မြင့်မားတဲ့ အဖြူရောင်တံတိုင်းကြီးတွေရဲ့ အလယ်မှာ တော်တော်လေးကို ကြီးမားသော ဂိတ်တံခါးကြီး တစ်ခု ရှိလေသည်။ ဂိတ်တံခါးကြီးကို ဖြတ်သန်း၍ အဖြူရောင်လမ်းတစ်ခုကို ကျော်လွန်ပြီးနောက် အဝေးတွင်ရှိသော အဆောက်အအုံကြီး၏ စက်ဝိုင်းခြမ်းပုံစံ ခေါင်းမိုးတစ်စွန်းတစ်စကို မြင်တွေ့ရလေသည်။ ထိုအဆောက်အအုံဆီသို့ အနက်ရောင် ဆိုင်ကယ်တစ်ခုဟာ အရှိန်ပြင်းစွာဖြင့် ဦးတည်ရွေ့လျားနေလေသည်။ ဆိုင်ကယ်ကို မောင်းနှင်သူသည် ယာဉ်နှင့်လိုက်ဖက်စွာ အနက်ရောင် ဦးထုပ်၊ အနက်ရောင် ဂျာကင် နှင့် အတူ အနက်ရောင် ဘောင်းဘီရှည်ကိုပါ ဝတ်ဆင်ထားလေသည်။ နေ အလင်းရောင်၏ အောက်တွင် အောက်မှ အဖြူရောင်လမ်းမ နှင့် အရောင်ဟပ်ကာ ထင်ရှားနေလေသည်။ထိုအရာသည် အဆောက်အအုံ၏ ဂိတ်ဝ ဆင်ဝင်အောက်တွင် ရပ်တန့်သွားသည်။ မောင်းနှင်သူသည် သူ၏ အနက်ရောင် ဦးထုပ်ကို ချွတ်လိုက်သော အခါ အဖြူရောင်ဆံသားတွေနှင့် သွေးမရှိသလို ဖြူဖွေးနေသောမျက်နှာ၊ ရှည်လျားသော လည်တိုင် နှင့် လိုက်ဖက်ကာ ပန်းနုရောင် နှုတ်ခမ်းသားတို့ဖြင့် မြင်မြင်သမျှသူတွေကို လည်ပြန်ပြန်ကြည့်ရအောင် ဆွဲဆောင်နေလေသည်။
Aki ဒီနေ့ အလုပ်ခန်းတွင် ဟိုလူသား အဘွားကြီးနှင့် ရန်ဖြစ်မလို ဖြစ်ပြီးတော့ အပေါ်တက် အဝတ်အစား လဲနေချိန်တွင် ထို လူသားက သူ၏ ကားကို ယူကာ ထွက်သွားလေသည်။ Tomo ကသာ သူမကို သွားရမည့် နေရာ၊ ဘယ်လိုသွားရမလဲ ပြောပြပေးရှာသည်။ Tomo သည် မှော်ဆရာမဆိုတော့ ဘယ်က ပေါ်လာမှန်းမသိသော ရှေးဟောင်းသဏ်ဉာန် တံမြတ်စည်းတံကို စီးကာ ထွက်သွားလေသည်။ အာ့တော့ သူမလည်း ဂိုဒေါင်ထဲမှာ တွေ့သော ဒီဆိုင်ကယ်ကိုသာ ယူလာခဲ့လေသည်။ ဆိုင်ကယ်နှင့် အတူ တွေ့သော ဦးထုပ်၊ လက်အိတ်၊ ဂျာကင်တို့ကိုပါ အတူ ယူလာခဲ့လေသည်။
အချိန်သည် ညနေစောင်းဆိုသော်လည်း နေရောင်ခြည်သည် ပြင်းထန်နေသေးသည်။ တော်သေးသည် ဒီဂျာကင်နှင့် ဦးထုပ်က အတော်အသင့် ကာကွယ်ပေးနိုင်လေသည်။ ဒီအဆောက်အအုံကြီးသည် ဂိတ်ဝနှင့် အတော် အလှမ်းဝေးစွာ တည်ဆောက်ထားလေသည်။ လမ်းမကြီးနှင့်ဆို ပိုတောင်ကွာဝေးသေးသည်။ လမ်းမရောက်ဖို့ အနည်းဆုံး ဆိုင်ကယ်နှင့်ဆိုရင်တောင် နာရီဝက်၊ ၄၅ မိနစ်လောက်သွားရလေသည်။
YOU ARE READING
Just Need You(GXG)
Fantasyပုံပြင်ထဲတွင်သာ ရှိရတဲ့ ထင်တဲ့ သဘာဝလွန် မျိုးနွယ်တွေဟာ လူသားတွေရဲ့ တစ်ကိုယ်ကောင်းဆန်မှု၊ ယှဉ်ပြိုင်မှု တို့ကြောင့် အမှောင်ထဲမှ ထွက်လာပြီး လူသားတွေနဲ့ စစ်ပွဲ စတင် ဆင်နွှဲလာပါတယ်။ ဆယ်စုနှစ်ခန့်ကြာသော စစ်ပွဲကြီး အပြီးတွင် လူသားအပါအဝင် မျိုးနွယ်စုတွေဟာ...