Chapter 10 (Zawgyi)

23 0 0
                                    


သူမ ထင်တဲ့ အတိုင်းပါပဲ ဟိုမကောင်းဆိုးရွား တော်ဝင်မျိုးနွယ်ကို မြင်ပြီး ကတည်းက သူအိပ်လို့ ရမှာ မဟုတ်ဘူး လို့ အခုလည်း အိပ်လို့မရပါဘူး နာရီ ကြည့်တော့ မနက်3 နာရီ

ညလေက ဖွင့်ထားတဲ့ ပြတင်းပေါက်မှ ဖြတ်သန်းနေတယ် ညဘက်လေက အေးစက်ပြီး တိတ်ဆိတ်မှုကို အားပေးနေသလိုပဲ သူမ လက်ထဲက ဆေးလိပ်က ဖင်ဘူးထိရောက်နေပြီ ပြာတွေက အောပ်က ကြမ်းပြင်ပေါ် ကျချင်သလို ကျနေတယ်

သူမ ပုံမှန်ဆို ဆေးလိပ်မသောက်ပါဘူး ဒီဟာက လူသားတွေ အတွက်မကောင်းတာ သူသိပါတယ် ဒါပေမယ့် ဒီလို အိပ်မက်ဆိုးနဲ့ အိပ်မရတဲ့ နေ့တွေမှာတော့ ဆေးလိပ်က အထော် ဖြစ်လာတယ်
..................................................................
အာ့ရွှေဝါရောင် မျတ်လုံးတွေ မုန်းလိုက်တာ သူ့ကို ခုထိ လိုက်နှောက်ယှက်နေတဲ့ အာ့မျတ်လုံးတွေ........
တည့်တည့်စိုက်ကြည့်ရင် ကိုယ့်အတွင်းထဲထိ လှမ်းမြင်နေရသလို စူးရှတဲ့ မျတ်လုံးတွေ
vampire တွေမှာ ရွှေရောင် မျတ်လုံးရှိတဲ့ သူတွေကို တစ်ချို့က တော်ဝင်‌မျိုးနွယ်တွေလို့ ခေါ်တယ် vampire တွေကို အုပ်ချုပ်တဲ့ သူတွေ မို့
တစ်ချို့ကတော့  Full blood တွေလို့ ခေါ်တယ် သူတို့တွေက ဘာသွေးမှ မရောဘဲ vampire သွေးအပြည့်နဲ့မို့

အခေါ်အဝေါ်ထက် အကုန်သိတာကတော့ အာ့ရွှေရောင် မျတ်လုံး ပိုင်ရှင်တွေက ပုံမှန်ထက် ပို စွမ်းတယ် ပိုသန်မာတယ် hunter တွေလို ပြောကြရင်ရော အသက်ရ မခက်ဆုံး vampire

လောကကြီးက စစ်ကြီး ပြီးကတည်း မျိုးစပ်တွေ အများကြီး ပေါ်လာခဲ့တာ အာ့လိုလူတွေ များတဲ့နေရာမှာ တော်ဝင်တစ်ယောက်ရဲ့ စွမ်းအင်နဲ့ လွှမ်းမိုးနှိုင်စွမ်းက အနှိုင်းမဲ့လိုမျိုးပဲ

ကောလဟာသတွေကတော့ အာ့တော်ဝင်တွေကို သတ်နိုင်တဲ့ လူသားက Akagi မျိုးနွယ် Akagi သွေးပဲရှိတယ်တဲ့ ဒါပေမယ့် သူမမှာ မျိုးနွယ်နဲ့ ပတ်သတ်လို့ သိတာဆိုလို့ otto ရှာပေးတဲ့ စာအုပ်တွေဆီကနဲ့ သူ့မိဘတွေ မဆုံးခင်က သင်ပေးခဲ့တာတွေရှိတာ
ဒါပေမယ့် လူတွေက ဒါတွေ မသိသလို ဂရုလည်း မစိုက်ကြပါဘူး လူတို့အမြင်မှာ Akagi တစ်ယေက်ဆိုတာနဲ့ သူတို့ အားလုံးထက်သာပြီး သူ့တို့ကို ကယ်တင်မဲ့ လူလိုပဲ ထင်ကြတာ
မြို့ထဲမှာ သူမကို အမဲလိုက်နည်းပညာတွေ သင်ပေးတဲ့  Hunter တွေတော့ ရှိပါတယ် ဒါပေမယ့် သူတို့တွေက သူဘာမှ မလုပ်တတ်တောင် နတ်ဘုရားလို ကိုးကွယ်နေတာ မကြိုက်ဘူး အာ့တော့ သူ့fanဆိုတဲ့ သူတွေကိုလည်း သူမကြိုက်ဘူး သူ့ကို တစ်နေ့လုံးလိုက်ကြည့်နေတာ သူမုန်းတယ် အားလုံးရှေ့မှာ နတ်ဘုရားတစ်ပါးလို ကိုးကွယ်ခံနေရတာ သူမုန်းတယ်
....................................................................
ဒါ.. ဘာသံလဲ .....
သူမအတွေးတွေကို ဖြတ်တောက်ပစ်တဲ့ အပြင်က အသံ ဒီအချိန်ကြီး အဆောင်က ကလေးတွေ ခိုးထွက်တာလား ဘယ်လိုပဲ မျိုးနွယ်တွေ တူတူ နေနိုင်ပေနယ့် ညဆိုတာ ဟိုသူတွေ ကျတ်စားတဲ့ အချိန် အာ့‌ကြောင့် လူသားအဆောင်မှာ ညဘက်ဆို မြို့ထဲ ကလွဲ အပြင်မထွက်ခိုင်းတာကို အခုမှ ရောက်တဲ့ ကလေးတွေက တစ်ခါတစ်လေ ခိုးထွက်ကြသေးတယ်
ဒီေ_ာက်ကလေး တွေ ဘာလို့ စည်းကမ်းဆို မလိုက်နာဘဲ လုပ်ချင်ရာ လုပ်ကြတာလဲ မသိဘူး ဟိုကောက်စုတ်ရောပဲ ခဏနေအုန်း သူ့အ‌ကြောင်းပ ဘာလို့ ပါလာတာလဲ
သူမ ပြတင်းပေါက်ဆီကို ထသွားပြီး အောက်ကို ငုံ့ကြည့်တော့.... shittt မ ဖြစ်နိုင်တာ လရောင်အောက်မှာ ထင်းနေတဲ့ အဖြူရောင် ဆံပင်တွေ... မဖြစ်နိုင်တာ သူမ ‌ကိုယ်ကို ကိုင်းပြီး သေချာကြည့်တော့ မရှိတော့ဘူး
သူမလျှောက် မြင်နေတာလား ‌သူမအခန်းက တတိယထပ်မှာဆိုတော့ နေ‌ရာတော်တော်များများမြင်ရပါတယ် ခဏလေးနဲ့တော့ သူ့လို vampire က ဒီလောက် မြန်မြန်ပျောက်မသွားနိုင်ပါဘူး မျတ်တောက် ခတ်သလောက်ပဲ ကြာတာကို သူမ မြင်ယောင်နေတာလား အဆာင်နှစ်ခုလုံးကလည်း အဝေးကြီး ကို မဟုတ်နိုင်တာ

Just Need You(GXG)Where stories live. Discover now