရံတာမှာသွားသွားငိုနေပြန်ရော လေအေးတိုက်လို့ခဏခဏဖျားပေမယ့်လည်းမမှတ်ပဲပေါ့။

𝐀𝐋𝐋 𝐌𝐘 𝐋𝐎𝐕𝐄 𝐈𝐒 𝐅𝐎𝐑 𝐘𝐎𝐔 Where stories live. Discover now