Chapter 11 (Unicode)

40 2 0
                                    

"အာ့တော့ shadow ဆိုတာ ဘာလဲ"

သူတို့ အခု ရောက်နေတာကတော့ သူကတော့ စားသောက်တန်းလို့ ခေါ်ပြီး ဟိုနှစ်ယောက်က ကန်တင်းလို့ ခေါ်တဲ့‌နေရာပါ အတိအကျဆို အာ့နေရာက စားပွဲဝိုင်းတစ်ခုမှာပေါ့။
ဟို လူသားအဘွားကြီးပေါက်စ ကတော့ အဘွားကြီးအစားအစာ ဆန်ပြုတ်သောက်နေပါတယ်။ သူ့ရဲ့ ဘယ်လောက်စားစား မ ဝ တဲ့ သူငယ်ချင်းကတော့ ခေါက်ဆွဲလိုမျိုးဟာ တစ်ခု စားနေပါတယ်။ သူကတော့ ပုံမှန်အတိုင်း သွေးအိတ်လေး ပိုက်တပ်သောက်နေတာပေါ့

"Shadow ဆိုတာ အလွယ်ပြောရင်တော့ မျိုးနွယ်စုတွေ ရဲ့ ငြိမ်းချမ်းရေး စာချုပ်ကို လက်မခံတဲ့ သူတွေပေါ့" Tomo ကပဲ သူ့မေးခွန်းကို အရင် ‌ဖြေလာပါတယ်

"အတိအကျဆို လူသားတွေဟာ ကမ္ဘာကြီးကို ချုပ်ကိုင်ခဲ့ပြီးတော့ အခုလိုမျှ‌ဝေနေရတာ မကြိုက်တဲ့ လူသားတွေပေါ့။
သိချင်ရင် စာကြည့်တိုက်က သမိုင်း စာအုပ်တွေမှာ သွားရှာကြည့်လို့ရတယ်။

အာ့အဖွဲ့က ရင်းမြစ်ရှာရခက်ပြီး အုပ်စုတွေ အများကြီး ခွဲနေတာ ဒါပေမယ့် တစ်ခါတစ်လေ အရေးကြီးတဲ့ သူတွေချင်းပဲ အစည်းအဝေးလုပ်‌လေ့ရှိတယ်ကြားတယ်။ အခု သွားမှာက အာ့ အစည်းအဝေးကို တက်မယ့် သူတွေကို သိဖို့ပဲ ပြီးမှ သူတို့မှ တစ်ဆင့် အုပ်စုသေးသေးလေးတွေ အကုန်ရှင်းပစ် ဖို့ စဉ်းစားထားတာ

မနက်ဖြန် မနက်စောစော မြို့က ထွက်မယ်
Aki အခန်းမှာပဲနေ လာခေါ်မယ် မလိုအပ်တာ မယူနဲ့ ပေါ့ပေါ့ပါးပါးပဲ သွားမယ်

အရေးကြီးဆုံးက ပြသာနာ မရှာနဲ့

ဒါပဲ မနက်ဖြန်တွေ့မယ်"

Hummmmm
‌ပြောရင်း ဆိုရင်းနဲ့ သူကသွားပြီ အမိန့်ပေးသွားတာလား ပြောပုံ ဆိုပုံက သူဘာဖြစ်နေတာလဲ။
မသိလို့ မေးတာကို အာ့လို တရစပ် ပြောပြီး ထသွားစရာလား။
သူမ သူ့ သူငယ်ချင်းကို ကြည့်လိုက်တော့ Tomo ကလည်း ဘာလဲဟ တစ်ကယ်ကြီးလား ဆိုတဲ့ ပုံစံမျိုးနဲ့ သူ့ကို ကြည့်နေတယ်။

"ကြမ်းလှချည်လား သူက နင့်ကို အာ့လိုမျိုး‌ပြောသွားရဲတာလား နင်ဘယ်သူလဲ မသိလို့လား မဖြစ်တော့ဘူး တစ်ချက်လောက် ကိုက်ပြလိုက်ပါလား aki"
Tomo က နောက်သလိုလို အတည်လိုလိုနဲ့ သူ့ကို ပြောလာတယ်

Just Need You(GXG)Where stories live. Discover now