[Unicode]
ဂျီမင်သည် ယခုအချိန်ထိ နမ်ဂျွန်းနဲ့စကားမပြောဖြစ်သေးပါ။ သုံးရက်လောက်တောင်ရှိနေရော စိတ်ဆိုးလို့လည်းမဟုတ် စကားမပြောချင်လို့သာဖြစ်သည်။ စကားပြောလိုက်လို့ အဲ့စကားစလာရင်ဘယ်လိုလုပ်မလဲ??
ဒီနေ့တော့ ဟျောင်းဂျွန်းရဲ့အဖေနဲ့အမေကို မြစ်ကမ်းဘက်လိုက်ပြမလို့သာ။ သူကကားမောင်းပြီး ဘေးမှာဟျောင်းဂျွန်းက ကားမှန်ဘက်သာလှည့်ထားသည်။ အနောက်ခန်းမှာတော့ နမ်ဂျွန်းအဖေနဲ့အမေ။
လာကြိုတုန်းကလိုကားထဲစကားပြောသံမညံနေပဲ တိတ်ဆိတ်နေတာကြောင့် သွက်သွက်လက်လက်နမ်ဂျွန်းအမေမှာမနေတတ်တော့။ ဒီကလေးတွေဘာဖြစ်ထားကြတာလဲ???
"သားတို့ ရန်ဖြစ်ထားကြတာလား?"
"မဖြစ်ပါဘူး! !"
"မဖြစ်ပါဘူး! !"နှစ်ယောက်လုံးမှပြိုင်တူအသံထွက်လာတာ ဇာတ်တိုက်ထားစရာပင်မလို
"အေးအေးပြီးတာပဲ နောက်ရက်ပဲစေ့စပ်တော့မယ် ကလေးမဆန်ကြနဲ့တော့နော် သားလေးဂျီမင်ကငယ်သေးလို့ကလေးဆန်တယ်ထားပါ နမ်ဂျွန်းအငယ်ကိုလျှော့ပေးနော် ကလေးကို"
"ဟုတ်ကဲ့"
ဂျီမင်ကတော့ သူ့ဘက်လိုက်မဲ့သူရှိတော့ ပိုဆိုးချင်သယောင်နှုတ်ခမ်းထော်ကာဆူလာသည်။ ငါလေ အဲ့နှုတ်ခမ်းကို လက်နဲ့ဆွဲပြီးမွချင်တာ ဟင်းးးးဟင်းးးး
^^^^^^^^^
ဒီနေ့က စေ့စပ်ပွဲ။ ခုထိဝါဂွမ်းလုံးကမခေါ်သေးတာ အော်သွတ်ခဲ....
"ဂျီမင်"
နမ်ဂျွန်းသည် အခန်းထဲတွင်ပြင်ဆင်နေသောဝါဂွမ်းလုံးနားသွားကာ သူ့နာမည်ကိုသာခေါ်လိုက်သည်။ ပေစောင်းစောင်းနဲ့သူ့ကိုကြည့်လာပြီး
"ဘာဖြစ်နေတာလဲ ငါ့ကိုစကားလည်းကောင်းကောင်းမပြောဘူး"
သူထိုင်နေတဲ့ထိုင်ခုံရှေ့ ဒူးလေးတစ်ဖက်ချ၍သူ့ကိုမော့ကြည့်ကာမေးလိုက်သည်။
"ဘာမှမဖြစ်ပါဘူး "
"သေချာလား"
"သေချာပါတယ်ဆိုမှပဲ!"
YOU ARE READING
𝐀𝐋𝐋 𝐌𝐘 𝐋𝐎𝐕𝐄 𝐈𝐒 𝐅𝐎𝐑 𝐘𝐎𝐔
Fanfictionအချစ်တွေအကုန်ယူ။ အချစ်တွေအကုန်လုံးမင်းဖို့။ [Uni+Zaw] COMPLETED ✔Mostersue_Ei✔