Daddy
"Yooo! Brooo"
အသံကျယ်ကြီးကိုအိမ်ထဲရောက်ထဲကဆူအောင်ခေါ်နေတာကတော့ သိတဲ့အတိုင်းဒီဇာတ်လမ်းရဲ့ကိုစွာကျယ်တစ်ယောက်ပါပဲ။
ဟိုရက်ထဲကဆော့ဂျင်တို့အတွဲအိမ်လာမယ်ပြောထားတာမို့နမ်ဂျွန်းလည်းအလုပ်မသွားဖြစ်။ ခုတင်အိမ်သန့်ရှင်းရေးတွေလုပ်ပြီး သူတို့အလာကိုစောင့်နေတာ အသံအာပြဲနဲ့ရောက်ချလာတော့တာပဲ။
"ဖြေးဖြေးပေါ့ကွာ ငါ့ကလေးမနှိုးသေးဘူး"
"မင်းကလေးကမအိပ်ဖူးလို့လား ငါအော်လို့နှိုးလည်းဘာဖြစ်လဲ"
နမ်ဂျွန်းကဘာမှဆက်မပြောပဲ မနိုင်ဘူးဆိုတဲ့သဘောနဲ့လက်ခါပြ၍သာ အပေါ်ထပ်တက်သွားသည်။
"မင်းကလေးပါနှိုးလာခဲ့!"
ဆော့ဂျင်အော်ပြောရင်းသာ စားပွဲပေါ်ထယ်ယောင်းခပ်ပေးထားသောရေကိုယူသောက်လိုက်သည်။ ထယ်ယောင်းကတော့ဝယ်လာတဲ့ဟင်းစားတွေရေခဲသေတ္တာထဲထည့်ထားတုန်း။
ဒီကိုလာလည်ရင်း အတူတူချက်ပြုတ်စားဖို့ဝယ်လာခဲ့တာ။ ဒီကသူဌေးသားတွေက မရှိလည်းဆိုင်မှာဝယ်စားကြတော့ဘာမှသိပ်ဝယ်မယ်မထင်ဘူး။
"ဟျောင်း သူတို့ရေခဲသေတ္တာထဲမှာနွားနို့ဘူးတွေကများလိုက်တာ"
"ထားလိုက်မောင် သူတို့နို့မပြတ်ကြသေးလို့နေမှာ"
"ဘာနို့မပြတ်ရမှာလဲ ကလေးကြိုက်လို့ဝယ်ဖြည့်ထားတာ"
ဘယ်အချိန်ကဘယ်လိုနောက်ပြန်ရောက်နေမှန်းမသိတဲ့နမ်ဂျွန်းက ပြောလိုက်တော့ ဆော့ဂျင်နည်းနည်းတော့လန့်သွားသည်။ ရုတ်တရက်ကြီးပေါ်ချလာတာ!
"နို့မဝခဲ့လို့အဲ့လောက်သောက်ချင်တာနေမှာပေါ့ ဘယ်သူမှနွားနို့အများကြီးမသောက်နိုင်ဘူး ကြိုက်ရင်တောင်အမြဲတစေသောက်ဖို့ကမဖြစ်နိုင်ဘူး ညှီလို့။ မင်းကလေးကသူငယ်ပြန်နေတာ"
"အင်းဟုတ်မယ် အဲ့တာကြောင့် ငါ့ကိုတစ်ခါတစ်လေတွေများဆို ကိုကိုလို့မခေါ်ပဲ Daddy လို့ခေါ်နေတာ"

YOU ARE READING
𝐀𝐋𝐋 𝐌𝐘 𝐋𝐎𝐕𝐄 𝐈𝐒 𝐅𝐎𝐑 𝐘𝐎𝐔
Fanfictionအချစ်တွေအကုန်ယူ။ အချစ်တွေအကုန်လုံးမင်းဖို့။ [Uni+Zaw] COMPLETED ✔Mostersue_Ei✔