[Unicode]
"ပျော်ရဲ့လား "
"အင်း"
စက်ဘီးလည်းအတူတူစီးကြရင်း မြစ်ဘေးနားက ရေခဲမုန့်ဆိုင်မှာလည်း စက်ဘီးလေးရပ် ရေခဲမုန့်လေးဝယ်ပြီး ရေခဲမုန့်လေးစားနေကြသည်။
အပူအလောင် ချစ်ခြင်းမေတ္တာတွေမပါခဲ့ရင်ဒီလိုလေးကလည်းနေရတာအေးချမ်းတယ်ဆိုတာဝါဂွမ်းလုံးကိုသိစေချင်တယ်။
"ဝါဂွမ်းလုံး"
"ဗျာ..."
ဝါဂွမ်းလုံးဆိုတာ ဟျောင်းဂျွန်းရဲ့အခေါ်နည်းတဲ့သူ့နာမည်လေး။ မှတ်မှတ်ရရ သူနဲ့စတွေ့တော့ဟျောင်းဂျွန်းကခေါ်ခဲ့တာ ။ ဆရာဂျွန်းလို့ခေါ်ရတာသဘောကျပေမဲ့ ကျွန်တော်ကဟျောင်းဂျွန်းလို့ခေါ်ရတာပိုသဘောကျခဲ့တာ။
"တကယ်တော့ကွာ မင်းနဲ့ငါ့ကိုတကယ်အိမ်ထောင်ချပေးကြရင်ဘယ်လိုလုပ်မလဲ"
"အဲ့တာကတော့ရှင်းရှင်းလေးပဲ ကျွန်တော်လည်းအစကထွက်ပြေးဖို့လုပ်ကြည့်ခဲ့ပေမဲ့ သေချာစဉ်းစားကြည့်တော့ ကျွန်တော်အိမ်ထောင်ပြုဖို့မတွေးထားဘူးဟျောင်းဂျွန်း ဟျောင်းလည်းအသိပဲလေ ကောင်မလေးတောင်ထားဖူးလား ဆိုးသွမ်းပေမဲ့ငရှုပ်မဟုတ်ဘူးလေ ခုလို တရင်းတနှီးဟျောင်းနဲ့ပဲလက်ထပ်ရမယ်ဆိုတော့ရောဘာနစ်နာရမှာလဲ ဟျောင်းကအလိုလိုက်တော့အဆင်ပြေနေတာပဲ"
စကားအရှည်ကြီးကိုရေခဲမုန့်စားလိုက်ပြောလိုက်လုပ်သွားသောဝါဂွမ်းလုံးကဖြစ်ညစ်ချင်စရာ။ ဒီလိုကလေးလိုဝတ်စားလိုက်ရင် မင်းကို အေမရိကက ဆိုးခဲ့တဲ့ဂျီမင်လို့ရှာမရတော့။နွေဦးမှာတောင် အကျီလုံးလုံးလေးနဲ့ ရေခဲမုန့်စားပြီး ရေခဲမုန့်ကမြေပဲစေ့လေးတွေကိုဝါးလို့လှုပ်နေတဲ့ပါးဖောင်းဖောင်းလေး
"အိမ်ထောင်ပြုတာကိုလွယ်လွယ်လေးလို့ထင်နေလား ဝါဂွမ်းလုံး"
"ဟုတ် ကျွန်တော့်အတွက်တော့လွယ်တယ်ဟျောင်း ဘာလို့လည်းဆိုတော့ဟျောင်းဖြစ်နေလို့ပဲ ဟျောင်းနဲ့ဆိုအေးဆေးပေါ့ပါးလွန်းတယ် အချစ်အကြောင်းတော့မပြောကြရအောင် ကြာရင်ချစ်သွားနိုင်တာပဲ"
VOCÊ ESTÁ LENDO
𝐀𝐋𝐋 𝐌𝐘 𝐋𝐎𝐕𝐄 𝐈𝐒 𝐅𝐎𝐑 𝐘𝐎𝐔
Fanficအချစ်တွေအကုန်ယူ။ အချစ်တွေအကုန်လုံးမင်းဖို့။ [Uni+Zaw] COMPLETED ✔Mostersue_Ei✔