"Wowwww တိုက်ကြီးတွေ အမြင့်ကြီးပဲ ဟိုဟာကြီးက ဘာကြီးလဲ… ဒီဟာကရော ဘာလဲ… ဒါဘယ်လိုလုပ်တာလဲ… ဒါဘယ်လိုသုံးတာလဲ… ဒါ …”
"တော်တော့ နားညည်းတယ် ပါးစပ်ပိတ်ထား ”ကောင်စုတ် တော်တော်စကားများတာ
Mission ကြောင့်သာ မဟုတ်ရင် ဒီနေရာမှာ သတ်ပစ်လိုက်ချင်နေပြီ ကောင်စုတ်…"ကဲ … အကောင်စုတ်လေး
မြို့တော်ကနေ ကြိုဆိုပါတယ် ငါနောက်ကလိုက်ခဲ့ မကျန်ခဲ့နဲ့”
သူမ ဝင်သွားတာနဲ့ လူတိုင်းရဲ့ မျတ်လုံးတွေက သူမ ဆီမှာ
ဒီလိုပဲလေ သူမဆိုတာ လူတိုင်းရဲ့ စိတ်ဝင်စားမှု ခံနေရတာ
ကြာလာတော့ ဂရုတောင် မစိုက်တော့ပါဘူးအနောက်က ကောင်စုတ်ကလေးကိုလည်း မကျန်အောင် လှည့် လှည့်ကြည့်ရသေးတယ်
သူ မပါရင် ဟို အဘိုးကြီး ဆဲတာ ခံနေရမှာ သူကဘယ်လောက်တောင် အရေးကြီးလို့ သူမကို တာဝန်ပေးရတာလဲများသောအားဖြင့် သူမကို ပေးတဲ့ Mission တွေက အန္တရာယ် များတဲ့ ဟာတွေ ဒါမှမဟုတ် အရေးကြီးတဲ့ဟာတွေ
ဒီကောင်စုတ်က အာ့လောက် အားရှိပုံတောင် မပေါ်တာ ငါ့မှာတော့ အလကားသက်သက် သေနတ်တောင်ယူသွားရတယ် အရေးမပါတာ တကယ်ပဲမြို့တော် ထဲ ဝင်တာနဲ့ အဆောက်အအုံ အကြီးကြီးက ကြိုဆိုနေပါတယ်
ဒီအဆောက်အအုံကတော့ Organizationတွေ ရဲ့ အရေးကြီးတဲ့ အလုပ်တွေလုပ်တဲ့နေရာ သူမ အလုပ်လုပ်တဲ့နေရာပေါ့
ဒီနေရာက ဥပဒေတွေ power တွေ စုဆောင်းနေတဲ့ နေရာပေါ့ မြို့တော်ရဲ့ အသက်သွေးကြောနေရာကြီးပေါ့ရုံးချုပ်ထဲဝင်တာနဲ့ ဟို ကောင်စုတ်က ပါးစပ်တောင် မစိနိုင်ဘူး
သူက ဟိုကျွန်းပေါ်မှာ ဘယ်လောက်တောင် နေခဲ့လို့ ဒါတွေ မသိရတာလဲ ငကြောင်ကောင်သူမကို တွေ့တဲ့ လူတစ်ချို့ကတော့ ပြုံးပြပြီး နှုတ်ဆတ်ကြပါတယ် သူမနဲ့အလုပ်လုပ်ဖူးတဲ့သူတွေထင်တယ်
သူမကတော့ ပုံမှန် မျတ်နှာနဲ့ပါပဲ လူတိုင်းကို လိုက်ပြုံးပြဖို့ သူမ မအားဘူး ဒီကောင်စုတ်ကို အဘိုးကြီးလက်ထဲ ထည့် ပြီး ရင် ပြီးပြီ
သူမရဲ့ mission ပြီးသွားရင် Training room ထဲမှာ အေးအေးဆေးဆေး သွားနေလို့ရပြီ ဒါမှမဟုတ် mission အသစ်တစ်ခုရှာပြီ ဒီမြို့ကနေ ထွက်သွားလို့ရပြီ
YOU ARE READING
Just Need You(GXG)
Fantasyပုံပြင်ထဲတွင်သာ ရှိရတဲ့ ထင်တဲ့ သဘာဝလွန် မျိုးနွယ်တွေဟာ လူသားတွေရဲ့ တစ်ကိုယ်ကောင်းဆန်မှု၊ ယှဉ်ပြိုင်မှု တို့ကြောင့် အမှောင်ထဲမှ ထွက်လာပြီး လူသားတွေနဲ့ စစ်ပွဲ စတင် ဆင်နွှဲလာပါတယ်။ ဆယ်စုနှစ်ခန့်ကြာသော စစ်ပွဲကြီး အပြီးတွင် လူသားအပါအဝင် မျိုးနွယ်စုတွေဟာ...