မွေးနေ့မှာပျော်ရွှင်ပါစေ။
"ဟက်ပီဘက်ဒေးပါ ကိုယ့်ချစ်ရဆုံးသောလေးရေ"
"ဟုတ်!"
ဖူးးးးး
ကိတ်မုန့်ပေါ်ရှိဖယောင်းတိုင်မီးလေးတွေကိုမှုတ်လိုက်ရင်း လက်ခုပ်တီးလိုက်သည်။ မွေးနေ့ကိတ်ပေါ်မှာ ဝါဂွမ်းလုံးဆိုတဲ့နာမည်လေးနဲ့။ သူ့ပုံစံ အရုပ်အသေးလေးကိုနှုတ်ခမ်းထူထူလေးဖြစ်အောင်ဆွဲထားသေးတယ်တဲ့....ချစ်ဖို့ကောင်းလိုက်တာ
"ဘေဘီလို့ခေါ်ရင် အရမ်းနုရွနေတာမျိုးဖြစ်နေမလားမသိပေမယ့်ကိုယ့်ဝါဂွမ်းလုံးလေးကိုဘေဘီလို့ခေါ်ချင်တယ်"
"ခွင့်တောင်းစရာလိုလား ရပါတယ်ဗျ"
"အင်း လိုချင်တာရနေရင်အဲ့လိုပါပဲလား"
"လိုချင်တာမရလည်း ခေါ်ခိုင်းပါ့မယ်နော် ဪ ဒါနဲ့မွေးနေ့လက်ဆောင်ကဒါပဲလား.. ဟန်မြစ်နားမှာ စောင်လေးခင်း ကိတ်ခွဲ ဒါပဲလားကိုကို"
"စက်ဘီးပတ်စီးမယ်လေ "
"ပြီးတော့ရော"
"ဒါပဲလေ"
"ဟင် စပရိုက်ဘာညာ...."
"မရှိ"
"ဟာ....ကိုကိုကွာ ဒီကမျှော်လင့်ထားတာကို"
ခွံ့ကျွေးဖို့စက္ကူပန်းကန်ထဲထည့်ထားတဲ့ကိတ်မုန့်လေးကိုဇွန်းပိစိနဲ့ထိုးဆွပြီးကောက်တော်မူပါတော့တယ် ပါးစပ်ကလည်းပွစိပွစိနဲ့ပေါ့
နှုတ်ခမ်းထော်ထော်လုပ်နေတာမို့ ထော်နေတဲ့နှုတ်ခမ်းကိုလက်နဲ့စုပြီးဆွဲလိုက်တော့သည်။
"arrrrr မလုပ်နဲ့ဗျာ"
"စိတ်ဆိုးတာလား ရတယ်လေ လက်ဆောင်မယူနဲ့!"
ဘောင်းဘီအိတ်ကပ်ထဲက ဘူးလေးကိုမြင်အောင်ထုတ်ပြရင်းပြောလိုက်သည်။
"ဟီး ကိုကိုကလည်းစတာပါ ဘာလေးလဲ ပေးပေး"
"မပေးဘူး"
"ပေးပါဗျာ...နော်"
လက်အုပ်လေးချီကာပြောလာတော့ ကင်မ်နမ်ဂျွန်းတို့အရည်မပျော်ပဲနေမလား?
"ကြည့်! ကိုကိုကိုယ်တိုင်ဒီဇိုင်းဆွဲပြီးအပ်ထားတာ"
ကြိုးမျှင်ဆွဲကြိုးလေးနဲ့ ချစ်စရာလော့ကတ်သီးလေး
أنت تقرأ
𝐀𝐋𝐋 𝐌𝐘 𝐋𝐎𝐕𝐄 𝐈𝐒 𝐅𝐎𝐑 𝐘𝐎𝐔
أدب الهواةအချစ်တွေအကုန်ယူ။ အချစ်တွေအကုန်လုံးမင်းဖို့။ [Uni+Zaw] COMPLETED ✔Mostersue_Ei✔