" ရောက်ပြီ
ဒီနေရာက မင်း နေရမယ့် နေရာ”Aki သူမရောက်နေတဲ့ အခန်းကို ကြည့်လိုက်တော့
အခန်းက တော်တော်ကောင်းပါတယ်
အိပ်ယာရယ် အဝတ်ဗီရိုရယ်
ရေချိုးခန်း နဲ့ toilet ကလည်း အခန်းနဲ့တွဲလျတ်ပဲ
တအားမကျယ်ပေမယ့် သူမတစ်ယောက် ကောင်းကောင်းနေလို့ရပါတယ်"စားချင်ရင်… မှားလို့ သောက်ချင်ရင် အောက်မှာ သွားသောက် အောက်မှာ အကုန်ရှိတယ်
မင်းရဲ့ လုပ်ရမယ့် အချိန်ဇယားကို မနက်ဖြန်မှ ရုံးမှာ သွားထုတ်မယ် ”
ဒီအဘွားကြီးပေါက်စ ကလေ စကားပြောတာ အသံကိုက ပျော့ပျောင်းမှုမရှိတာ"ခင်ဗျားကြီး အခန်းကရော”
သူမ မေးလိုက်တော့ သူက မျတ်မှောင်ကျုတ်ပြီး သူမကို လှည့်ကြည့်တယ်
တစ်ခုခုကို စဉ်းစားနေသလိုမျိုး
အား ဒီလူသားကတော့ ဘာလို့ ဒီလောက်ကြည့်ကောင်းနေတာလဲ ရူးတော့မှာပဲတကယ်ပါ သူအသက်ရှင်နေတဲ့ ဆယ်စုနှစ်တွေ အများကြီးမှာ ဒီလူသားလောက် ကြည့်ကောင်းတဲ့သူ မတွေ့ဘူးသေးဘူး
"နေတာက မျိုးနွယ်မတူရင် အဆောင်တူတူ မနေဘူး
လူသားတွေက ဒီ compound ကြီးရဲ့ အရှေ့ဘက်က အဆောက်အအုံမှာနေတယ် ”
"ဒီနေရာက ဘယ်ဘက်မှာရှိတာလဲ”
"မြောက်ဘက်…
Vampire တွေက နေရောင် မခံနိုင်ဘူးမလား နေရောင် မရနိုင်တဲ့ဘက်မှာ ရှိတာ ဒီနေရာက”
"Awwww …”
ဒီလိုကြ သေချာတော့ ပြောပြပါတယ်
Mission လို့ သဘောထားပြီး သေချာ ပြောနေတာလဲ ဖြစ်နိူင်တယ်"Immmm…
ပြီးတော့ ဒီမှာ ဒါမင်းလိုချင်နေတဲ့ eardrop”
သူ က သူမ လက်ထဲကို အနက်ရောင် ပစ္စည်းလေး တစ်ခုကို လာပေးတယ်သူ အနံ့က နီးကပ်လာလေ ပိုပြီး ပြင်းထန်လာလေပဲ
သူ့အနံ့ တစ်ခုတည်းနဲ့ ငါ့အစွယ်တွေကို ထွက်လာစေသလိုပဲ
စိတ်ထိန်းစမ်း…"ဒါကို ကြိုက်တဲ့ဘက် ထည့်ထား
အမြဲ ထည့်ထားနော်
တတ်နိုင်သလောက် မထုတ်နဲ့ ထုတ်ရင်တောင် မင်းနဲ့ အနီးဆုံးမှာထား”
သူ ပြောတဲ့ အတိုင်း သူမ ညာဘက် နားထဲ ထည့်လိုက်တယ်"ဒါ ဘယ်လို သုံးရတာလဲ”
"ကျစ်…”
သူမ က စိတ်မရှည်တဲ့ပုံနဲ့ သူ့အနား ပိုကပ်လာတယ်
ဘာလဲ သူ အနံ့က ပိုပြင်းလာပြီ သူ့အသက်ရှူသံတောင် ကြားနေရသလိုပဲ
"ရပြီ…”
ဟမ်… သူ ဘာလုပ်လိုက်တာလဲ
ငါ့စိတ်ထဲကို တစ်ခုခု ဝင်လာသလိုပဲ
လမ်းကြောင်းတစ်ခုလိုမျိုး
YOU ARE READING
Just Need You(GXG)
Fantasyပုံပြင်ထဲတွင်သာ ရှိရတဲ့ ထင်တဲ့ သဘာဝလွန် မျိုးနွယ်တွေဟာ လူသားတွေရဲ့ တစ်ကိုယ်ကောင်းဆန်မှု၊ ယှဉ်ပြိုင်မှု တို့ကြောင့် အမှောင်ထဲမှ ထွက်လာပြီး လူသားတွေနဲ့ စစ်ပွဲ စတင် ဆင်နွှဲလာပါတယ်။ ဆယ်စုနှစ်ခန့်ကြာသော စစ်ပွဲကြီး အပြီးတွင် လူသားအပါအဝင် မျိုးနွယ်စုတွေဟာ...