Chapter 9 (Zawgyi)

13 1 0
                                    

လရောင်နဲ့ပဲ ထွန်းလင်းနေတဲ့ ည
တိတ်ဆိတ်နေတဲ့ လျှောက်လမ်း ပြီးတော့
သူ့အရှေ့က လူ မဟုတ်ဘူး သူ့အရှေ့က မကောင်းဆိုးဝါး
သူဒီကို ဘာလာလုပ်တာလဲ ဘာလိုချင်တာလဲ သူမ သိတာတော့ ဒီအချိန် ဒီလူကို သူမ မယှဉ်နိုင်​သေးဘူး
သူမ အရှေ့က လူဆီက စွမ်းအားကို ခံစားနေရတယ်
အများကြီး ကွာသေးတယ် ဒီအချိန်မှာ ကိုယ့်ဘက်က စ တိုက်ရင် သေတွင်းတူးတာပဲ

"မတွေ့တာကြာပြီနော် အရင်လိုပဲ ဘာမှ မပြောင်းသေးပါလား တူမလေး Aki"
တူမလေး အာ့အသံကြားတာနဲ့ သူမ အစွယ်တွေ ရှည်ထွက်လာသလိုပဲ
ဒီလူက သူမ ဦးလေးမဟုတ်ဘူး ဟုတ်ခဲ့ရင် ဟုတ်မယ်
အခုမဟုတ်ဘူး နောင်လည်း မဟုတ်ဘူး
"ဘာလိုချင်လို့လဲ Amell"
သူမ အသံက ပုံမှန်မဟုတ်တော့ဘူး သူမ သိတယ် ဒီလူအရှေ့က မြန်မြန်ထွက်သွားရမယ် မဟုတ်ရင် သူမ ထိန်းထားတဲ့ မကောင်းဆိုးဝါး လွတ်ထွက်သွားနိုင်တယ်
"Ahahahaha ဖြည်းဖြည်းပေါ့
ငါတို့က ရန်သူတွေမှ မဟုတ်တာ မိတ်ဆွေတွေလေ
ဟုတ်တယ်မလား"
"..."
"ငါက ဒီအတိုင်း...
ပြန်လာတဲ့ ကိုယ့်တူမလေးကို လာနှုတ်ဆတ်တာပါ
လိုတာရှိရင်ပြောနော် ဦးလေးရှိတယ်..."
အဲ့ဒီ အပြုံး
သူမ သေတောင် မမေ့နိုင်မယ့် အပြုံး
"Awwwww
Aha... ကျေးဇူးတင်ပါတယ်
ခုတော့ ဘာမှ လိုအပ်တာ မရှိသေးပါဘူး ခုလို လာနှုတ်ဆတ်တဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ်,
ဒါဆို ခွင့်ပြုပါဦး"
သူက သူမ အရှေ့ကနေ ဘေးကို ကပ်ပေးပြီး လမ်းဖယ်ပေးတယ်
တော်သေးတာပေါ့... အခု အခန်းကို အမြန် ပြန်ရမယ်
"Awwww ဒါနဲ့ Aki ​ငွေ​ရောင် ဆံပင် က မင်းနဲ့လိုက်သားပဲ"

သူမ အခန်းတောင် ဘယ်လို ပြန်ရောက်လာလဲ
မသိတော့ဘူး သူမ သိတာ သူမ တစ်ခုခု လုပ်ရမယ်
ဒီဒေါသတွေ တစ်နေရာရာ မှ ဖွင့်ထုတ်ရမယ်
သူမ သိတယ်
သူမ မျတ်လုံးတွေအ​ရောင်ပြောင်းနေလောက်ပြီ အစွယ်တွေလည်း သာမန် အရွယ်ထက် ပိုရှည်နေလောက်ပြီ
ဒီ ညတော့ အမဲ လိုက်ရမယ်... အမဲလိုက်မှ ဖြစ်မယ်...
................................................ ......
မျတ်လုံးကို စူးဝင်လာတဲ့ အလင်းရောင်
နားထဲဝင်လာတဲ့ ငှက် သံတွေ
သူမ ဘယ်ရောက်နေတာလဲ
ပတ်ဝန်းကျင်ကို ကြည့်တော့ တော တစ်ခုလိုပဲ
ပြီးတော့ သူမ တစ်ကိုယ်လုံးမှာ သွေးတွေ ရွှံတွေ နဲ့ ညစ်ပတ်နေတယ်
သူမ ဘောင်းဘီအောက်နားမှာ ရေတွေ စိုနေတယ် ထင်တယ် ဘယ်ရောက်နေတာလဲ ညက ဘာဖြစ်သွားတာလဲ
သူမ နောက်ဆုံးမှတ်မိတာတော့ ဟို လူကြီးနဲ့ တွေ့ပြီး
အခန်းပြန်ရောက်တယ် ပြီးတော့ မမှတ်မိတော့ဘူး
သူမ ခန္ဓာကိုယ်ထဲက ဟိုမကောင်းဆိုးဝါး လွတ်သွားတာလား တကယ်ပဲ...
သူမ ဘယ်သူကိုမှ မသတ်မိလောက်ဘူးထင်ပါတယ်
ပေနေတဲ့ သွေး​တွေက အနံ့အရတော့ လူသွေးမဟုတ်ဘူး
တော်သေးတာပေါ့... ကျောင်းက ဘယ်ဘက်မှာလဲ
သူမ ခြေဦးတည့်ရာ ကျောင်းရှိမယ့် ထင်တဲ့ ဘက်ကို လျှောက်လာလိုက်တယ် လမ်းမှာ စမ်းချောင်းတစ်ခုမှာ ရေချိုး သန့်စင်ခဲ့တယ်
သူများထက်ပိုတဲ့ အမြန် အနံ့ခံအား ကျေးဇူးနဲ့​တော့
နေတအားမမြင့်ခင်မှာ ကျောင်းတော့ ပြန်ရောက်လာပါတယ်
အခန်းဝ မှာ သေရော ဟိုအဘွားကြီး
သူက သူမကို ခေါင်းအစ ခြေအဆုံးတစ်ခေါက်ကြည့်တယ်
အဆူခံရအုန်းမယ် ထင်တယ်
ဒါပေမယ့်
အဘွားကြီးက ဘာမှ မပြောပဲ အခန်းတံခါးဝ က ဖယ်ပေးတယ်
သူမလည်း တံခါးဖွင့်မလို့လုပ်ပေမယ် သော့ပါမလာပြန်ဘူး
နောက်ဆုံးတော့ သူကပဲ သူ့ဆီက သော့နဲ့ တံခါးဖွင့်ပေးရတယ်
တကယ်ပဲ... ကိုယ့်အခန်းကို သူများ သော့နဲ့ဝင်ရတယ်လို့
ရှက်စရာကောင်းလိုက်တာ
What the..
အခန်းထဲမှာ ဘာဖြစ်ခဲ့တာလဲ ရှုပ်ပွ နေတာပဲ ပျတ်စီးနေတာဆို ပိုမှန်မယ် ထင်တယ်
အဘွားကြီးက​တော့ မျတ်မှောင်တစ်ချက်ကြုံပြီး
အခန်းအပြင်ပြန်ထွက်သွားတယ်
သူ ဘာဖြစ်နေတာလဲ ဒါပေမယ့် ကောင်းပါတယ် အနည်းဆုံးတော့ မနက်ခင်းကို ဆူပူမှုနဲ့ မ စ ရတော့ဘူးပေါ့
သူမ အဝတ်အစား လဲပြီး အပြင် ပြန်ထွက်တော့
ဟိုအဘွားကြီးက အပြင်မှာ ရပ်စောင့်နေတယ်.
"ဒီနေ့ အတန်းပြီးရင် Otto ခေါ်ထားတယ် ငါနဲ့ အတူသွားရမယ် "
"Immmmm"

ဒီနေ့ အတန်းက ပုံမှန်ပါပဲ
Otto က ဘာလို့ ခေါ်တာလဲ ဟိုမကောင်းဆိုးဝါး လာတာနဲ့ ဆိုင်နေမလား
သူမ အပြင်က ဟိုအဘွားကြီးကိုကြည့်တော့ ခံစားချက်မရှိတဲ့ မျတ်နှာနဲ့ ထိုင်နေတယ်
သေချာကြည့်မှ အဘွားကြီးပုံက အားမရှိသလိုပဲ နေမကောင်းဘူးလား ကောင်းကောင်းမအိပ်ထားဘူးလား
ဒီနေ့ကတော့ တကယ် ဘာတွေ သင်မှန်းတောင် မသိပဲ အတန်းပြီးသွားတယ်

အဘွားကြီးက အရှေ့ကနေ Otto အခန်းကို သွားနေတယ်
သူတို့နှစ်ယောက်ကြားထဲမှာ ဘာစကားမှ မပြောဖြစ်ဘူး
ဒီနေ့ သူမ ကိုယ်တိုင်ကိုက စကား အများကြီး မပြောချင်ဘူး

"ဒီနေ့ ငါခေါ်ရတာက Akagi မင်းကို mission အသစ်ပေးချင်လို့
မင်းလည်း သိတယ်မလား Shadow အဖွဲ့လေ
ငါနောက်ဆုံးရတဲ့ သတင်းအရ သူတို့ အဖွဲ့က အစည်းအဝေးတစ်ခု လုပ်မလို့တဲ့
အာ့ကို လာမယ့် သူတွေမှာ အဖွဲ့ရဲ့ အရေးပါတဲ့သူတွေ အများကြီးပါတယ်
အာ့ကြောင့် ငါက မင်းကို ဒီတစ်ခေါက် သူတို့ အစည်းအဝေးလုပ်မယ့်နေရာကို သွားစေချင်တယ်
အဲ့ဒီ အရေးကြီးတဲ့ သူတွေက ဘယ်သူတွေလဲ ဘာတွေလဲ ဆိုတာ ငါသိချင်တယ်
ဖမ်းခေါ်ဖို့ မလိုဘူး အရေးကြီးတာက... သူတို့ ဘာလဲ ဆိုတာ သိဖို့ပဲ
မရှင်းတာရှိလား"
"မရှိပါဘူး ဆရာ..."
"Awwww ဒါနဲ့ မေ့လို့ ဒီmission က မင်းတစ်ယောက်တည်းလုပ်ရမှာမဟုတ်ဘူး,
Aki ပါခေါ်သွား"
"ဒါပေမယ့် ဆရာ... သူက ခုမှ မြို့ထဲ ပြန်ရောက်တာ ပြီးတော့..."
"Aki မင်းလုပ်နိုင်တယ်မလား မြို့ထဲက မင်းအတွက် ပျင်းဖို့ ကောင်းတယ်မလား"
ဟင်... သူတို့ ဘာတွေ ပြောနေတာလဲ...
"Shadow ဆိုတာ ဘာလဲ"
"Akagi က ရှင်းပြပါလိမ့်မယ် ပြီးတော့ Tomo ပါခေါ်သွား မင်းသူငယ်ချင်းမလား
အာ့ပြောချင်လို့ပါ သွားလို့ရပြီ...

"Awwww ဒါနဲ့ Aki ကိုယ့်ကိုကိုယ် သေချာထိန်းချုပ်နိုင်အောင် ပိုလေ့ကျင့်သင့်တယ် ထင်တယ်"
သူသိနေတာလား ညက ဘာဖြစ်သွားလဲဆိုတာ Otto သိနေတာလား
Otto က အာ့ပဲပြောပြီး သူ့ရှေ့က စာရွက်တွေကိုပဲ ကြည့်နေတယ် ဟိုအဘွားကြီးက အခန်းပြင်တောင် ရောက်နေပြီ
...........................................................
Otto ဆီက ပြန်လာတော့ အဘွားကြီး မျတ်နှာ မကောင်းဘူး
သူ ဘာဖြစ်နေတာလဲ သူမနဲ့ အတူတူ သွားရမှာ
မကြိုက်လို့လား Shadow ဆိုတဲ့ ဟာကြောင့်လား
"Akagi... Shadow ဆိုတာ ဘာလဲ"
သူက သူမကို လှည့်ကြည့်တယ် သူ့မျတ်နှာက ဒီနေ့ တစ်နေ့လုံး အသက် မရှိသလိုပဲ ဘာဖြစ်နေတာလဲ
"Tomo ကို အရင်သွားပြောရအောင် ပြီးမှ
လိုတာတွေ ပြောကြတာပေါ့"
သူမ မေးခွန်းကို အာ့ပဲ ဖြေပြီး အရှေ့က ဆက်လျှောက်သွားတယ်
ဒီလူသားကတော့လေ တကယ်ကိုပဲ......
#tbc

Just Need You(GXG)Where stories live. Discover now