"မလုပ်ပါနဲ့ ကျေးဇူးပြုပြီး တောင်းပန်ပါတယ်”
"အသက်ချမ်းသာပေးပါ Aki သတိထားပါအုန်း Aki Aki Aki”
"အားးးးးးး”
အိမ်မက်ပဲ တော်သေးတာပေါ့ ဒီအိမ်မက်တွေက သူမကိုခြောက်လှန့်နေတာ ကြာပြီ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်က ဖြစ်ရပ်တွေက အခုထိ သူမ ခေါင်းထဲမှာ မနေ့က အတိုင်းပဲ အကုန်မှတ်မိနေတယ် အာ့ည သူထိန်းချုပ်မှု လွတ်သွားတဲ့ည သူ့အတွင်းက မကောင်းဆိုးဝါးလွတ်သွားတဲ့ည သူ့လက်မှာ သွေးတွေ အများကြီး စွန်းထင်းခဲ့တဲ့ည အာ့ည ပြီးကတည်းက သူထွက်လာတာ လူတွေ သက်ရှိတွေ အကုန်လုံးဝေးတဲ့ ဒီကျွန်းလေးပေါ်မှာ ပဲ သူနေထိုင်လာခဲ့တာ
သူမရဲ့ နေ့ရက်တွေက ပုံမှန်ပါပဲ စားတယ် အိပ်တယ် အိပ်တာက သူမအတွက် သိပ်မလိုအပ်ပေမယ့်ပေါ့ တကယ်ဆို အိပ်တယ်ဆိုတာ တကယ်ကောင်းတယ် စိတ်က အေးချမ်းတယ် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ရတဲ့ အရသာက အကောင်းဆုံးပဲ သူမတို့ အမျိုးက အမှန်ဆို မအိပ်တောင်ရပါတယ် သူမတို့ရဲ့ အဓိက စွမ်းအင်က အိပ်စက်ခြင်းက လာတာ မဟုတ်ဘူးလေ အိပ်လို့မရဘူးလို့မဟုတ်ဘူးပေါ့ အိပ်ချင် အိပ်လို့ရပါတယ် ဒီတိုင်းဘာမှ မထူးဆန်းတာပါ ဒီလို လူမရှိပဲ တိတ်ဆိတ်နေတဲ့ကျွန်းမှာ အိပ်ရတာကတော့ နတ်ပြည်နဲ့တောင် မလဲနိုင်ဘူး
စွမ်းအင်အတွက်တော့ သူမ စားသောက်ရမှာပေါ့ စားတော့မစားဘူးပေါ့ သောက်ရမှာပေါ့
သူမရေခဲသေတ္တာထဲမှာ သောက်ဖို့ရှာရမယ် ကျစ် သွေးတောင် သိပ်မရှိတော့ဘူးပဲ ဒီနေ့တော့ အမဲလိုက်ရအုန်းမှာပေါ့
ဒီလိုကျွန်းမှာ ရေခဲသေတ္တာ ဘယ်လိုရှိတယ်ထင်တယ် ကျွန်းက လူသာမရှိတာ လျှစ်စစ်တော့ ကိုယ့်ဘာသာဖန်တီးလို့ရပါတယ် လူသားတွေက လျှစ်စစ်ထုတ်လို့ရတဲ့ နည်းတွေ အများကြီး ရှာတွေ့ထားတာ သူမတို့လို အားအင်နဲ့ ဒီလောက်က အသာလေးပါ
ထားပါတော့ သူမ ကျန်တဲ့ သွေးအိတ်ကို ပိုက်ထည့်ပြီးတော့ သောက်လိုက်တယ် ဒီနေ့တော့အမဲလိုက်ဖို့ပြင်ဆင်ရမယ်
Wowwww ဒီနေ့ ရာသီဥတုက တကယ်ကောင်းတာပဲ နေရောင်လဲကောင်းကောင်းရှိတာပဲ သူမက vampire မလို့ နေရောင်မခံနိုင်ဘူး မထင်ပါနဲ့ အာ့တာ ပုံပြင်တွေပါ vampire တွေလည်း နေရောင်ခံနိုင်ပါတယ် ခံနိုင်အားက လူသားတွေထက် နည်းတာပဲ ရှိတာပါ ဒီကျွန်းက နေရောင်ခြည်က မခံနိုင်အောင် မပြင်းပါဘူး
သူမက သွေးကို တစ်ကောင်တည်းဆီက အကုန်မယူဘူး သူတို့အသက်ရှင်နိုင်လောက်တဲ့ ပမာဏ တော့ ထ ခဲ့ပါတယ် vampire တိုင်း မကောင်းဆိုးဝါးမဟုတ်ပါဘူး ပြီးတော့ ဘယ်သူမှ လည်း လည်ပင်းလိုက်ကိုက်မနေဘူး ရွံစရာကြီး
ဒီလောက်တိုးတက်နေတာ ဆေးထိုးအပ်လေးနဲ့ အိတ်ကလေးနဲ့ရှိရင် သန့်သန့်ရှင်းရှင်း သောက်လို့ရပြီကို
တောထဲစဝင်တာနဲ့ရပါပြီ သွေးနံ့ ဒီနားက လူတွေက ဒီကျွန်းကို နဂိုက အမဲလာလိုက်ကြတယ် သူတို့က မလိုအပ်ပဲ သူတစ်ပါး အသက်ကို အပျော်လာသတ်ကြတာတွေ ငါဒီလောက်ခြောက်နေတာတောင် တစ်ချို့က ခိုးပြီးလာလိုက်သေးတယ် တစ်ချို့က ကြောက်ပေမယ့် တစ်ချို့က တကယ် ဘယ်လိုလုပ်လုပ်မကြောက်ဘူး ခုလဲ သွေးနံ့ အရတော့ ယုန်တစ်ကောင်ထင်တယ်
သူမတောထဲရောက်တော့ ထင်တဲ့အတိုင်းပဲ ကျော့ကွင်းမှာ မိနေတဲ့ ယုန်လေး သူ့ခြေထောက်တစ်ခုလုံးသွေးတွေရဲနေတာပဲ လူသားတွေက သူများကိုသာ မကောင်းဆိုးဝါးတဲ့ တကယ်တော့ သူတို့သာ တကယ့် မကောင်းဆိုးဝါး ဒီမုဆိုးတွေ့ရင် နောက်မလာရဲအောင် ခြောက်ရမယ် တကယ်ပဲ ငါလူတွေကို မခြောက်ချင်ပါဘူးဆို လူသားအစုတ်တွေ
"Hayyy bunny ဖြည်းဖြည်း ငြိမ်ငြိမ်လေးနေ ငါကူပေးမယ်နော် တကယ်ကို အများကြီးထိထားတာပဲ ငြိမ်ငြိမ်လေးနေနော်”
သူမ ယုန်ကို မပြီး ခြေထောက်ကိုလျှာနဲ့ လျတ်ပေးလိုက်တယ် vampire တွေက လိုအပ်ရင် ဆေးတောင် ကုပေးလို့ရတယ် အာ့ကို လူသားတွေက အကောင်းမပြောချင်ဘူး
ယုန်လေးက အားတောင် သိပ်မရှိတော့တဲ့ပုံပဲ မင်းသွေးတော့ ငါမယူတော့ပါဘူး သွားတော့
သူမသွေးတွေဆတ်စုနေတာ နေ့လည်တောင် ရောက်တော့မယ် ဒီတစ်ကောင်ပြီးရင် အိမ်ပြန်နားရမယ်
သူမတွေးနေတုန်းမှာ ရုတ်တရတ် အနောက်က တစ်ခုခု သူ့အပေါ်ပိလာတယ်
"Yahh ဘာလဲ
Yahh ခင်ဗျားဘယ်သူလဲ ခင်ဗျား…”
ဘာလဲ လူသားလား လူသားက ဒီကိုဘာလာလုပ်တာလဲ ပြီးတော့ ဘာလဲ လက်ထိပ်လား ဘာလဲ ဘာလဲ ဘာလဲ
သူမ လှည့်ကြည့်လိုက်တော့ ရုတ်တရတ် အကုန်လုံးက ရပ်တန့်သွားသလိုပဲ ဘယ်လိုတောင်လှရတာလဲ လူသားတွေက အာ့လောက်လှတဲ့လူရှိတာလား စူးရှတဲ့ မျတ်လုံး ချွတ်ထက်တဲ့ နှာတံ ဖြူလှတဲ့ အသားအရေကို ဆံပင် အနက်တွေက အားဖြည့်ပေးနေသလိုပဲ ပြီးတော့ အနံ့ ထူးခြားတဲ့ အနံ့သူမ တစ်ခါမှ မရဖူးတဲ့ အနံ့ချိုမြိန်တဲ့အနံ သူမရဲ့သွေးတွေက ဘယ်လို အရသာလဲ အရသာရှိမှာလား ခဏ ငါအရသာရှိတယ်လို့ စဉ်းစားလိုက်တာလား ငါဘာဖြစ်တာလဲ ဘယ်တုန်းက မှ ငါအာ့လိုမပြောဖူးဘူး သူမက ဘာလဲ ငါ့ကိုယ်ထဲက မကောင်းဆိုးဝါးက နိုးထလာတာလား
"မင်းနာမည် Aki လား”
WTF အသံက အစ ထူးခြားလိုက်တာ အမိန့်ဆန်ပေမယ့် နားထောင်လို့ကောင်းတယ် ငါ့နာမည်တောင် တော်တော်နားထောင်လို့ကောင်းနေတယ် ဒီအမျိုးသမီးက ဘယ်သူလဲ အဓိက သူ့ရဲ့ Aura
သူ့ဘေးက လေထုကတောင် အေးစက်နေသလိုမျိုးပဲ သူ့ဆီက စွမ်းအားတွေ ထုတ်နေသလိုပဲ ကြည့်လိုက်တာနဲ့ အလိုလို နာခံချင်စိတ်တွေ ဖြစ်စေတာ သူမက ဘယ်သူလဲ
“ဒီမှာ
လွှတ်ပေးလို့ ပြောနေတယ်မလား”
“ပါးစပ်ပိတ်ထား ကလေးစုတ် အော်မနေနဲ့ ငါမေးတာဖြေ နာမည်က Aki မလား “
“အာ့ဒီတော့”
“”ကောင်းပြီ Aki , Elders တွေရဲ့ အမိန့် ရေ ငါ Hunter က မင်းကို မြို့ထဲ ကို ပြန်ခေါ်ဖို့ပဲ
"မြို့ထဲကို ဘာလို့လဲ ငါဒီမှာနေတာ ကြာလာပြီ ခုမှ ဘာလို့လဲ"
“ဘာလို့လဲဆို ဥပဒေတွေ ပြောင်းသွားလို့ပဲ ဘယ်သူမှ သက်ဆိုင်ရာ Organization မှာ register မလုပ်ဘဲ လျှောက်သွားနေလို့ မရဘူး”
WTF ဘာတွေလဲ ငါမြို့ထဲ ပြန်သွားရမှာလဲ တကယ်ပဲ အဘိုးကြီးတွေက ငြိမ်ငြိမ်မနေဘူး လျှောက် ပြောင်းလဲနေပြန်ပြီ
“ဟုတ်ပါပြီ အာ့ဆိုလည်း ချုပ်ထားတာလေး ဖြေပေးအုန်းလေ”
“ငါဖြေပေးရင် မင်းက ထွက်မပြေးဘူးလို့ အာမခံ နိုင်လား”
“အင်းးး”
“ငါ Vampire တွေရဲ့ စကားကို နားမထောင်တတ်ဘူး”
“ဘာာ ဘယ်လို သိတာလဲ “
“ငါ Hunter တစ်ယောက်ပါ ဒီလောက်တော့ သိပါတယ် မင်းရဲ့ သွေးကိုင်တဲ့ ပုံတွေ မင်းရဲ့ ဖြူလွန်းနေတဲ့ အသားတွေ ကလေးပဲရှိပါသေးတယ် မင်းက”
“ဘာ ကလေးဟုတ်လား ငါ ရဲ့ အသက်ကို အဘွားကြီးက သိလို့လား”
“ဘာာ အဘွားကြီးးး”
“အဟ လူသားတွေက သုတို့ကို အသက်ကြီးကြောင်းပြောရင် တကယ် မကြိုက်ဘူးပဲ “
“စကားများမနေနဲ့ သွားမယ်”
“အဘွားကြီးက မေ့တတ်လိုက်တာ ခင်ဗျားပဲ နောက်က ချုပ်ထားပြီတော့ ဘယ်လို ထ ရ မှာလဲ”
Hunter တစ်ယောက်ပဲ အာ့ကြောင့် သူ့ဘေးက လေထုက ပြောင်းလဲနေတာ အာ့ကြောင့်သူမက ပုံမှန်လူသားတွေနဲ့ မတူတာ
ငါဆိုတာကလည်း အာ့လို ပုံမှန်မဟုတ်တာတွေကို ကြိုက်တာ သူမက စိတ်တိုနေတာလဲ တစ်မျိုးကြည့်ကောင်းသားပဲ ဘယ်လိုတောင် ပြည့်စုံနေတဲ့လူသားလဲ
"အ”
သူမ ပေါင်နားက စပ်ခနဲ့ နာကြဉ်မှု ငုံကြည့်လိုက်တော့ ဟိုလူသားက ဆေးထိုးအပ်နဲ့
“ခင်ဗျား ဘာလုပ်တာလဲ ဒါလေးက ငါကို နာကျင်စေမယ်ထင်လို့လား “
“မင်းသိလား ခေတ်တွေကတိုးတက်နေပြီ ဘာတွေလည်း ဆိုတာစဉ်းစားနေ ခုတော့ အိပ်လိုက်အုန်း”
“ခင်ဗျား……”
ဘာတွေလဲ သူမ အိပ်ငိုက်လာတာလား vampireတွေကို အာ့လိုလုပ်လို့ရနေပြီလား ဘာတွေလဲ ဘာတွေ…
သူမရဲ့အရာရာက အမှောင်ကျသွားပြီ
YOU ARE READING
Just Need You(GXG)
Fantasyပုံပြင်ထဲတွင်သာ ရှိရတဲ့ ထင်တဲ့ သဘာဝလွန် မျိုးနွယ်တွေဟာ လူသားတွေရဲ့ တစ်ကိုယ်ကောင်းဆန်မှု၊ ယှဉ်ပြိုင်မှု တို့ကြောင့် အမှောင်ထဲမှ ထွက်လာပြီး လူသားတွေနဲ့ စစ်ပွဲ စတင် ဆင်နွှဲလာပါတယ်။ ဆယ်စုနှစ်ခန့်ကြာသော စစ်ပွဲကြီး အပြီးတွင် လူသားအပါအဝင် မျိုးနွယ်စုတွေဟာ...