Chapter 7(Zawgyi)

19 2 0
                                    

"အာ့တော့ နင်ပြောချင်တာက အာ့လူသားက တအားထူးဆန်းနေတယ်ပေါ့
သူက နင့်ကို ဆာလောင်မှူ ဖြစ်စေတယ်ပေါ့"
"Immm ဟုတ်တယ် တကယ်ကြီး ထူးဆန်းတာ"
"သူ့နာမည်က..."
"Mei... Akagi Mei"
Tomo က သူ့ကို တကယ်ကြီးလား ဆိုတဲ့ ပုံစံနဲ့ လှည့်ကြည့်လာတယ်
"နင်တစ်ကယ် မမှတ်မိဘူးလား"

ဘာကိုလဲ Tomo က ဘာကိုပြောချင်တာလဲ
ငါက ဘာကို မှတ်မိရမှာလဲ
"Akagi လေ
နာမည်ကြီး Hunter မိသားစု Akagi လေ
ကျွန်းပေါ်မှာ ခဏ သွားနေပြီး အတိတ်မေ့သွားတာလား"
What!!!!!

"နင်ပြောချင်တာ သူက Akagi မျိုးနွယ်လား...
မဖြစ်နိုင်တာ War ကြီး ပြီးကတည်းက Hunter တွေက ပျောက်ကုန်တာ မဟုတ်ဘူးလား"
တကယ်ကြီး မဖြစ်နိုင်တာ...

ဟိုတုန်းက ယုံကြည်ကြတာက လနတ်သမီးက vampire နဲ့ werewolf ကို ဖန်တီးခဲ့တယ်
အာ့ကြောင့် ဒီမျိုးနွယ်တွေက ညအချိန်မှာ ပိုသန်မာကြတယ် ဒါပေမယ့် သူတို့က လူတွေကို ဒုက္ခပေးလာတဲ့ အခါ
နေနတ်သားက လူသားမျိုးနွယ်တစ်ခုကို ဖန်တီးခဲ့တယ်
ညသားကောင်တွေကို နှိမ်နင်းဖို့ပေါ့
အာ့တာက ပုံပြင်တွေလို့လဲ ပြောကြတယ် တစ်ချို့က တကယ်လို့လဲ ပြောကြတယ်

တကယ်တော့ ဘယ်လို ဖြစ်တည်လာတယ် ဆိုတာ ဘယ်သူမှ မသိကြဘူး
မှန်တာတစ်ခုကတော့
အာ့လူတွေက သာမန်လူတွေထက် ပိုသန်မာတယ် ပိုရဲရင့်တယ် ပိုလည်းတော်တယ်
သူတို့ကို Akagi မျိုးနွယ်လို့ ခေါ်ကြတယ်
Akagi မျိုးနွယ်တွေက တခြားလူတွေကိုလည်း သူတို့လိုဖြစ်အောင် လေ့ကျင့်ပေးခဲ့တယ်
Hunter တွေ ဖြစ်လာအောင်ပေါ့

War ကြီးပြီးတော့ ငြိမ်းချမ်းရေးယူပြီးတော့ Hunter တွေလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားတယ်
"အာ့ဒါဆို သူက..."
"ဟုတ်တယ် Akagi မျိုးနွယ်အစစ်ပဲ
သနားစရာက သူ့မိဘတွေက သူငယ်ငယ်လေးမှာပဲ အသက်ခံလိုက်ရတယ်
အာ့ကတည်းက Otto က သူ့ကို ကျောင်းခေါ်လာခဲ့တာ အာ့တော့ သူက တခြားHunter တွေနောက်
မလိုက်သွားဖြစ်ဘူး
နင် သူ့ကို ထူးခြားတယ် ထင်နေတာက သူက Akagi မလို့ပဲ Hunter မလို့ပဲ"

"မဟုတ်သေးဘူး အာ့လိုဆိုရင်တောင် ငါငယ်ငယ်က Akagi တွေနဲ့ တွေ့ဖူးတာပဲ အာ့လို မခံစားရပါဘူး"
"ဒါဆိုရင်တော့ အဖြေက တစ်ခုပဲရှိတော့တယ်..."
Tomo ရဲ့ အပြုံး အာ့အပြုံးကို ငါသိတယ်
လူယုတ်မာ အပြုံးနဲ့
တကယ်လည်း သူက ငါမထင်ထားတဲ့ စကားကိုပြောခဲ့တယ်
"သူ့သွေးကို နင် သောက်ကြည့်ရမယ်"
"...."
....................................................................
နေ့တစ်နေ့ပြီးဆုံးသွားပြန်ပြီ
နေ့တစ်နေ့ရဲ့ အစ အနေနဲ့ ငှက်ကလေးတွေ နိုးထ လာကြပြီ
မနေ့က သူမအိပ်ဖြစ်ဘူး
Tomo ပြန်သွားပြီး​တော့ သူစဉ်းစားလာခဲ့တာ
သူတကယ် Mei ရဲ့ သွေးကို သောက်ကြည့်ရမှာလား
အာ့လိုဆို သူဘာလို့ ဒီလို ခံစားနေရလဲ ဆိုတဲ့ အဖြေရမှာလား
ဒါပေမယ့် ခက်တာက mei ကို သာမန်လူလို သူသွားသောက်လို့မရဘူး
Hunter ကြီးလေ
သူ့သွေးသောက်ဖို့ နေနေသာသာ သူ့အနားတောင် ဘယ်လိုရောက်အောင် သွားမလဲ
ပြီးတော့ အခုက ဆန္ဒမပါပဲ အတင်းသောက်ရင် ပြစ်မှူမြောက်တယ် မနေ့အတန်းမှာ သူသင်ခဲ့ရတယ်
အာ့တာက rape လုပ်တာနဲ့ အတူတူပဲလေ
အာ့လူသားက သေချာတယ် ငါ့ကို ဘယ်တော့မှ အသာတကြည် တိုက်မှာ မဟုတ်ဘူး
ငါဘာလုပ်ရမလဲ...

Just Need You(GXG)Where stories live. Discover now