Chapter 16 (Zawgyi)

28 2 0
                                    

သူမ၏ နားထဲတွင် ဖြတ်သန်းသွားသော လေသံများ ကြားနေရသည်။ ကောင်းကင်ပေါ်ရှိ နေမင်းကြီးသည်လည်း သူ၏ အပူဒဏ်ကို မညှာမတာ ထုတ်လွှတ်နေသည်။ ဒါပေမယ့် ဒီအပူဒဏ်ကို ယခုတော့ သူမ ဂရုမစိုက်နိုင်ပေ။ သူမ၏ ခြေထောက်တို့သည်လည်း မြေပြင်နှင့် ထိသည်ဆိုရုံသာ။ သူမသည် အလာအတိုင်းပင် ဝတ်ဆင်ထားသော်လည်း မတူသည်မှာ နှေးကွေးလှတဲ့ စက်ပစ္စည်းထက် သူမ ခြေထောက်များကိုသာ အသုံးပြုနေခြင်းဖြစ်သည်။

သူမ၏ ဉီးထုပ်အတွင်းတွင် Tomo ပို့လိုက်သော မြေပုံကဲ့သို့သောအရာကို မြင်နေရသည်။ ယခင်က phone gps ပုံစံကဲ့သို့ပင်။ သို့သော်ဒီဟာက ဖောက်မြင်နိုင်သည့်အတွက် အပြင်ကိုလည်း မြင်ရသည်။ မြေပုံကိုလည်း မြင်ရသည်။ သူမ မျက်လုံးတို့သည် ယခုအချိန်တွင် သွေးရောင်ကဲ့သို့ နီရဲနေလေမည်။ သို့သော် သူမ ဦးထုပ်ကြောင့် အပြင်လူတွေတော့ မြင်နိုင်မှာ မဟုတ်ပေ။ သူမ ဖြတ်သွားသည်ကိုပင် သူတို့ မြင်နိုင်ချင်မှ မြင်လေမည်။

"Tomo ဘာကို ဒုက္ခရောက်တာလဲ။ ငါ့ကိုသွားနေတုန်း သေချာ ရှင်းပြပေး"

သူမ နားကို အနည်းငယ် ဖိ၍ သူ့သူငယ်ချင်းကို ဆက်သွယ်လိုက်သည်။

"ဒီနေ့ နေထွက်လာတော့ မှော်အစွမ်းတက်လာတာနဲ့ ငါ မြေအောက်ကို ပါ နည်းနည်း အာရုံခံလိုက်တာ ပုံမှန်မဟုတ်တာ သတိထားမိလို့။ ငါ ဘာဖြစ်လဲ သေချာ ကြည့်ချင်ပေမယ့် ငါ့အစွမ်းက သေချာ ခံစားလို့မရသလို မြေအောက်အကုန်ကိုလည်း ခံစားလို့ မရဘူး။ အာ့နဲ့ ငါ အမ ကိုဆက်သွယ်ပေမယ့် ဘာမှ အကြောင်းမပြန်ဘူး။ မြေအောက်စောင့်ကြည့်ရေးကို ဆက်သွယ်တော့ သူ ညကတည်းက မသင်္ကာတာ ရှိလို့ သွားကြည့်တယ်တဲ့။

အမ တစ်ခုခု ဖြစ်နေပြီ ထင်တယ် Aki။ ငါကိုယ်တိုင်သွားကြည့်ချင်ပေမယ့် ငါ့အစွမ်းက အများကြီးသုံးထားလို့ အားမရှိတော့ဘူး။ အာ့ကြောင့် နင့်ကိုပဲ ဆက်သွယ်လိုက်တာ။ မြန်မြန်သွားကြည့်စမ်းပါ အကောင်ရဲ့။"

"သွားနေတယ်ဟဲ့။"

Tomo ၏ စကားကြောင့် သူမလည်း နည်းနည်း ဘဝင်မကျသလို ခံစားမိသည်။ ဘာမှ မဖြစ်တာ ဖြစ်နိုင်ပေမယ့် အာ့အဘွားကြီးက ဘာလို့ ဆက်သွယ်တာကို ပြန်မထူးတာလဲ။

Just Need You(GXG)Where stories live. Discover now